Single လေးတွေ ရှိတ်လိုက်နော်

ဝါကျွတ်ပြီတို့... ဘယ်တို့စားရမှာလဲတို့... မစွံသေးဘူးလားတို့ စတဲ့စကားလုံးတွေနဲ့ လာလာမေးနေ၊ စနေကြရင် ပြန်ပြောလိုက်ပါ "Single is the best" လို့နော်။ Single ဘဝလောက် လွတ်လပ်တာလည်း မရှိတော့ဘူး။ သူများပြောစကားတွေ နားယောင်ပြီး single ဖြစ်နေရတာ စိတ်မညစ်လိုက်ပါနဲ့။ အိမ်ထောင်သည်တွေထက် single တွေက ပိုပြီး သာတယ်ဆိုတာ ချက်ကျလက်ကျ ပြောနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။

 

ကယ်လီဖိုးနီးယားပြည်နယ် ၊ Santa Barbara မှာရှိတဲ့ University of California က သိပ္ပံပညာရှင် ဘယ်လာ ဒီပေါ်လိုက ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ single တွေဟာ အိမ်ထောင်သည်တွေထက် ပိုပြီးသာလွန်တဲ့အချက်တွေကို တွေ့ခဲ့ရပါတယ်။

see also 

လူတွေက လက်ထပ်ပြီးသွားရင် ပိုပြီး အမြင်ကျဉ်းမြောင်းလာတယ်၊ တသီးတခြားနေတတ်လာကြတယ်လို့ ဒီပေါ်လိုက ဆိုပါတယ်။

 

အမှီအခိုကင်းတဲ့ single တွေဆိုရင် အလုပ်ကို ပိုပြီးကောင်းကောင်းမွန်မွန် လုပ်နိုင်ကြပါတယ်။ ပြီးတော့ အပျက်သဘောဆန်တဲ့ စိတ်ခံစားချက်တွေလည်း ခံစားရဖို့ပိုနည်းပါတယ်။ အိမ်ထောင်သည်တွေကတော့ ဒီလိုကောင်းတဲ့အချက်တွေမှာ single တွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။

 

အပူအပင်ကင်းပြီး တာဝန်ဝတ္တရားတွေ ပိနေတဲ့ အိမ်ထောင်သည်ဘဝထက် လူပျို၊ အပျိုဘဝမှာ ကိုယ့်စိတ်တိုင်းကျ နေရတာကသာ အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်လုပ်ရပ်တွေအပေါ် ဘယ်သူတွေက ဘယ်လိုပြောနေ တွေးထင်နေပါစေ ကိုယ့်ပျော်ရွှင်မှုကသာ အဓိကပဲမဟုတ်လား။ ဒါကြောင့်မို့လို့ ဝါကျွတ်ပြီ မစွံသေးဘူးလားလို့ လာမေးနေတဲ့ အိမ်ထောင်သည်တွေကို ခေါင်းမော့ပြီးတော့ ကိုယ်ဘယ်လောက် သာယာနေတယ်ဆိုတာ ပြလိုက်စမ်းပါနော်။

 

Source : Bazaar

Share

Loading Next Article...
က္က