လူကြီးတွေကတော့ အွန်လိုင်းမှာတွေ့ရင် မယုံနဲ့တဲ့။ အွန်လိုင်းမှာတွေ့ပြီး အိမ်ထောင်ကျ ကလေးရသွားသူတွေ အများကြီး။

ဟိုးအရင်တုန်းကဆို ချစ်သူရည်းစားရဖို့ အရမ်းခက်တာ။ ခုခေတ်မှာတော့ ဖေ့စ်ဘုတ်တို့လို လူမှုကွန်ရက်တွေ ရှိနေတော့ အပေါင်းအသင်းတွေလည်း တိုးလာတယ်။ ချစ်သူရဖို့လည်း ပိုနီးစပ်လာတယ်။ အွန်လိုင်းကနေချစ်သူထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့လုံခြုံမှုနဲ့ ပျော်ရွှင်မှုကို ချိန်ဆတတ်ဖို့ အရေးကြီးပါတယ်။

၁။ လုံခြုံမှုရှိပါစေ

do-stay-safe-1507832671.jpg 

အွန်လိုင်းကနေ ချစ်သူထားမယ်ဆို အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နေဖို့ပဲ။ သူငယ်ချင်းတွေမိတ်ဆက်ပေးလို့ သိပြီး ချစ်သူဖြစ်သွားတာမျိုးနဲ့ အွန်လိုင်းကနေတွေ့ပြီး ချစ်သူဖြစ်သွားတာမျိုးက မတူဘူးလေ။ သူ့အကြောင်း ကိုယ်မှ သိပ်မသိသေးတာကိုး။ သူနဲ့အွန်လိုင်းမှာတွေ့ပြီး အပြင်မှာစချိန်းပြီဆို ကိုယ့်ရဲ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို အသိပေးပြီးမှသွား။ သူ့အိမ်ကို တစ်ယောက်တည်းမသွားနဲ့။ လူမြင်ကွင်း ပန်းခြံ၊ စားသောက်ဆိုင်တို့မှာ တွေ့တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့လုံခြုံမှုကို ဦးစားပေးပါ။

see also 

၂။ အရှိကိုအရှိအတိုင်း

ပုံအတုတွေ၊ effect တွေ အလွန်အကျွံသုံးထားတဲ့ပုံတွေ၊ လက်ရှိပင်ကိုယ်ရုပ်ရည်နဲ့ ကွာခြားလွန်းနေတဲ့ ပုံတွေကို တင်တာလည်း မကောင်းပါဘူး။ ကိုယ့်ရဲ့ပင်ကိုယ်ရုပ်ရည် အနေအထားကို အမှန်အတိုင်းပဲ ပြထားတာ ကောင်းပါတယ်။ ပုံတွေထဲမှာ ဖြူဖွေးပြီးအရုပ်လေးလို လှနေပေမဲ့ အပြင်မှာ တခြားစီပဲဆိုရင် ဟိုဘက်က စိတ်ပျက်သွားမှာအမှန်ပဲ။ ကိုယ့်ကိုအရှိအတိုင်း ချစ်တတ်သူကမှ အချစ်စစ်နဲ့ ကြာကြာချစ်မှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ်သိနေဖို့လိုတယ်

do-use-photos-that-show-the-real-you-1507832671.jpg 

သူနဲ့ ဒိတ်ရတာ ပျော်လား၊ ကိုယ်လိုချင်တာကရောဘာလဲ၊ ရေရှည်တွဲချင်တာလား စတဲ့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်သိနေရမယ်။ အွန်လိုင်းမှာချစ်သူတွေဖြစ်ပြီး အဆင်ပြေနေတယ်ဆိုရင် ဘဝအတွက်ပါ ဘယ်လိုဆက်သွားမလဲဆိုတာလည်း ထည့်စဉ်းစားရတော့မှာပေါ့။

၄။ ပျော်ပျော်နေ

အထီးကျန်နေချိန်မှာ တစ်ယောက်ယောက်နဲ့ စကားပြောနေရတာ ကောင်းတယ်မဟုတ်လား။ အွန်လိုင်းကနေ ချစ်သူထားတယ်ဆိုတာလည်း အချိန်နဲ့ အင်တာနက်ဖိုးပဲကုန်တာ။ တခြားဘာမှမကုန်ဘူး။ သူရော ကိုယ်ရော ပျော်ရွှင်နေတယ်ဆို အကျိုးရှိတာပဲပေါ့။ အွန်လိုင်းမှာတွေ့ပြီး လက်ထပ်သွားတဲ့စုံတွဲတွေလည်း အများကြီး။

 

၅။ ပိုကြီးမားတဲ့ပန်းတိုင်ကို စိတ်ထဲမှာထား

do-keep-your-bigger-goals-in-mind-1507832671.jpg 

တချို့တွေက အချစ်နဲ့တွေ့ရင် ဘဝပန်းတိုင်တွေကို လက်လျှော့လိုက်ကြတယ်။ အွန်လိုင်းမှာတွေ့တာကတော့ များသောအားဖြင့် ဝါသနာတူသူအချင်းချင်း သိကျွမ်းကြတာ များပါတယ်။ ဒီတော့ ကိုယ့်ရည်မှန်းချက်တွေနဲ့ တူနေတဲ့လူကို တွေ့ရဖို့ ရာခိုင်နှုန်းများတယ်။

Share

Loading Next Article...
က္က