Thiha Htun

အရွယ်ရောက်လာပြီဆိုတာနဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာလည်း ရှိလာမှာပါပဲ။ လူတစ်ယောက်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းဟာ သူပေါင်းနေတဲ့ သူငယ်ချင်း၊ အပေါင်းအသင်းတွေပေါ်မှာလည်း မူတည်နေတဲ့အတွက် သူတို့ရဲ့အခန်းကဏ္ဍကိုလည်း လျှော့တွက်လို့တော့ မရပါဘူး။

teen-drug-abuse.jpg 

အပေါင်းအသင်းမှားလို့ ပျက်ဆီးသွားရတဲ့ လူငယ်တွေ မနည်းသလို အပေါင်းအသင်းကောင်းတွေရှိလို့ ဘဝအမောတွေ၊ အခက်အခဲတွေ ပြေလည်သွားရတဲ့ သူတွေလည်း မနည်းပါဘူး။ အောက်မှာဖော်ပြထားသူတွေကတော့ မိန်းကလေးတိုင်းရဲ့ ဘဝမှာ ရှိသင့်ရှိထိုက်တဲ့ သူငယ်ချင်း အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

၁။ ဖက်ရှင်ကျွမ်းကျင်သူ

01-Types-of-Best-Girlfriends-Every-Adult-Woman-Should-Have_fashion-diva_80288883_sanjeri.jpg 

ဒီသူငယ်ချင်းမျိုးက ကိုယ်တိုင်လည်း ဖက်ရှင်ကျကျဝတ်တတ်စားတတ်ပြီး မိမိအတွက် ဖက်ရှင်ဒီဇိုင်းအိုင်ဒီယာလေးတွေကို ပေးနေမယ့်လူမျိုးပါ။ ဥပမာ... မင်္ဂၤလာဆောင်ဆိုရင် ဘယ်လိုမျိုးလေး ဝတ်သင့်တယ်။ ဘယ်လိုရေကူးဝတ်စုံမျိုးက ကိုယ့်ခန္ဓာကိုယ် အနေအထားနဲ့ လိုက်ဖက်တယ် ဆိုတာမျိုးပေါ့။

ဒါ့အပြင် သူတို့ဟာ အားနေရင် Online Shop တွေကို မွှေနေတတ်သူတွေလည်းဖြစ်ပြီး ဘယ်နေရာမှာ ဘယ်ဝတ်စုံက ဘယ်ဈေးရှိတယ် ဆိုတာကိုလည်း ကောင်းကောင်းသိကြပါတယ်။ ဘာပဲပြောပြော ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်လာရင်တော့ သူတို့က ဂုရုတွေဖြစ်လို့ တကယ်အားကိုးရပါတယ်။ ဒီလိုသူငယ်ချင်းမျိုးကို ပေါင်းထား၊ ကပ်ထားသင့်ပါတယ်နော်။

၂။ အကြောင်းစုံသိတဲ့ ငယ်သူငယ်ချင်း

02-Types-of-Best-Girlfriends-Every-Adult-Woman-Should-Have_back-in-the-day_89510529_Todor-Tsvetkov.jpg 

သူငယ်တန်းတည်းက ပေါင်းလာပြီး ကိုယ့်အကြောင်း အူမချေးခါးမကျန်သိတဲ့ ငယ်သူငယ်ချင်းကို ကြီးပျင်းလာတဲ့အချိန်ထိ ခင်ခင်မင်မင် ပေါင်းသင်းနိုင်ဆဲ ဆိုတဲ့ မိန်းကလေးတွေဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပါပဲ။ သူတို့ဟာ ကိုယ်ဘာကြိုက်တတ်တယ်။ ဘာမကြိုက်တတ်ဘူး ဆိုတာတွေကို ကိုယ့်ရည်းစားထက်တောင် ပိုသိတဲ့အပြင် ကိုယ့်စိတ်အခြေအနေကိုလည်း ကောင်းကောင်း နားလည်ကြသူတွေပါ။ "သူငယ်ချင်း ရေ..." လို့ဆိုလိုက်တာနဲ့ ရေကူးဝတ်စုံယူလာပြီးသား ဆိုတဲ့ သူငယ်ချင်းမျိုးပါ။ ဒီလိုသူူငယ်ချင်းမျိုးဟာ မိန်းကလေးတိုင်းရဲ့ ဘဝမှာ ရှိသင့်တဲ့ သူငယ်ချင်း အမျိုးအစားတစ်ခုပါ။

၃။ အတွင်းစည်းထဲက သူငယ်ချင်း

03-Types-of-Best-Girlfriends-Every-Adult-Woman-Should-Have_Golden-Circle_84445733_AleksandarNakic.jpg 

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူတွေအတွက် သူငယ်ချင်းတွေ အများကြီးရှိနိုင်ပါတယ်။ ကျောင်းတုံးက သူငယ်ချင်း၊ အဆောင်နေ အခန်းဖော်သူငယ်ချင်း၊ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း စသဖြင့်ပေါ့။ ဒါပေမယ့် မိန်းကလေးတွေထဲမှာ စိတ်သဘောထားချင်း၊ အကြိုက်ချင်း၊ ဝါသနာချင်းတူတဲ့ သူငယ်ချင်းတွေချည်း စုထားတဲ့ အတွင်းစည်းအုပ်စု ဆိုတာမျိုးလည်း ရှိပါတယ်။

အဲဒီအုပ်စုဝင် သူငယ်ချင်းတွေဟာ မိမိတို့ ဝါသနာတူရာအလုပ်တွေကို အတူတကွ လုပ်ဆောင်တတ်ကြပြီး တွေ့မိပြီဆိုရင် လက်ပံပင် ဆက်ရက်ကျသလိုပဲ စကားတွေပြောလို့ကို မကုန်နိုင်ပါဘူး။ များသောအားဖြင့် ဒီလိုဆက်ဆံရေးမျိုးဟာ သန့်စင်ခိုင်မာပြီး အိမ်ထောင်တွေဘာတွေ ကျသွားသည်အထိ ခိုင်မြဲနေတတ်ပါတယ်။ ဒီလို အတွင်းစည်းမျိုးရှိတဲ့ သူတွေအားလုံး ချီးယားစ်ပါနော်။

see also 

၄။ ကဲဖော်ကဲဖက်

04-Types-of-Best-Girlfriends-Every-Adult-Woman-Should-Have_Wingman_75999073_Izabela-Habur.jpg 

မြန်မာကားတွေထဲက မင်းသမီးဘေးက လိုက်ကာပေးနေတဲ့ ဇာတ်ရန်ပုံစံမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီလိုသူငယ်ချင်းဆိုတာ ကိုယ့်နဲ့ အမြဲလိုလို တွဲဖြစ်ပြီး ကိုယ့်အတွက် ကောင်းရာကောင်းကျိုးတွေကို လိုလားတဲ့ သူငယ်ချင်းမျိုးပါ။ ယေဘုယျအားဖြင့့် သူမဟာ ပျော်တတ်တယ်။ စကားပြောသွက်လက်မယ်။ ချစ်စရာကောင်းမယ်။

TGIF လိုနေ့မျိုးမှာ ဘားအတူ သွားဖြစ်ကြပြီဆိုရင် ကိုယ့်ကိုမျက်စိကျနေတဲ့၊ ကိုယ်ကလည်း သဘောကျတဲ့ ကောင်လေး ချောချောလေးနဲ့ စကားစမြည် ပြောဖြစ်စေဖို့အတွက် သွက်သွက်လက်လက်နဲ့ ခွင်ဖန်ပေးနိုင်တဲ့ သူငယ်ချင်းမျိုးပေါ့။ ယောကျ်ားလေးတွေမှာ အဲဒီလိုသူငယ်ချင်းမျိုး ရှိသလို မိန်းကလေးတွေမှာလည်း ရှိပါတယ်။ သူတို့ရဲ့ ဟာသဉာဏ်နဲ့ သွက်သွက်လက်လက် ရှိမှုတွေကြောင့်ပဲ ဘဲချောချော၊ သန့်သန့်လေးတစ်ယောက် ရမသွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

၅။ Gym ဆော့ဖော်သူငယ်ချင်း

06-Types-of-Best-Girlfriends-Every-Adult-Woman-Should-Have_Gym-Rat_78400397_mihailomilovanovic.jpg

အတူတူ အပျော်ရှာဖြစ်တဲ့ သူငယ်ချင်းတွေ ဘဝမှာလိုအပ်သလို ကျန်းမာရေးလိုက်စားဖော် သူငယ်ချင်းလည်း လိုအပ်ပါသေးတယ်။ အထူးသဖြင့် Gym ဆော့တာတို့၊ မနက်ထပြေးတာတို့ဆိုတာ အပေါင်းအသင်းလေးရှိမှ စိတ်ပါလက်ပါ လုပ်ဖြစ်တာပါ။ ကိုယ့်အပေါင်းအသင်းတွေထဲမှာ ကိုယ့်လိုပဲ ကျန်းမာရေးလိုက်စားလိုစိတ်ရှိတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေတယ်ဆိုတာ ဝမ်းသာစရာ ကိစ္စတစ်ခုပါ။

သူတို့တွေဟာ ကိုယ်တိုင်လည်း စိတ်ပါလက်ပါ လေ့ကျင့်ခန်းလုပ်သလို ကိုယ့်ကိုုလည်း သူ့လို လေ့ကျင့်ခန်းလုပ်ချင်လာအောင် သွေးဆောင်စည်းရုံးပါလိမ့်မယ်။ ကိုယ့် ခန္ဓာကိုယ် အချိုးအစားလေး ပြေပြစ်လှပနေစေဖို့ သူတိုု့ကိုပဲ အားကိုးရမှာပါ။

Source: Reader's Digest

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က