ကြည်နူးစရာ ပုံရိပ်လေးတွေက မြင်ရသူတွေကိုပါ အပျော်တွေ ကူးစက်ခဲ့ရတယ်လေ။

ဘရာဇီးနိုင်ငံက ဘိုးဘွားစုံတွဲတစ်တွဲဟာ လွန်ခဲ့တဲ့ နှစ် ၆၀ ကတည်းက လက်ထပ်ပေါင်းသင်းခဲ့ကြတာပါ။ မင်္ဂလာပွဲကျင်းပတုန်းက အမှတ်တရဓာတ်ပုံတွေ မရိုက်ခဲ့ကြရဘူး။ မင်္ဂလာဓာတ်ပုံဆိုတာ ဇနီးမောင်နှံတွေအတွက်တော့ ဘဝရဲ ့အရေးပါဆုံး အမှတ်တရပဲလေ။ သူတို့ရဲ့စိတ်ကူးလေးတွေကို ဆာပေါ်လိုမြို့က အဖွဲ့တစ်ဖွဲ့က ဖြည့်ဆည်းပေးလိုက်ပါတယ်။

 

Dona နဲ့ Seu ဘိုးဘွားစုံတွဲဟာ ၁၉၅၇ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာပါ။ အဲ့ဒီတုန်းက ဘာအခမ်းအနားမှ မလုပ်နိုင်ခဲ့ဘဲ ခြံထဲမှာတင် ဖြစ်သလိုလေး ဆင်နွှဲခဲ့ရတဲ့ မင်္ဂလာပွဲလေးမို့ ဓာတ်ပုံတောင် မရိုက်နိုင်ခဲ့ကြပါဘူး။

see also 

 

ခုတော့ လူငယ်တွေရဲ့ စိတ်စေတနာနဲ့ ကူညီပေးတဲ့ မင်္ဂလာပွဲလေးကို ကတိကဝတ်နယ်မြေလို့ အဓိပ္ပာယ်ရတဲ့ Chácara Terra Prometida မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဇာနဲ့လုပ်ထားတဲ့ သတို့သမီးဝတ်စုံ၊ မိတ်ကပ်တွေနဲ့အတူ သတို့သားအတွက်လည်း မီးခိုးရောင်ဝတ်စုံလေး ဆင်ပေးခဲ့ကာ အမှတ်တရပုံလေးတွေ ရိုက်ပေးခဲ့ကြပါတယ်။

 

ဘိုးဘွားစုံတွဲအတွက် အမှတ်တရ မင်္ဂလာပွဲလေးကို အားလုံးက ပူးပေါင်းပါဝင်ပေးခဲ့ကြတယ်လို့ သိရတယ်။ ပျော်မြူးနေတဲ့ ဘိုးဘွားစုံတွဲရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေက မြင်ရသူတွေကိုပါ အပျော်တွေ ကူးစက်စေခဲ့တယ်လေ။

 

Soure : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က