Su Yee Moe

တောင်ကယ်ရိုလိုင်းနားက ဖခင်တစ်ဦးဟာ ယခုနှစ် ဟော်လိုဝင်းပွဲမှာ သမီးလေးအတွက် အထူးဝတ်စုံတစ်ခု ကိုယ်တိုင်ပြုလုပ်ပေးခဲ့တဲ့အကြောင်းဟာ သတင်းဌာနတွေဆီ ရောက်သွားပါတယ်။ အဲ့ဒီဖေဖေနာမည်က တင်မ် ဘားကတ်လို့ခေါ်ပါတယ်။ တင်မ် လုပ်ခဲ့တဲ့ ဝတ်စုံက အမြင့် ၇ ပေ၊ ၈ လက်မ ရှိတဲ့ Groot ဝတ်စုံဖြစ်ပါတယ်။

groot-costume1-ht-mem-171024_4x3_992.jpg 

တင်မ်ရဲ့ သမီးလေးဖြစ်တဲ့ အသက် ၃ နှစ်အရွယ် အမ်မီလီယာဂရေ့စ်ဟာ Guardians of the Galaxy ဇာတ်ကားကို အရမ်းသဘောကျသူလေးပါ။ သမီးလေးရဲ့အကြိုက်ကို လိုက်လျောတတ်တဲ့တင်မ်က အမြဲတမ်း အံ့သြစရာတွေကို ဖန်တီးပြခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်စဉ် ဟော်လိုဝင်းပွဲရောက်ပြီဆို ဝတ်စုံအလန်းတွေ လုပ်ပြလွန်းလို့ အိမ်နီးချင်းတွေကတောင် ဒီအချိန်ဆို သူ့ဝတ်စုံကို မျှော်လင့်နေတတ်လာကြပါပြီ။

see also 

costume-halloween1-ht-mem-171024_v2x1_4x3_992.jpg 

ဒီနှစ်အတွက်တော့ တင်မ်က Guardians of the Galaxy ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေကို ဖန်တီးခဲ့တာပါ။ သူ့အတွက် Groot ဝတ်စုံ၊ သမီးလေးအတွက် Rocket Raccoon ဝတ်စုံကို ပြုလုပ်ခဲ့ပါတယ်။ ဇနီးသည် ကတ်သရင်းကတော့ Gamora ပုံစံ ဝတ်ဆင်ဖို့ရာ တင်မ်က ဖန်တီးပေးခဲ့ပါတယ်။ တကယ်ကို အလန်းစားပါပဲ။

groot-costume2-ht-mem-171024_v2x1_4x3_992.jpg 

Groot ဝတ်စုံ ဖန်တီးဖို့အတွက် အချိန်အားဖြင့် ၃၀၂ နာရီလောက် ကြာခဲ့တယ်လို့ တင်မ်က ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ သုံးထားခဲ့တဲ့ အစိတ်အပိုင်းအဟောင်းတွေ ပစ္စည်းတွေကနေ Groot ဝတ်စုံရအောင် ပြုလုပ်ခဲ့တာပါ။ ဒီဝတ်စုံထဲမှာ လေအေးပန်ကာတစ်ခုလည်း ထည့်သွင်းထားပြီး သူ့အရပ်ရှည်လာအောင် ၁၆ လက်မမြင့်တဲ့ ဆေးသုတ်ဒေါက်တိုင်လေးကို တပ်ထားပြီး ဝတ်ခဲ့ပါတယ်။

Source : ABC

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က