အပေါင်းအသင်းတွေ ပိုတိုးလာနိုင်သလို အထီးကျန်တဲ့ခံစားမှုလည်း လျော့သွားမှာသေချာတယ်။

တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခဏခဏ ခံစားမိနေလား၊ ဒါမှမဟုတ် အမြဲတမ်းပဲ အထီးကျန်နေတာလား။ အထီးကျန်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်းရှိနေချိန်မှမဟုတ်ဘူး လူကြားထဲမှာလည်း အထီးကျန်တယ်။ ချစ်သူမရှိရင် ပိုပြီးတော့တောင် အထီးကျန်သေးတယ်။ FA တွေ အထီးကျန်နေရင် ဒါတွေလုပ်ကြည့်ပါလား။

၁။ လုပ်ချင်တာတွေချရေး

25.jpg 

ကိုယ်ဖြစ်တာ ဘာတွေလဲ။ ဝိတ်ကျဖို့၊ ဘော်ဒီလှဖို့၊ ဆံပင်ဆေးဆိုးဖို့၊ သင်တန်းတက်ဖို့ စတဲ့ ရည်မှန်းချက်တွေကို ချရေးပါ။ ရုပ်ရှင်ကြည့်မှာတို့ ခရီးထွက်မှာတို့လို တစ်ကိုယ်တော်စွန့်စားခန်းလေးတွေလည်း လုပ်ချင်ရင် ချသာရေးထား။ ပြီးရင် အကောင်အထည်ဖော်ပါ။ အပေါင်းအသင်းတွေ ပိုတိုးလာနိုင်သလို အထီးကျန်တဲ့ခံစားမှုလည်း လျော့သွားမှာသေချာတယ်။

၂။ သူငယ်ချင်းနဲ့ အမျိုးတွေဆီဖုန်းခေါ်

အဝေးရောက်နေသူအဖို့ မိသားစုနဲ့ ခွဲနေရတဲ့ဒုက္ခက အတော်ဆိုးတာနော်။ အရမ်းအထီးကျန်လာပြီဆိုရင် ကိုယ့်သူငယ်ချင်းဟောင်းတွေ မိသားစုဝင်တွေ အမျိုးတွေဆီကို ဖုန်းခေါ်လိုက်ပါ။ သူတို့ကလည်း ဝမ်းသာကြပါလိမ့်မယ်။

၃။ စေတနာ့ဝန်ထမ်း

အလုပ်ပိတ်ရက်တွေမှာ ဘာမှလုပ်စရာမရှိ ဘယ်မှသွားစရာမရှိ အခန်းအောင်းပြီး အထီးကျန်နေမယ့်အစား စေတနာ့ဝန်ထမ်းအလုပ်လေးတွေ လုပ်ကြည့်ဖို့လည်း တိုက်တွန်းပါတယ်။ ပရဟိတလုပ်ငန်းတွေမှာ လူအင်အား စိုက်ထုတ်ကူညီဖို့ အများကြီးလိုအပ်နေပါတယ်။ အိမ်နီးနားချင်းတွေရဲ့ ကလေးတွေထိန်းပေးတာကနေ ပရဟိတအသင်းတွေမှာ လုပ်အားပေးတာတွေအထိ ကိုယ်အဆင်ပြေရာကို ပူးပေါင်းနိုင်ပါတယ်။ ကုသိုလ်လည်းရ အပျင်းလည်းပြေမှာနော်။

၄။ သင်တန်းနဲ့အားကစား

2.jpg 

Zumba အကသင်တန်းတို့ ပန်းချီသင်တန်းတို့လို ဝါသနာပါမယ့် သင်တန်းတစ်ခုခုကို သင်ယူကြည့်ပါ။ ပညာရပ်အသစ်တွေကို အာရုံစိုက်မိသွားတဲ့အခါ စိတ်ညစ်တာတွေ လျော့သွားပြီး ကိုယ့်အတွက် ကောင်းမွန်ပါတယ်။

၅။ တရားထိုင်

လူကြားထဲသွားရတာ မနှစ်သက်တဲ့သူ ဆိုရင်တော့ တရားထိုင်ကြည့်ဖို့ တိုက်တွန်းပါတယ်။ တရားထိုင်တယ်ဆိုတာထက် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှုလေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်းလုပ်တဲ့သဘောပါပဲ။ ကျန်းမာရေးလည်းကောင်းပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။

၆။ ယာယီပဲလို့တွေး

 

ဘာတွေပဲဖြစ်ဖြစ် ဒါတွေအားလုံးက တစ်ချိန်မှာ ပြီးသွားမှာပဲဆိုတဲ့ မမြဲတဲ့သဘောတရားကို ခေါင်းထဲထည့်ထားရင် စိတ်ညစ်အထီးကျန်တာတွေလည်း လျော့လာမှာပါ။ စိတ်ညစ်ချိန်တွေက ခဏပဲလေ။ အချိန်တန်ရင် ပျော်စရာတွေရောက်လာမှာ။ ဒီတော့ လက်ရှိမှာ ကိုယ်ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန်နေမလဲဆိုတာကိုပဲ တွေးပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားလိုက်ပါတော့။

Source : List

 

Share

Loading Next Article...
က္က