ဘယ်လိုအိပ်ရတာ ကြိုက်လဲ။

လူတိုင်းအိပ်ကြတယ်။ အိပ်စက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ မှတ်သားစရာတွေကိုလည်း ဖတ်ဖူးကြမှာပါ။ ကိုယ်အိပ်စက်တဲ့ အနေအထားက ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ဖော်ပြနေသလို ချစ်သူနဲ့အတူ အိပ်တဲ့အခါ ပုံသဏ္ဍန်အနေအထားကို ကြည့်ပြီးတော့လည်း အချစ်ရေးကို ခန့်မှန်းတွက်ချက်လို့လည်း ရပါသေးတယ်။



The Spoon (ဇွန်း)

2015-07-29-1438179950-7168777-pic1-thumb.jpg 

ယောကျ်ားလေးရဲ့ ရင်ခွင်ထဲမှာ မိန်းကလေးက ဝင်အိပ်နေတာပါ။ ရင်ခွင်ထဲဝင်နေရတဲ့အခါ လုံခြုံရသလို ခံစားရတယ်။ ချစ်သူက ကိုယ့်ကိုကာကွယ်စောင့်ရှောက်ပေးသလို ခံစားရတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်တယ်လို့ ဆိုလိုသတဲ့။

The Chase (ဖမ်းထားမယ်)

2015-07-29-1438179983-4597925-pic3-thumb.jpg 

တစ်ယောက်က အိပ်ရာထောင့်ရောက်နေလို့ နောက်တစ်ယောက်က ဖမ်းဆွဲထားရတဲ့အနေအထားပါ။ The Spoon နဲ့ ဆင်ပေမဲ့ မိန်းကလေးက ယောကျ်ားလေးကို နောက်ကနေဖက်ထားတဲ့အိပ်စက်ပုံမျိုး ဖြစ်တယ်။ ယောကျ်ားလေးက သူ့ကို ဖမ်းဆုပ်ထားစေချင်လို့ တမင်ပြေးပြတာမျိုးလည်း ဖြစ်နိုင်သလို သူက ခပ်ခွာခွာနေလိုတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။

The Tangle (ရစ်ပတ်ထားတယ်)

2015-07-29-1438179998-2818048-pic4-thumb.jpg 

ဒီလိုအိပ်တာမျိုးက ရှားပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရစ်ပတ်နှောင်ထားပြီး တစ်ညလုံးအိပ်ပျော်ဖို့က ခက်တယ်လေ။ ချစ်သူဖြစ်ခါစ/ညားခါစနဲ့ ချစ်တင်းနှောပြီးစအချိန်မျိုးတွေမှာသာ ဒီလိုမျိုးဖက်အိပ်ကြလေ့ရှိတယ်။ ဒီလိုအိပ်နေတာမြင်ရင် ညားခါစလင်မယားလို့ ခန့်မှန်းနိုင်ပါတယ်။

The Unraveling Knot (ကြိုးထုံးပြေတဲ့အိပ်ပုံ)

2015-07-29-1438180012-4927483-pic5-thumb.jpg 

စောနက The Tangle လို ဖက်ထားပြီး ၁၀ မိနစ်အကြာမှာတော့ ဒီပုံစံဖြစ်သွားတယ်။ နှစ်ယောက်လုံး လွတ်လွတ်လပ်လပ် အိပ်ချင်သလိုအိပ်ပျော်သွားတာ။ ဒီလိုမျိုးအိပ်ကြတာဟာ အခိုင်မြဲဆုံးအချစ်ရေးကို ပိုင်ဆိုင်ထားတဲ့စုံတွဲတွေပါတဲ့။

The Liberty Lovers (ကျောခိုင်းထားတဲ့ချစ်သူတွေ)

2015-07-29-1438180030-9982398-pic6-thumb.jpg 

တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းအိပ်တယ်။ ကျောချင်းလည်း ကပ်မနေဘူးဆိုရင် စိတ်မညစ်ပါနဲ့။ တစ်ယောက်ကိုတစ်ယောက်မထိဘဲ ကျောခိုင်းအိပ်လေ့ရှိတဲ့ စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စွာနဲ့ချစ်လို့ပါတဲ့။ ပြီးတော့ အချစ်ရေးမှာအပြန်အလှန် နီးစပ်မှုရှိပြီး အမှီခိုကင်းတယ်ဆိုတာ ပြသနေတာပါ။

 

The Nuzzle (လက်မောင်းပေါ်မှာ)

2015-07-29-1438180058-87589-pic8TheNuzzle-thumb.jpg 

ချစ်ဖို့ကောင်းတဲ့ အိပ်စက်ပုံလေးပေါ့။ ယောက်ျားလေးရဲ့လက်မောင်းပေါ်မှာ မိန်းကလေးက ခေါင်းတင်ပြီးအိပ်တာလေ။ မိန်းကလေးတိုင်း လိုလားကြတဲ့ အိပ်စက်ပုံမျိုးလည်းဖြစ်တယ်။ ခေါင်းက ရင်ဘတ်နဲ့လည်း နီးကပ်နေတာ။ ချစ်သူကို အရမ်းယုံတယ်လို့ ပြောနေတာပါ။

Source : Huffpost


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က