တကယ့်ဟာသပဲ

မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူနဲ့ချိန်းထားရင် ပိုပြီး ပြင်ကြဆင်ကြတယ်။ ချစ်သူရှေ့မှာ လှလှပပလေးပဲ ဖြစ်နေချင်တာလေ။ မိန်းကလေးတွေချည်းပဲ ပြင်ဆင်ကြသလားဆိုတော့ မဟုတ်ဘူး။ ယောက်ျားလေးတွေကလည်း ပြင်ဆင်ကြသတဲ့။ ဒါပေမဲ့ သူတို့ပြင်ဆင်ကြတာကတော့ တကယ့်အူကြောင်ကြား ဟာသအကွက်တွေပါ။

၁။ အမွေးရိတ်တယ်

149.jpg 

မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေကို ရိတ်ကြပါတယ်။ ချစ်သူလေးက ဒီအမွေးတွေကို မကြိုက်ဘူးပြောတာကိုး။ ယောက်ျားလေးအချင်းချင်းကတော့ ဒါကိုမြင်ရင် လှောင်ကြတာပဲ။ တချို့ယောက်ျားလေးတွေကတော့ မုတ်ဆိတ်မွေးတင်မက တခြားအမွေးတွေပါ ရိတ်သွားကြသေးတယ်တဲ့။

see also 

၂။ အွန်လိုင်းကနေပညာယူတယ်

20-Tips-To-Use-Google-Search-Efficiently.jpg 

ချစ်သူနဲ့ ထိုင်လို့ကောင်းမယ့် ကော်ဖီဆိုင်တို့၊ ကောင်မလေး ကြွေသွားအောင် ဘယ်လိုနမ်းရမလဲ ဆိုတာတို့ကို အွန်လိုင်းမှာ လိုက်ဖတ်ကြတယ်လို့ ယောက်ျားလေးတွေက ဝန်ခံကြတယ်။ ဒါမှမဟုတ်လည်း ဆရာကျတဲ့ ဘော်ဒါတွေဆီက နည်းတွေ အချက်အလက်တွေ တောင်းကြသေးတယ်။

၃။ ဖုန်းထဲကဟာတွေဖျက်တယ်

passcode.jpg 

တခြားလူနဲ့ ကျူထားတဲ့ call history တွေ၊ chat message တွေကို အစအနဖျောက်ကြတယ်။ ရိုးရိုးသားသား မိန်းကလေးသူငယ်ချင်းနဲ့ စနောက်ရင်တောင် ချစ်သူလေးက သဝန်တိုတတ်တော့ ဖျောက်ရပြီလေ။ တခြား ဖုံးဖိစရာတွေလည်း ဖုံးဖိပြီးမှ ချိန်းတွေ့ကြတယ်။

 

၄။ စာတွေပို့တာ အဆက်မပြတ်

ဘယ်အချိန်တွေ့မှာလဲ၊ ဘယ်ကစောင့်ရမလဲ၊ ထွက်လာနေပြီလား၊ ဘယ်နားရောက်ပြီလဲ စတာတွေကို နှစ်ယောက်သား မတွေ့မချင်း တောက်လျှောက်ကို ပို့နေပါလိမ့်မယ်တဲ့။ ဒါက စိတ်မရှည်ဘူးလို့ ထင်ရပေမဲ့ စိတ်လှုပ်ရှားနေလို့ ပို့တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ချိန်းထားတာထက် သိသိသာသာနောက်ကျနေပြီဆိုရင် ချစ်သူကို စိုးရိမ်တာလည်း ပါလို့ပါ။

Share

Loading Next Article...
က္က