နောက်တစ်ခါ ဒိတ်မယ်ဆိုရင် ဒီနေရာလေးတွေကို သွားကြည့်နိုင်ပါတယ်။

ချစ်သူနဲ့ ချိန်းတွေ့ဖို့ ဒါမှမဟုတ် ချစ်သူဖြစ်ဖို့အတွက် အချိန်ယူလေ့လာနေချိန်မှာ ချိန်းတွေ့ကြမယ်ဆိုရင် အများဆုံး ရွေးကြတာ အေးအေးဆေးဆေး စကားပြောလို့ရတဲ့ ဆိုင်တစ်ဆိုင်ပဲ ဖြစ်မယ်ထင်ပါတယ်။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်ကောင်းကောင်း ၊ ဘား ၊ ရုပ်ရှင်ရုံ စတဲ့နေရာတွေကိုပဲ လှည့်ပတ်သွားနေရတာ ကြာတော့ ငြီးငွေ့လာပြီလေ။ မိန်းကလေးအတွက်လည်း စိတ်ချလုံခြုံမှုရှိပြီး နှစ်ယောက်လုံးအတွက် ပျော်ရွှင်ရမယ့် နေရာလေးတွေကို အကြံပေးလိုက်ပါတယ်။ နောက်တစ်ခါ ဒိတ်မယ်ဆိုရင် ဒီနေရာလေးတွေကို သွားကြည့်နိုင်ပါတယ်။

၁။ ကစားကွင်း

26159920846_9ce612a351_o.jpg 

Indoor ကစားကွင်းတွေရော outdoor ကစားကွင်းတွေရော သွားကြည့်ပါလား။ အထူးသဖြင့် ရုံးမှာ တစ်နေကုန်ထိုင်နေရတဲ့အလုပ်ကို လုပ်နေရသူတွေဆိုရင် သွားသင့်ပါတယ်။ စိတ်အပန်းလည်းပြေပြီး တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ကျွမ်းတဲ့ကစားနည်းကိုပဲ မကစားနဲ့။ သူ့ကိုလည်း အနိုင်ရပါစေ။ နှစ်ယောက် အရမ်းပြိုင်ဆိုင်ရတာမျိုးကလည်း အခန့်မသင့်ရင် အမုန်းပွားသွားရနိုင်တယ်။ နောက်တစ်ခေါက် တွေ့ချင်သေးတယ်ဟုတ်?

၂။ ဝိုင်မြည်းစမ်းခြင်း

WineTasting.008.jpeg 

ဘားမှာ တွေ့ဖြစ်တယ်ဆိုရင် ဝိုင်ကို အဓိကရောင်းတဲ့ ဘားမျိုးကို ရွေးကြည့်ပါ။ ဝိုင်တစ်ပုလင်းတည်းမဟုတ်ဘဲ ဝိုင်တွေအများကြီးကို နည်းနည်းစီ မြည်းလို့ရတာမျိုးက စိတ်ချမ်းမြေ့စရာကောင်းတယ်။ ဝိုင်သောက်တဲ့အခါ ဖန်ခွက်ရဲ့ သုံးပုံတစ်ပုံထက် ကျော်အောင် မထည့်ရဘူး။ ခွက်ကို စက်ဝိုင်းပုံဝေ့ဝိုက်ပြီး ဝိုင်နဲ့ အောက်ဆီဂျင် ဓာတ်ပြုအောင်ထား၊ ပြီးတော့မှ ဖြည်းဖြည်းချင်း အနံ့နဲ့ အရသာကို မြည်းစမ်းရတာပါ။ အချင်းချင်း အပြန်အလှန် ဆွေးနွေး စကားပြောရင်း ခံစားချက်တွေကို ဖလှယ်ရတာလည်း ကောင်းတာပဲမဟုတ်လား။

၃။ ချက်ပြုတ်နည်းသင်တန်း

Promo-1400x560.jpg 

ချက်ပြုတ်တယ် ဆိုပေမဲ့လို့ မုန့်လုပ်နည်း ၊ သစ်သီးဖျော်ရည် ပြုလုပ်နည်းတို့လို ရက်တိုသင်တန်းလေးတွေကိုလည်း ထည့်သွင်း စဉ်းစားစေချင်တယ်။ နှစ်ယောက်လုံး စိတ်ပါဝင်စားဖို့တော့ လိုတာပေါ့။ အသစ်အဆန်းတစ်ခုကို နှစ်ယောက်အတူ လေ့လာသင်ယူတာက ရင်းနှီးမှုပိုရစေတယ်။ ကိုယ်တိုင်အတွက်လည်း ပညာသစ်တွေ ရတယ်။

၄။ အပျော်စီးသင်္ဘော

Law-of-Attraction-Success-Stories-Love.jpg 

ညနေဘက်မှာ ဘားတစ်ခုမှာထိုင်ပြီး စကားပြောတာထက် လေညှင်းလေးခံရင်း သင်္ဘောစီးရတာလည်း ကောင်းမယ်လို့ ထင်ပါတယ်။ မြစ်တွင်း အပျော်စီးလို့ရတဲ့ သင်္ဘောတွေလည်း ရှိနေပြီဆိုတော့ မဒိတ်ဖူးသေးရင် သင်္ဘောစီးတဲ့ဒိတ်လေး ဖန်တီးကြည့်ပါဦး။

Share

Loading Next Article...
က္က