• Relationships
    အိပ်စက်ပုံကိုကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်
Thiha Htun
[Unicode Version]

လူတစ်ယောက်ရဲ့ စကားပြောဟန်၊ စကားသံနဲ့ ပြုမူဆက်ဆံပုံတွေကိုပဲ ကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရတာ မဟုတ်ပါဘူး။ လူတစ်ယောက် အိပ်စက်ပုံကို ကြည့်ပြီးလည်း သူ့ရဲ့စိတ်နေစိတ်ထားကို ခန့့်မှန်းကြည့်လို့ ရပါတယ်။ ဒီအချက်အလက် တွေကလည်း သိပ္ပံနည်းကျ သုတေသနတွေက ရရှိတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

၁။ ကလေးအိပ်သလို ကွေးကွေးလေးအိပ်မယ်

02-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

"လူအများက အိပ်နေချိန်မှာ မိခင်ဝမ်းဗိုက်ထဲမှာ နေတုံးက ကလေးလေးခွေနေသလိုမျိုး ကွေးကွေးလေးအိပ်ရခြင်း အကြောင်းရင်းက အဲဒီလိုအိပ်ရင် သူတို့ကို စိတ်လုံခြုံမှု ပေးစွမ်းနိုင်လို့ပါပဲ" လို့ Somnium Bed ရဲ့ ဒီဇိုင်နာ Susanne Flother ကဆိုပါတယ်။ ၂၀၁၃ ခုနှစ်တုံးက သုတေသနတစ်ခုအရဆိုရင် ဒီပုံစံက လူသုံးအများဆုံး အိပ်စက်ခြင်းပုံစံပါပဲတဲ့။ နောက်ပြီး ဒီလိုမျိုး အိပ်စက်တတ်သူတွေကလည်း ကိစ္စတိုင်းမှာ ထိလွယ်ရှလွယ်ဖြစ် (sensitive) ဖို့လည်း လွယ်ကူပါသတဲ့။

၂။ သစ်တုံးကြီးလို ခြေတွေလက်တွေကို တောင့်တောင့်ကြီးထားပြီး အိပ်မယ်

03-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

Dr. Idzikowski ကတော့ လက်တွေကို ခန္ဓာကိုယ်ဘေးမှာ ကပ်ထားပြီး ဘေးတစောင်းအိပ်တဲ့ပုံစံကို သစ်တုံးကြီးလို အိပ်စက်တယ်လို့ နာမည်ပေးထားပါတယ်။ တကယ်လို့ စာဖတ်သူကိုယ်တိုင် ဒီလိုအိပ်နေမိပြီဆိုရင်တော့ သင်ဟာ ပေါ့ပေါ့ပါးပါးနေတတ်သူ၊ ဆိုရှယ်ကျသူ၊ သူစိမ်းတွေကို အလွယ်တကူယုံကြည်တတ်သူ လို့ အဓိပ္ပာယ်ရနေပါသတဲ့။ တစ်နည်းအားဖြင့် ယုံလွယ်သူတစ်ဦးပါ။

၃။ လက်တွေကို ဘေးကိုဆန့်ထုတ်ထားပြီး ခန္ဓာကိုယ်ကိုတော့ တောင့်တောင့်ကြီးနေမယ်

04-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

ဒီပုံစံကိုတော့ ဆေးပညာအခေါ် "yearning log" ပုံစံလို့ခေါ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကို သစ်တုံးကြီးလို တဖြောင့်တည်း ထားထားပေမယ့် လက် (၂) ဖက်ကတော့ ဘေးကိုဆန့်ထုတ်ပြီး တစ်ခုခုကို ယောင်ရမ်းတမ်းတနေသလို ပုံစံမျိုးပါ။ ဒီလိုပုံစံမျိုးနဲ့ အိပ်စက်တတ်သူတွေဟာလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် မတူတာတစ်ခုက လူတွေကို အရမ်းကြီး ယုံမလွယ်တတ်ပါဘူး။ တစ်ခုခုကို ဆုံးဖြတ်ချက်ချဖို့အတွက် တွေဝေတွန့်ဆုတ်တတ်ပေမယ့် ဆုံးဖြတ်ပြီးရင်လည်း ပြန်ပြင်လေ့မရှိပါဘူး။

၄။ ဘယ်ဘက်စောင်းအိပ်မှာလား/ ညာဘက်စောင်းအိပ်မှာလား

ဘေးတစောင်း အိပ်တတ်သူတွေအတွက် မေးခွန်းတစ်ခုကတော့ ဘယ်ဘက်စောင်းအိပ်မှာလား/ ညာဘက်စောင်းအိပ်မှာလား ဆိုတာပါပဲ။ ဗြိတိန်သုတေသန တစ်ခုအရတော့ ခန္ဓာကိုယ်ဘယ်ဘက်ကို ဘေးတစောင်းထားပြီး အိပ်တတ်သူတွေက မားကက်တင်းနဲ့ ကြော်ငြာလုပ်ငန်းမှာ လုပ်ငန်းတတ်သူတွေဖြစ်ပြီး အသက် (၄၅) ဝန်းကျင်ရှိသလို ဘွဲ့ရပညာတတ်တွေလည်း ဖြစ်ပါသတဲ့။ ညာဘက်စောင်းအိပ်တတ်သူတွေကတော့ အသက် (၃၅) ဝန်းကျင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ပါသတဲ့။ သူတို့ဟာ ဆေးလိပ်နဲ့ ကဖင်းဓာတ်ကိုလည်း နှစ်သက်ကြပါသတဲ့။

See also: 

၅။ မှောက်ခုံကြီး အိပ်မယ်

07-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

ဝမ်းဗိုက်နဲ့ မွေ့ယာကို တစ်သားတည်းကပ်ထားပြီး ခေါင်းအုံးပျော့ပျော့လေးထဲမှာ မျက်နှာကိုနှစ်မြှုပ်ပြီး အိပ်တတ်သူတွေကတော့ ရှားပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်သားကြီးတဲ့ အမျိုးသမီးတွေကို ဒီလိုအိပ်စက်ခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး ခါးနာတတ်သူ၊ ဇက်ကြောတက်တတ်သူတွေဆိုရင်လည်း ဒီလိုမျိုး မအိပ်စက်သင့်ပါဘူးတဲ့။

ဘာလို့လဲဆိုတော့ ဒီလိုပံုံစံ အိပ်စက်ခြင်းက ခါးနာခြင်းကို ဖြစ်စေနိုင်လို့ပါပဲတဲ့။ သုတေသနတွေအရတော့ ဒီလိုပုံစံ အိပ်စက်တတ်သူတွေဟာ အသက် (၄၅) ဝန်းကျင် စိုက်ပျိုးရေးသမားတွေ (သို့) အရက်အလွန်အကျွံ သောက်သုံးတတ်သူတွေပဲ ဖြစ်ပါသတဲ့။ ဒါပေမယ့် Dr. Idzikowski ရဲ့ အဆိုအရတော့ မှောက်ခုံအိပ်တတ်ပေမယ့် မျက်နှာကို တစ်ဖက်စောင်းပြီး လက်ထဲမှာလည်း ခေါင်းအုံးတစ်လုံးကို ပွေ့ဖက်ထားတတ်တယ် ဆိုရင်တော့ ဖော်ရွေတတ်သူ၊ အပေါင်းအသင်းမင်သူတစ်ဦးပါတဲ့။ ဒါပေမယ့် ကိုယ့်ကို ဝေဖန်စမ်းစစ်လာတာတွေကိုတော့ မနှစ်သက်ပါဘူးတဲ့။

၆။ ပက်လက်လှန်အိပ်မယ်

08-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg

Sealy ရဲ့ သုတေသနအရတော့ ပက်လက်လှန် အိပ်စက်တတ်သူတွေ ပို့ဆောင်ရေးနဲ့ ထောက်ပို့ဘက်မှာ အလုပ်လုပ်ကိုင်သူတွေ များပါတယ်တဲ့။ နောက်ပြီး ဒီလိုအိပ်တဲ့အတွက် နိုးလာချိန်မှာ လန်းဆန်းတက်ကြွသလို ခံစားရပါတယ်တဲ့။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတာ တစ်ခုက လူငယ်လူရွယ်အများစုကပဲ ဒီလိုပုံစံ အိပ်တတ်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ပက်လက်လှန်အိပ်ရင် လည်ချောင်းနဲ့ လေပြွန်လမ်းကြောင်းက ပိုမိုကျဉ်းမြောင်းလာပြီး အိပ်နေစဉ် ဟောက်သံကို ပိုမိုကျယ်လောင်စေပါတယ်။

Source: Reader's Digest

 

[Zawgyi Version]

လူတစ္ေယာက္ရဲ႕ စကားေျပာဟန္၊ စကားသံနဲ႔ ျပဳမူဆက္ဆံပံုေတြကိုပဲ ၾကည္႔ၿပီး သူ႔ရဲ႕စိတ္ေနစိတ္ထားကို ခန္႔မွန္းလို႕ရတာ မဟုတ္ပါဘူး။ လူတစ္ေယာက္ အိပ္စက္ပံုကို ၾကည္႔ၿပီးလည္း သူ႔ရဲ႕စိတ္ေနစိတ္ထားကို ခန္႔႔မွန္းၾကည္႔လို႔ ရပါတယ္။ ဒီအခ်က္အလက္ ေတြကလည္္း သိပၸံနည္းက် သုေတသနေတြက ရရွိတဲ႔ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။

၁။ ကေလးအိပ္သလို ေကြးေကြးေလးအိပ္မယ္

02-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

"လူအမ်ားက အိပ္ေနခ်ိန္မွာ မိခင္ဝမ္းဗိုက္ထဲမွာ ေနတံုးက ကေလးေလးေခြေနသလိုမ်ိဳး ေကြးေကြးေလးအိပ္ရျခင္း အေၾကာင္းရင္းက အဲဒီလိုအိပ္ရင္ သူတို႔ကို စိတ္လံုျခံဳမႈ ေပးစြမ္းႏိုင္လို႔ပါပဲ" လို႔ Somnium Bed ရဲ႕ ဒီဇိုင္နာ Susanne Flother ကဆိုပါတယ္။ ၂၀၁၃ ခုႏွစ္တံုးက သုေတသနတစ္ခုအရဆိုရင္ ဒီပုံစံက လူသံုးအမ်ားဆံုး အိပ္စက္ျခင္းပံုစံပါပဲတဲ႔။ ေနာက္ၿပီး ဒီလိုမ်ိဳး အိပ္စက္တတ္သူေတြကလည္း ကိစၥတိုင္းမွာ ထိလြယ္ရွလြယ္ျဖစ္ (sensitive) ဖို႔လည္း လြယ္ကူပါသတဲ႔။

၂။ သစ္တံုးႀကီးလို ေျခေတြလက္ေတြကို ေတာင္႔ေတာင္႔ႀကီးထားၿပီး အိပ္မယ္

03-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

Dr. Idzikowski ကေတာ႔ လက္ေတြကို ခႏၶာကိုယ္ေဘးမွာ ကပ္ထားၿပီး ေဘးတေစာင္းအိပ္တဲ႔ပံုစံကို သစ္တံုးႀကီးလို အိပ္စက္တယ္လို႔ နာမည္ေပးထားပါတယ္။ တကယ္လို႔ စာဖတ္သူကိုယ္တိုင္ ဒီလိုအိပ္ေနမိၿပီဆိုရင္ေတာ႔ သင္ဟာ ေပါ႔ေပါ႔ပါးပါးေနတတ္သူ၊ ဆိုရွယ္က်သူ၊ သူစိမ္းေတြကို အလြယ္တကူယံုၾကည္တတ္သူ လို႔ အဓိပၸာယ္ရေနပါသတဲ႔။ တစ္နည္းအားျဖင္႔ ယံုလြယ္သူတစ္ဦးပါ။

၃။ လက္ေတြကို ေဘးကိုဆန္႔ထုတ္ထားၿပီး ခႏၶာကိုယ္ကိုေတာ႔ ေတာင္႔ေတာင္႔ႀကီးေနမယ္

04-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

ဒီပံုစံကိုေတာ႔ ေဆးပညာအေခၚ "yearning log" ပံုစံလို႔ေခၚပါတယ္။ ခႏၶာကိုယ္ေအာက္ပိုင္းကို သစ္တံုးႀကီးလို တေျဖာင္႔တည္း ထားထားေပမယ္႔ လက္ (၂) ဖက္ကေတာ႔ ေဘးကိုဆန္႔ထုတ္ၿပီး တစ္ခုခုကို ေယာင္ရမ္းတမ္းတေနသလို ပံုစံမ်ိဳးပါ။ ဒီလိုပံုစံမ်ိဳးနဲ႔ အိပ္စက္တတ္သူေတြဟာလည္း ေပါင္္းသင္းဆက္ဆံေရး ေကာင္းမြန္သူေတြ ျဖစ္ပါတယ္တဲ႔။ ဒါေပမယ္႔ မတူတာတစ္ခုက လူေတြကို အရမ္းႀကီး ယံုမလြယ္တတ္ပါဘူး။ တစ္ခုခုကို ဆံုးျဖတ္ခ်က္ခ်ဖို႔အတြက္ ေတြေဝတြန္႕ဆုတ္တတ္ေပမယ္႔ ဆံုးျဖတ္ၿပီးရင္လည္း ျပန္ျပင္ေလ႔မရွိပါဘူး။

၄။ ဘယ္ဘက္ေစာင္းအိပ္မွာလား/ ညာဘက္ေစာင္းအိပ္မွာလား

ေဘးတေစာင္း အိပ္တတ္သူေတြအတြက္ ေမးခြန္းတစ္ခုကေတာ႔ ဘယ္ဘက္ေစာင္းအိပ္မွာလား/ ညာဘက္ေစာင္းအိပ္မွာလား ဆိုတာပါပဲ။ ၿဗိတိန္သုေတသန တစ္ခုအရေတာ႔ ခႏၶာကိုယ္ဘယ္ဘက္ကို ေဘးတေစာင္းထားၿပီး အိပ္တတ္သူေတြက မားကက္တင္းနဲ႔ ေၾကာ္ျငာလုပ္ငန္းမွာ လုပ္ငန္းတတ္သူေတြျဖစ္ၿပီး အသက္ (၄၅) ဝန္းက်င္ရွိသလို ဘြဲ႕ရပညာတတ္ေတြလည္း ျဖစ္ပါသတဲ႔။ ညာဘက္ေစာင္းအိပ္တတ္သူေတြကေတာ႔ အသက္ (၃၅) ဝန္းက်င္၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ ထုတ္လုပ္ျဖန္႔ျဖဴးေရးလုပ္ငန္း လုပ္ကိုင္သူေတြ ျဖစ္ပါသတဲ႔။ သူတို႔ဟာ ေဆးလိပ္နဲ႔ ကဖင္းဓာတ္ကိုလည္း ႏွစ္သက္ၾကပါသတဲ႔။

See also: 

၅။ ေမွာက္ခံုႀကီး အိပ္မယ္

07-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg 

ဝမ္းဗိုက္နဲ႔ ေမြ႕ယာကို တစ္သားတည္းကပ္ထားၿပီး ေခါင္းအံုးေပ်ာ႔ေပ်ာ႔ေလးထဲမွာ မ်က္ႏွာကိုႏွစ္ၿမွဳပ္ၿပီး အိပ္တတ္သူေတြကေတာ႔ ရွားပါတယ္။ ကြ်မ္းက်င္သူေတြကေတာ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ရင္သားႀကီးတဲ႔ အမ်ိဳးသမီးေတြကို ဒီလိုအိပ္စက္ျခင္း မျပဳဖို႔ တိုက္တြန္းထားပါတယ္။ ေနာက္ၿပီး ခါးနာတတ္သူ၊ ဇက္ေၾကာတက္တတ္သူေတြဆိုရင္လည္း ဒီလိုမ်ိဳး မအိပ္စက္သင္႔ပါဘူးတဲ႔။

ဘာလို႔လဲဆိုေတာ႔ ဒီလိုပံံုစံ အိပ္စက္ျခင္းက ခါးနာျခင္းကို ျဖစ္ေစႏိုင္လို႔ပါပဲတဲ႔။ သုေတသနေတြအရေတာ႔ ဒီလိုပံုစံ အိပ္စက္တတ္သူေတြဟာ အသက္ (၄၅) ဝန္းက်င္ စိုက္ပ်ိဳးေရးသမားေတြ (သို႔) အရက္အလြန္အကြ်ံ ေသာက္သံုးတတ္သူေတြပဲ ျဖစ္ပါသတဲ႔။ ဒါေပမယ္႔ Dr. Idzikowski ရဲ႕ အဆိုအရေတာ႔ ေမွာက္ခံုအိပ္တတ္ေပမယ္႔ မ်က္ႏွာကို တစ္ဖက္ေစာင္းၿပီး လက္ထဲမွာလည္း ေခါင္းအံုးတစ္လံုးကို ေပြ႕ဖက္ထားတတ္တယ္ ဆိုရင္ေတာ႔ ေဖာ္ေရြတတ္သူ၊ အေပါင္းအသင္းမင္သူတစ္ဦးပါတဲ႔။ ဒါေပမယ္႔ ကိုယ္႔ကို ေဝဖန္စမ္းစစ္လာတာေတြကိုေတာ႔ မႏွစ္သက္ပါဘူးတဲ႔။

၆။ ပက္လက္လွန္အိပ္မယ္

08-What-Your-Sleep-Position-Says-About-Your-Personality-and-More-760x506.jpg

Sealy ရဲ႕ သုေတသနအရေတာ႔ ပက္လက္လွန္ အိပ္စက္တတ္သူေတြ ပို႔ေဆာင္ေရးနဲ႔ ေထာက္ပို႔ဘက္မွာ အလုပ္လုပ္ကိုင္သူေတြ မ်ားပါတယ္တဲ႔။ ေနာက္ၿပီး ဒီလိုအိပ္တဲ႔အတြက္ ႏိုးလာခ်ိန္္မွာ လန္းဆန္းတက္ၾကြသလို ခံစားရပါတယ္တဲ႔။ ဒါေပမယ္႔ ျဖစ္ႏိုင္ေျခရွိတာ တစ္ခုက လူငယ္လူရြယ္အမ်ားစုကပဲ ဒီလိုပံုစံ အိပ္တတ္လို႔လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ္႔ က်န္းမာေရး ရႈေထာင္႔က ၾကည္႔မယ္ဆိုရင္ေတာ႔ ပက္လက္လွန္အိပ္ရင္ လည္ေခ်ာင္းနဲ႔ ေလျပြန္လမ္းေၾကာင္းက ပိုမိုက်ဥ္းေျမာင္းလာၿပီး အိပ္ေနစဥ္ ေဟာက္သံကို ပိုမိုက်ယ္ေလာင္ေစပါတယ္။

Source: Reader's Digest

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs