ရင်းနှီးတာနဲ့ အီစီကလီလုပ်တာနဲ့ မတူဘူးလေ။

ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားတာနဲ့ ယောက်ျားတစ်ယောက်ရဲ့ဘဝကို စိတ်ဝင်စားတာ အကွာကြီးပါ။ မိန်းကလေးတွေအနေနဲ့ ယောက်ျားလေးမိတ်ဆွေတွေကို ခင်ခင်မင်မင် ပေါင်းပြီဆိုရင် နားလည်မှုလွဲတာလည်း ခံရသေးတယ်။ တကယ်လို့ အဲ့ဒီယောက်ျားလေးက မိန်းကလေးတစ်ယောက်ကို ပျူငှာဖော်ရွေပြီဆိုရင် ကြိုက်နေလို့များလားဆိုပြီး ထင်ကြတာလေ။ အီစီကလီလုပ်တာနဲ့ ရင်းနှီးတာ မတူပါဘူး။ ဒါကြောင့်မို့လို့ အီစီကလီလုပ်တာမျိုး မဟုတ်ဘဲ ကိုယ်လေးစားတဲ့ ယောက်ျားတစ်ယောက်နဲ့ ခင်မင်အောင်နေဖို့အတွက်ဆို ဒီလိုလေးတွေက အဆင်ပြေမယ်ထင်ပါတယ်။

၁။ ကိုယ်သဘောကျတဲ့လူရှိပြီးသားဆိုတာ သိပါစေ

42.jpg 

ကိုယ့်ဘက်က အရင်စပြီး ရည်းစားရှိတယ်ဆိုတာ ဒါမှမဟုတ် ကြိတ်ခိုက်နေရတဲ့လူ ရှိတယ်ဆိုတာ ဦးအောင် ပြောပြထားလိုက်ပါ။ ကိုယ့်မှာချစ်ရမယ့်လူ ရှိပြီးသားဖြစ်လို့ သူ့ကို ဘယ်လိုမှ စိတ်ဝင်စားလာမှာမဟုတ်ကြောင်း၊ ခင်ချင်တာသာဖြစ်ကြောင်း သူသိပါစေ။ စကားလမ်းကြောင်းကိုပြောင်းပြီး ရုတ်တရက်တော့ မပြောလိုက်နဲ့ပေါ့။ သူ့သိက္ခာလည်း ရှိသေးတာကိုး။ စကားလမ်းကြောင်းပေါ်ရောက်အောင် ဆွဲခေါ်ပြီးမှ ပြောပါ။

၂။ အဖွဲ့လိုက်တွေ့ပါ

16.jpg 

နှစ်ယောက်တည်းတွေ့ဖို့ မကြိုးစားပါနဲ့ဦး။ အဖွဲ့လိုက် ဆုံမယ့် နေရာမျိုးမှာ စကားပြောပါ။ ကိုယ့်ဘက်ကအရင် နှစ်ယောက်တည်းတွေ့ဖို့ ချိန်းလိုက်ရင် သူ အထင်လွဲသွားနိုင်တယ်။

၃။ မိန်းကလေးတွေပေါင်းသလို မပေါင်းနဲ့

မိန်းကလေးအချင်းချင်းဆိုရင် သာလိကာတွေလို တတွတ်တွတ် စကားတွေ ပြောနေကြတာလေ။ အတင်းတွေလည်းအုပ်၊ အစားတွေလည်းစား စကားတွေလည်းများကြတာ။ ဒါပေမဲ့ ယောက်ျားလေးမိတ်ဆွေတွေနဲ့ဆိုရင်တော့ ဒီလိုပေါင်းလို့မရဘူး။ အထူးသဖြင့် ကိုယ်လေးစားရတဲ့ ယောက်ျားလေးတွေနဲ့ ခင်မင်ချင်ရင် မိန်းကလေးသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုမူသလိုမျိုးတွေကို မလုပ်မိပါစေနဲ့။

၄။ အသားကိုမထိရဘူး

14.jpg 

စကားပြောရင်း အားပါပြီး လက်နဲ့ပုတ်တာ၊ အသားချင်းထိမိတာတွေ မလုပ်မိဖို့ သတိထားပါ။ သူတို့ကို အထာပေးတယ်၊ အီစီကလီလုပ်တယ်လို့ ထင်သွားရင် မကောင်းဘူး။ ကိုယ်ကလည်း အထင်မခံချင်ဘူးမို့လား။

Source : Shape

Share

Loading Next Article...
က္က