ကိုယ့်ကို အသေလိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့မယ်ဆိုရင် အောက်ပါအချက်လေးတွေနဲ့ ချိန်ထိုးပြီး ညှိနှိုင်းစဉ်းစားဖို့ လိုအပ်လာပါလိမ့်မယ်။

"ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက်" ဆိုတဲ့စကားက ယနေ့တိုင် မှန်ကန်နေဆဲပါ။ ဘယ်လောက်ပဲ ကျား/မ သာတူညီမျှမှု ရှိတယ်ပဲပြောပြော ခန္ဓာကိုယ်တည်ဆောက်ပုံအရကော၊ လူမှုပတ်ဝန်းကျင်ရဲ့ အမြင်အရပါ ရည်းစားများတဲ့ မိန်းကလေးတွေဟာ လူမှုရေးအရ အတိုင်းအတာတစ်ခုထိ နစ်နာမှုရှိနေဆဲပါ။

ဒါကြောင့် ရည်းစားမထားခင် သေချာစဉ်းစားဖို့ရာ လိုအပ်လာတာလည်း အမှန်ပါ။ ကိုယ့်ကို အသေလိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့မယ်ဆိုရင် အောက်ပါအချက်လေးတွေနဲ့ ချိန်ထိုးပြီး ညှိနှိုင်းစဉ်းစားဖို့ လိုအပ်လာပါလိမ့်မယ်။

၁။ ရည်းစားဟောင်း

landscape-1461149102-couple-drinking-in-bar.jpg 

လူတစ်ယောက်ကို တွဲမယ်လို့ ရည်ရွယ်ပြီး စဉ်းစားတော့မယ်ဆိုရင် သူ့မှာ ရည်းစားဟောင်းရှိမရှိ အရင်စုံစမ်းရမှာပါ။ တကယ်လို့ ရှိခဲ့တယ်ဆိုရင် သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှု ရှိနေသေးလဲဆိုတာကို သိဖို့ လိုအပ်ပါလိမ့်မယ်နော်။ ဘာပဲဖြစ်ဖြစ် ကိုယ်က မိန်းကလေးဆိုတော့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိုယ်ပဲ နစ်နာရမှာပါ။ တော်ကြာနေ တွဲနေရင်း အရှုပ်ထုပ်တွေ ပေါ်လာပြီး ဘောင်ချာတွေ အဆုတ်ခံရမှ ကိုယ်ပါ "ကြက်သွန်နဲ့ပေါင်းလို့ ရောအထောင်းခံတဲ့ ငရုပ်" ဘဝရောက်ပြီး စနိုက်ကြော် တံဆိပ် အကပ်ခံရပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပတ်သက်မယ့်လူမှာ ဇယားရှင်းမရှင်း သိရဖို့က ဒီအချိန်မှှာ အဓိကဦးစားပေးအချက်ပါပဲ။

၂။ သူ့ရဲ့နေ့စဉ်အလုပ်ချိန်

Nov15_How to negotiate flexible working hours_1290x432.jpg 

ကိုယ့်ရဲ့အလုပ်ချိန်က မနက် (၉) နာရီကနေ ညနေ (၅) နာရီဖြစ်နေပြီး သူ့ရဲ့အလုပ်ချိန်က ည (၅) နာရီကနေ မနက် (၉) နာရီဖြစ်နေရင် တချို့နေရာလေးတွေမှာ အဆင်မပြေ ဖြစ်လာပါလိမ့်မယ်။ ဘာပဲ ပြောပြော ရည်းစားထားတယ်ဆိုတာ အနည်းဆုံးတော့ စိတ်ပင်ပန်းနေချိန်မှာ မှီတွယ်ရာ ပုခုံးလေးတစ်စုံလောက်တော့ လိုချင်မှာပါပဲ။

ကိုယ် အလုပ်လုပ်နေချိန်မှာ သူက အားနေပြီး ကိုယ်အားနေလို့ သူ့ကို လိုအပ်နေချိန်မှာ သူက အလုပ်များနေမယ်ဆိုရင် ကြာလာတာနဲ့အမျှ ပဋိပက္ခလေးတွေ ဖြစ်လာရပါလိမ့်မယ်။ ဒါမျိုးက တော်တော်ညှိယူနိုင်ပြီး နားလည်မှုပေးနိုင်မှ အဆင်ပြေမှာပါ။

၃။ သဘောထားချင်း တိုက်ဆိုင်မှု

travel-couple-s.jpg 

နှစ်ဦးကြားက ပတ်သက်မှု နောက်ထပ် အဆင့်တစ်ဆင့်ကိုမတက်ခင် သိထားသင့်တဲ့အချက်တစ်ခုကတော့ ကိုယ့်အတွက်အရေးပါတဲ့ အရာလေးတွေကို သူဘယ်လို သဘောထားလဲဆိုတာပါပဲ။ ဥပမာ... ကိုယ်က ကိုရီးယားကား ကြိုက်တတ်တယ်။ ပူပူစပ်စပ် အစားအစာတွေကို ကြိုက်တယ်။ ရုပ်ရှင်ကြည့်ရင် ရှေ့နားကပဲ ကြည့်တတ်တယ်။ စိတ်ရှုပ်နေရင် အရစ်သန်တတ်တယ် စသဖြင့်ပေါ့။ ဒီလို အသေးအဖွဲ အကျင့်စရိုက်လေးတွေကို သူ့ဘက်က ကြည်ဖြူနိုင်လဲဆိုတာကို ကြိုသိထားမှ အဆင်ပြေနိုင်မှာပါ။ တွဲပြီးမှ အကျင့်စရိုက်တွေကအစ လိုက်ညှိယူနေရရင် မလိုအပ်ဘဲ စိတ်မော၊ စိတ်ရှုပ်ရမှာပါ။

see also 

၄။ ချုပ်ခြယ်တတ်လား

couple-walking-together.jpg 

ကိုယ်က အပေါင်းအသင်းမင်ပြီး သူက ချုပ်ချယ်တတ်သူ၊ သဝန်အရမ်းတိုတတ်သူ ဖြစ်နေရင် ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ "သဝန်တိုမှု မပါတဲ့ အချစ်သည်မရှိ" ဆိုပေမယ့်လည်း နေရာတကာ လိုက်သဝန်တိုလွန်းရင်၊ ချုပ်ချယ်လွန်းရင် စိတ်ရှုပ်ရသလို အပေါင်းအသင်း မိတ်ဆွေတွေကြားမှာလည်း မျက်နှာပျက်ရမှာပါ။ ဒါကြောင့် မတွဲခင်ကတည်းက ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။ တွဲပြီးမှ စိတ်ရှုပ်ရမှာထက်စာရင် မတွဲခင်ကတည်းက ကိုယ်ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အရာတွေကို ပေါ်တင်ပြောပြပြီး ညှိနှိုင်းလိုက်တာက ပိုအဆင်ပြေပါလိမ့်မယ်။

၅။ တခြားလူတွေကိုကော ဘယ်လိုဆက်ဆံလဲ

Relationship-Problems-5.jpg 

စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "လူတစ်ယောက်ရဲ့စိတ်ရင်းမှန်ကိုသိချင်ရင် သူနဲ့လယ်ဗယ်တူတွေကို ဘယ်လိုဆက်ဆံလဲ ဆိုတာကိုမကြည့်နဲ့။ သူ့အောက်ကလူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ပါ" တဲ့။ ကိုယ်တွဲမယ့်သူက အပေါ်ယံချိုသာသလိုနဲ့ အဆင့်အဆန်းခွဲခြားပြီး မောက်မာတတ်တဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် အိမ်နဲ့မိတ်ဆက်ပေးတဲ့အခါကျမှ မျက်နှာပျက်စရာတွေ ဖြစ်လာရင် မကောင်းပါဘူး။

နောက်တစ်ခုက မောက်မာတတ်တဲ့လူတွေက အပြင်မှာချိုသာသယောင်ရှိပေမယ့် အတွင်းစိတ်ထဲမှာတော့ ကိုယ့်ထက်နိမ့်ကျတဲ့ လူတွေကို နှိမ့်ချဆက်ဆံတတ်တဲ့စရိုက်ရှိပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ မာနခဲတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်နေရင် ကိုယ်သီးခံနိုင်မလား ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပြီးမှ ရှေ့ဆက်တိုးသင့်ပါတယ်။

Source: PowerOfPositivity

 

Share

Loading Next Article...
က္က