အကြောင်းကြောင်းကြောင့် တွေ့ကြ၊ ဆုံကြ၊ ချစ်ခဲ့ကြရင်တောင် တစ်ဘဝလုံးစာ လက်တွဲနိုင်ဖို့အတွက် လက်ထပ်ဖို့ဆိုတာ ပိုမိုခဲယဉ်းပါတယ်။

လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ဆုံနိုင်ဖို့ရာ ခဲယဉ်းသလိုပဲ။ လူနှစ်ယောက် ဖူးစာဆုံမိဖို့ဆိုတာ ခဲယဉ်းပါတယ်။ အကြောင်းကြောင်းကြောင့် တွေ့ကြ၊ ဆုံကြ၊ ချစ်ခဲ့ကြရင်တောင် တစ်ဘဝလုံးစာ လက်တွဲနိုင်ဖို့အတွက် လက်ထပ်ဖို့ဆိုတာ ပိုမိုခဲယဉ်းပါတယ်။

 

လက်ထပ်ခဲ့ကြပြီးရင်လည်း တစ်ဘဝလုံးစာ လက်တွဲသွားနိုင်တယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ ရှားပါးခဲယဉ်းလာပါတယ်နော်။ မိမိတည်ထောင်ပြီးတဲ့ အိမ်ထောင်ရေးလေး သာသာယာယာရှိစေဖို့နဲ့ တည်မြဲအောင်ထိန်းသိမ်းဖို့ ဇနီးကောင်းပီသဖို့လည်း လိုအပ်လာပါတယ်... ညယ်မလေးတို့ရေ။ ၂၁ ရာစု ဇနီးကောင်းတစ်ယောက်ရဲ့ ကြံအင်လက္ခဏာတွေကတော့...

၁။ သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ တွေ့ခွင့်ပြုလိုက်ပါ

bigstock-Group-Of-Happy-Young-Friends-T-48108971.jpg 

ညနေရုံးဆင်းချိန်တိုင်း သောက်စားပျော်ပါးနေတတ်တဲ့ ခင်ပွန်းမျိုးကို ဘယ်ဇနီးသည်မှ ကြည်ဖြူချင်မှာ မဟုတ်ပါဘူး။ အိမ်ထောင်သည်ရယ်လို့ ဖြစ်လာပြီဆိုရင် ရုံးဆင်းချိန်တိုင်းမှာ ကိုယ့်ယောကျ်ားနဲ့ အတူရှိချင်မှာလည်း အသေအချာပါ။ ဒါပေမယ့် လူတိုင်းမှာ private time (ကိုယ်ပိုင်ချိန်) ဆိုတာ လိုအပ်ပါတယ်။

အဲဒီထဲမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် (သို့) ဘီယာဆိုင်မှာ ဝေဖန်လေကန်ချိန်လေးတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ ဇနီးတစ်ယောက်ဖြစ်ဖို့အတွက် ယောကျ်ားတွေကို သူတို့ သူငယ်ချင်းတွေနဲ့ တစ်ခါတလေ သောက်ခွင့်ပြုလိုက်ပါ... မငြိမ်းမောင်။ ဒါပေမယ့် လစ်မစ်လေးတော့ သတ်မှတ်ပေးထားလိုက်ပေါ့။ ဥပမာ... တစ်ပတ်ကို တစ်ရက်၊ နှစ်ရက်ပေါ့။

၂။ စကားပြောနေရင် ဖုန်းမကိုင်ပါနဲ့

10_hands_you_his_phone_when_driving_svetikd.jpg 

ဖုန်းနဲ့ မျက်နှာအပ်နေကြတဲ့ ခေတ်ကြီးထဲမှာ အချိန်တိုင်းလိုလို ဖုန်းကိုင်ပြီး နိုတီစစ်နေမိတတ်တာ မဆန်းပါဘူး။ ဒါပေမယ့် မိမိခင်ပွန်း စကားပြောနေချိန်မှာတော့ ဖုန်းပွတ်နေတတ်တာ သူ့ကို မလေးစားဟန် ဖော်ပြရာရောက်ပါတယ်။ အပြန်အလှန်အနေနဲ့ ကိုယ်စကားပြောနေချိန်မှာ ဖုန်းမကိုင်ဖို့ကိုလည်း တောင်းဆိုနိုင်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန် လေးစားမှုရှိတာ ထင်ရှားလာပြီး ခင်ပွန်းသည်ကလည်း သူ့စကားတွေကို အာရုံစိုက်တဲ့ ဇနီးသည်ဆိုပြီး အသိအမှတ်ပြုတတ်လာပါလိမ့်မယ်။

၃။ အသိအမှတ်ပြုမှုကို ဖော်ပြပါ

01_thing_never_after_fight_partner_nothing_happened_Alexandra-Iakovleva.jpg 

ယောကျ်ားတွေကို ကိုင်တွယ်ရာမှာ အထာနပ်ဖို့ လိုပါတယ်။ ကမ္ဘာဦးခေတ်ကတည်းက ယောကျ်ားတွေဟာ အားနွဲ့တဲ့ မိန်းမသားတွေကို ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ရမယ်ဆိုတဲ့ ခံစားချက် ဝင်နေတာပါ။ အဲဒီလို ခံစားချက်မျိုး ပေးနိုင်ရင်၊ ယောကျ်ားတွေကို သူတို့လိုအပ်နေတဲ့ လေးစားမှု၊ မြတ်နိုးမှုနဲ့ ယုံကြည်အားကိုးလိုမှုတွေကို ပေးနိုင်ရင် သူတို့ကလည်း ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။

see also 

၄။ သူ့ရဲ့ရည်မှန်းချက်တွေကို အားပေးပါ

05_share_a_bank_account_Ridofranz.jpg 

ကိုယ့်ခင်ပွန်းရဲ့ ရည်မှန်းချက်ပန်းတိုင်က တစ်ချိန်မှာ ကုမ္မဏီကြီးကြီးတစ်ခုမှာ အုပ်ချုပ်သူ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်လိုတာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦး ဖြစ်လိုတာ ဖြစ်ချင်ဖြစ်မယ်။

ကိုယ့်တာဝန်ကတော့ ဇနီးကောင်းတစ်ယောက်အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အိမ်မက်တွေကို အကောင်အထည်ပေါ်လာအောင် ကူညီပေးဖို့ပါပဲ။ အနည်းဆုံးတော့ သူ့ပန်းတိုင်တွေဆီကို ရောက်ဖို့ မမှိတ်မသုန်ကြိုးပမ်းနေချိန်မှာ ဘေးကနေ စကားနဲ့ပဲဖြစ်ဖြစ် ထောက်ခံ အားပေးဖို့ပါပဲ။

၅။ မဝေဖန်ခင် စဉ်းစားပါ

အမျိုးသားတွေက သူတို့ကို ဝေဖန်အကဲဖြတ်တာ မကြိုက်ပါဘူး။ အထူးသဖြင့် ကိုယ့်ဇနီးက ကိုယ့်ကိုလာပြီး ဝေဖန်အကဲခတ်တာမျိုးကို မကြိုက်ပါဘူး။ မှားနေတဲ့ကိစ္စတစ်ခုကို မှားနေကြောင်းပြောပြီး လမ်းမှန်တည့်ပေးတာနဲ့ သူလုပ်နေတဲ့ကိစ္စတစ်ခုကို ဂဃနဏမသိရသေးဘဲ ဝေဖန်အကဲဖြတ်တာ မတူညီပါဘူး။

ဒါကြောင့် လူရှေ့သူရှေ့မှာ ကိုယ့်ခင်ပွန်းကို ဝေဖန်အကဲဖြတ်ပြီး အပြစ်တင်စကား ဆိုတော့မယ်ဆိုရင် နှစ်ခါပြန်စဉ်းစားကြည့်ပါဦး။ မလိုအပ်တဲ့ စကားတွေကို မလိုအပ်ရင် မပြောတာ အကောင်းဆုံးပါပဲ။

၆။ သူမထခင် အိပ်ယာထပါ

MORE-SLEEP_FEATURE.jpg 

ဇနီးကောင်းတစ်ယောက်ရဲ့ လက္ခဏာထဲမှာ ကိုယ့်ခင်ပွန်းသည်ထက် ဦးအောင် အိပ်ယာထပြီး မနက်စာပြင်ဆင်ထားတာလည်း ပါဝင်ပါတယ်။ အနည်းဆုံးတော့ ကော်ဖီတစ်အိုးလောက် ကြိုထားပေးမယ်ဆိုရင် ခင်ပွန်းသည်ရဲ့ ချစ်ခင်မှုနဲ့ လေးစားမှုကို ရရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ခင်ပွန်းတွေတောင် သူတို့ အလုပ်သွားခါနီးအချိန်ထိ အိပ်ယာမထသေးတဲ့ ဇနီးသည်ကို ကြာလာရင် စိတ်ပျက်မိမှာပါ။

Source: MSN

 

Share

Loading Next Article...
က္က