သူတို့ရိုင်းတိုင်း ကိုယ်ပြန်ရိုင်းစရာမလိုဘူးနော်။

အချင်းချင်း ပြောဆိုဆက်ဆံတဲ့အခါ စကားကို ကြမ်းကြမ်းတမ်းတမ်းမပြောဖို့၊ မရိုင်းပျဖို့ လူကြီးသူမတွေက ဆုံးမကြတယ်။ ဒေါသအရမ်းထွက်လာရင်တော့ မရပါဘူး။ ပြောရင်းနဲ့ စကားကြမ်းသွားရော။ တချို့တွေကျတော့လည်း အမြဲတမ်းစကားကို ရိုင်းရိုင်းပြောတယ်။ ပြောပုံဆိုပုံကလည်း ဘယ်တော့မှအချိုးမပြေဘူး။ ဒီလိုလူတွေနဲ့တွေ့လာရင် ဘယ်လိုပြန်ပြောကြမလဲ။

၁။ အချိုးမပြေတဲ့လုပ်ဖော်ကိုင်ဖက်

26.jpg 

အလုပ်ထဲက အဆင်မပြေစရာတွေကို ခေါင်းထဲ တစ်ချိန်လုံးထည့်ထားမနေပါနဲ့။ ဒေါသကြီးနဲ့ အိပ်ရာဝင်ရတာ မကောင်းဘူး။ ဒီလိုမျိုး ပြောလို့ဆိုလို့အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အီးမေးလ်ကပဲပြောမယ်လို့ အကြောင်းပြန်လိုက်ပါ။ မျက်နှာချင်းဆိုင်ပြီး ပြောမနေပါနဲ့။

see also 

၂။ ပထမဆုံးချိန်းတွေ့ချိန်မှာအဆင်မပြေတဲ့အခါ

အွန်လိုင်းမှာတွေ့ပြီး အပြင်မှာတွေ့ဖို့ ချိန်းလိုက်ကြတယ်။ ပထမဆုံးတွေ့တဲ့အချိန်မှာပဲ ဒီလူနဲ့အဆင်မပြေမှန်း မိနစ်ပိုင်းအတွင်းမှာတင် သိလိုက်ရပြီ။ အစားအသောက်တွေကို ပြစ်တင်နေမယ်၊ သူ့အကြိုက်ဂိမ်းအကြောင်းပဲတောက်လျှောက်ပြောနေမယ်၊ အရင်ရည်းစားတွေအကြောင်းကို ပါးစပ်အရသာခံပြောနေမယ်ဆို ကိုယ်က ဘယ်လိုမှအဆင်မပြေတော့ဘူး။ ဒါတွေက မပြောသင့်တဲ့စကားမှန်း သူသိဖို့ကောင်းတယ်။ ဒါပေမဲ့ သူက ဂရုမစိုက်ဘဲ ကိုယ့်ကိုမလေးစားဘဲ ပြောချင်တိုင်းပြောနေမယ်ဆိုရင်တော့ ကိုယ်က ဒေါသထွက်လာမိမှာပဲ။ တွေ့ရာနဲ့ကောက်ထုပြီး ပြန်ပြောပလိုက်ချင်လာတယ်လေ။ တကယ်တော့ သူ့မှာစိတ်ဒဏ်ရာတစ်ခုခု ရှိနေလို့ ဒီလိုတွေလုပ်နေတာပါ။ သူ့မှာအဆင်မပြေတဲ့ နာကျင်စရာကိစ္စတွေရှိနေသလားဆိုတာ ကိုယ်က မေးမြန်းပြီး နားထောင်ပေးလိုက်ဖို့ကောင်းပါတယ်။ သူ့ရဲ့အတိတ်ဖြစ်ရပ်ဟာ ကိုယ်နဲ့အတူလျှောက်မယ့် အနာဂတ်မှာ မသက်ဆိုင်ဘူးဆိုတာ သူရောကိုယ်ပါလက်ခံရပါမယ်။ ပြန်ရိုင်းပျဖို့ မလိုပါဘူးနော်။

၃။ အာကျယ်အာကျယ်သမား

dreamstime_s_48143939.jpg 

အထူးသဖြင့် အမျိုးတွေပေါ့။ ကိုယ်နဲ့အမြဲတွေ့နေရတဲ့ မိသားစုဝင်တွေက ဒါမျိုးတွေမပြောကြဘူး။ သူတို့ရောက်လာမှ အာပေါင်အာရင်းသန်သန်နဲ့ အော်ဟစ်ပြောနေတာမျိုး ကြုံဖူးလား။ သူတို့နဲ့ကြုံနေရပြီဆိုရင် "ကျွန်တော်/ကျွန်မနဲ့နေရင် ဂရုစိုက်ပေးပါလား၊ အရမ်းကို ဆတ်ဆတ်ထိမခံ ဖြစ်တတ်လို့ပါနော်" ဆိုပြီး လေသံချိုချိုလေးနဲ့ပဲပြောလိုက်ပါ။ ကိုယ်က သူတို့နဲ့စရိုက်မတူဘူးဆိုတာကိုရော မနှစ်သက်ဘူးဆိုတာကိုပါ သိသွားတာပေါ့။

၄။ ရိုမန့်တစ်ဆန်တဲ့ချစ်သူ

51.jpg 

ပုံမှန်အားဖြင့်တော့ သူက အရမ်းကိုရိုမန့်တစ်ဆန်ပြ ချစ်ပြတတ်တာလေ။ အခန့်မသင့်လို့ ရန်ဖြစ်စကားများတော့မှ စကားတွေက ကန့်လန့်တွေတိုက်လာတာ။ ဒီလိုမျိုးမှာဆိုရင် "ဒီသီချင်းလေးနားထောင်ကြည့်ပါလား"လို့ ပြောပြီး သူရောကိုယ်ပါကြိုက်မယ့်သီချင်းကို ပို့ပေးလိုက်ပါ။ ဒါမှမဟုတ် ဖွင့်ပြလိုက်ပါ။ အိုကေသွားပါလိမ့်မယ်။

 

၅။ အွန်လိုင်းပေါ်ကလှောင်ပြောင်နေသူ

ကိုယ်နဲ့လည်းမရင်းနှီးဘဲ အသားလွတ်ကြီး အွန်လိုင်းပေါ်မှာ လာစော်ကားနေတာမျိုးလား။ အချိန်ကုန်ခံမနေနဲ့ ဘလော့လိုက်တာအကောင်းဆုံးနည်းပါပဲ။

Source : Oprah

Share

Loading Next Article...
က္က