မတူညီတာတွေကို ချစ်တဲ့စိတ်နဲ့ပြောင်းလဲနိုင်မလား၊ ပြောင်းလဲလို့မရတာတွေလား?

တကယ်ချစ်ရင်ဆိုပြီး အစချီထားတဲ့ စာတွေ၊ အကြံဉာဏ်တွေကို အများကြီး ဖတ်ဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ကိုတကယ်ချစ်ရင် ဘာလုပ်ပေးမလဲဆိုတာကိုရော ကိုယ်က တကယ်ချစ်ရင် ဘယ်လိုလုပ်မိသလဲဆိုတာကိုရော ကောင်းကောင်းသိပြီးပြီ။ ကိုယ်ရောသူပါ အပြန်အလှန်ချစ်တယ်ဆိုတာ သေချာပြီဆိုမှ ရှေ့ဆက်နိုင်မှာပေါ့။ အခုပြောပြမယ့် အဆင့်နှစ်ဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးပြီဆိုရင်တော့ နှစ်ဦးသား အချိန်အကြာကြီး ချစ်နိုင်ဦးမှာ သေချာပါတယ်။



 

ပထမအဆင့် - ပြောင်းလဲနိုင်တာနဲ့ မပြောင်းနိုင်တာကို နားလည်ခြင်း

တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အချက်တွေရှိတယ်။ ဒါ သဘာဝပဲ။ ဘယ်သူကမှ ကိုယ်နဲ့ထပ်တူကျတယ်ဆိုတာမရှိဘူး။ မတူညီတာတွေကို ချစ်တဲ့စိတ်နဲ့ပြောင်းလဲနိုင်မလား၊ ပြောင်းလဲလို့မရတာတွေလားဆိုတာ နားလည်နိုင်ရမယ်။

see also 

မတူတာတွေကို ညှိတဲ့အခါ ပြောထားတဲ့ ကတိကဝတ်ကို စောင့်ထိန်းမှုမရှိဘူးဆိုရင် လက်သင့်ခံနိုင်စရာအကြောင်းမရှိဘူး။ စော်ကားနှိပ်စက်တာ၊ သစ္စာဖောက်တာ၊ ချစ်သူအပေါ်ကြင်နာပေးဖို့အတွက် လစ်လျူရှုတာတွေကို နဂိုတည်းက ကြိုညှိထားပြီးသား။ ဒီအကျင့်တွေကို ပြောင်းလဲပေးနိုင်ရမယ်။ မပြောင်းလဲဘူးဆိုရင်ရှေ့ဆက်လို့မရဘူး။

 

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကိုရော ဘယ်လိုလုပ်ကြမလဲ။ ဒါတွေကပဲ ပြဿနာတွေဖြစ်လာမှာဆိုတော့ ကိုင်တွယ်ဖြေရှင်းကြရမယ်။ ဖျောက်လို့ရတာဖျောက်၊ ဖျောက်လို့မရတဲ့အကျင့်ဆိုရင်တော့ သဘောတူညီမှုယူပြီး ဖြေရှင်းရမယ်။ ဥပမာပြောရရင် ရာသီလာချိန်တိုင်း စိတ်တိုဒေါသထွက်၊ ငိုလိုက်ရယ်လိုက် ဖြစ်နေတာက ပြင်မရတဲ့ကိစ္စ။ ဒါကိုတော့ တစ်ဖက်က နားလည်ပေးရမယ်။ ဒါမှမဟုတ် အဲ့ဒီရက်တွေမှာ အဆက်အသွယ်သိပ်မလုပ်တာမျိုး အရေးကြီးကိစ္စတွေကို မပြောကြတာမျိုး စတဲ့ ဖြေရှင်းနည်းတွေ သုံးကြည့်ပါ။ တချို့အကျင့်တွေက လုံးဝပြင်မရတာမို့ လက်ခံပေးဖို့ကြိုးစားသင့်တယ်။

ဒုတိယအဆင့် - ပြောင်းလဲဖို့ဟာ ကိုယ့်တာဝန်

 

ကိုယ်သူ့ကိုချစ်လို့ ပြောင်းလဲမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါ ကိုယ့်တာဝန်ပဲ။ သူများကိုလွှဲချစရာ မှီခိုစရာမလိုဘူး။ ကိုယ့်ချစ်သူဆီက အဆက်မပြတ် တောင်းဆိုမှုတွေ စွက်ဖက်မှုတွေ ရှိလာရင် ဘယ်အတွဲမှ ကြာကြာမခံပါဘူး။ ဒီတော့ ကိုယ့်အနေနဲ့လည်း ကိုယ့်အတွက် လက်ခံပေးဖို့ခက်တဲ့အကျင့်တွေကို သူ့ကို ထုတ်ပြောရမယ်။ သူကလည်း ပြောလာတဲ့အခါ ကိုယ့်ဘက်က ပြုပြင်ပြောင်းလဲရမယ်။ ဒါပေမဲ့ နှစ်ဖက်လုံးက ဒါကို နားလည်လက်ခံပြီး ပြောင်းလဲတာပဲ ဖြစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ မလုပ်ခင်လုပ်ချင်နဲ့ စိတ်ညစ်ခံပြီး လုပ်ရတဲ့အရာတွေက ကြာလာရင် စိတ်ဖိစီးမှုတွေဖြစ်လာပြီး ပေါက်ကွဲသွားနိုင်တယ်။ ပထမအဆင့်က ပြောင်းလဲစရာ ညှိနှိုင်းစရာတွေကို နားလည်ပြီးနောက်မှာ စိတ်လိုလက်ရနဲ့ စိတ်ဖိစီးမှုမရှိဘဲ ပြုလုပ်နိုင်တယ်ဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တာ သေချာပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က