ဟုတ်လား မဟုတ်လား ဖတ်ကြည့်.....

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်ဆိုတာ သူ့ရဲ့အပြုအမူတွေကိုကြည့်ရင် သိနိုင်ပါတယ်။ သင်ကရော မျက်ခုံးမွေးကို ဘယ်လိုထားရတာ သဘောကျလဲ။ သင့်မျက်ခုံးမွေးပုံစံက သင့်ရဲ့အမူအကျင့်တွေကို ဖော်ပြနေပါသတဲ့။

ခုံးမျက်စသုံးရက်လ

46.jpg 

အရင်တုန်းကတော့ ဒီလိုမျက်ခုံးတွေက လူကြိုက်အရမ်းများခဲ့တယ်။ လဆန်း ၃ ရက်နေ့မှာထွက်တဲ့ လခုံးခုံးလေးကို မျက်ခုံးကို တင်စားကြတာ။ ပါးပါးခုံးခုံးလေးပေါ့။ ဒီမျက်ခုံးပိုင်ရှင်တွေဟာ ရုပ်ရှင်၊ တီဗီကြည့်ရတာ သဘောကျကြတယ်။ လူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတတ်တယ်။ ဖက်ရှင်တွေဆိုရင်လည်း ကျားရောမပါ ဝတ်လို့ရတဲ့ပုံစံတွေ ကြိုက်တယ်တဲ့။

ဖြောင့်ဖြောင့်တန်းတန်း

22788884_1581144225306852_6929213084263865686_n.jpg 

ကိုရီးယားစတိုင်လ် မျက်ခုံးထူထူတန်းတန်းလေးက ဖက်ရှင်ကျသူလို့ ပြောနေတာပါ။ ခေတ်မီတယ်၊ အသစ်အဆန်းတွေစိတ်ဝင်စားတယ်။ သူတို့တွေရှက်တဲ့အခါ ချစ်စရာကောင်းတယ်။ ရုပ်ရှင်ကားဟောင်းတွေကို ကြည့်ရတာ သဘောကျတတ်ကြတယ်တဲ့။

ထူထူပြားပြား

မိုးဟေကိုတို့လို မျက်ခုံးထူထူ အပြားကြီးကြီးတွေပေါ့။ အနုပညာဓာတ်ခံရှိတဲ့လူတွေပါတဲ့။ ကဖင်းဓာတ်ပါတာတွေကို စွဲလမ်းကြသူလည်းဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။

တိုတဲ့မျက်ခုံး

img_0846.jpg 

သူတို့တွေကလေ အလိုလိုနေရင်းကို ချစ်စရာကောင်းနေတာ။ ကြောင်ချစ်တတ်ကြတယ်ဆိုပဲ။ ဒါပေမဲ့ ဘာမှန်းမသိတဲ့ စိတ်ဖိစီးမှုတွေက အမြဲတမ်းဖြစ်နေတာ။

 

ထောင့်ချိုး

မျက်ခုံးစောင်းစောင်းလေးက အစွယ်နေရာမှာ ထောင့်ချိုးလေးဖြစ်သွားတာ။ ခုခေတ် မိန်းကလေးအတော်များများရဲ့စတိုင်လ်ပေါ့။ ဒရာမာကွင်း (drama queen) တွေ ဖြစ်ကြတာများတယ်။ တစ်ခုခုဆိုရင် လူသိအောင်လုပ်ပြချင်ကြတာတဲ့။

Source : Buzzfeed

Share

Loading Next Article...
က္က