လာမယ်ပြောပြီး မလာတာကမှ ပေါင်းသင်းဆက်ဆံရေးပျက်စီးရမှာ။

ကိုယ့်ရဲ့ လူမှုရေးပြက္ခဒိန်မှာ သွားစရာတွေနဲ့ ပြည့်နှင့်နေပြီးသား အခြေအနေမျိုးဆိုရင် နောက်ထပ် ဖိတ်ကြားမှုတွေကို မသွားနိုင်တော့ဘူး။ ရုံးပိတ်ရက်လေးပဲ အားတာဆိုတော့ ကြိုပြီးချိန်းထားတာတွေရှိတယ်။ ဖျက်လို့မရဘူးလေ။ အဲ့လိုမျိုးမှာ ကိုယ့်ကို အလည်လာဖို့၊ တွေ့ဆုံဖို့ ဖိတ်လာတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မျက်နှာပျက်စရာတွေ ဖြစ်ကုန်တော့မှာဆိုတော့ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ငြင်းလိုက်ရတော့မှာပါ။ နောက်တစ်ခုကတော့ ဘယ်သူတွေ ဘယ်လိုဖိတ်ဖိတ် ကိုယ်က ခေါ်တိုင်းသွားတဲ့လူမျိုးလည်း မဟုတ်ဘူးမို့လား။ ငြင်းပယ်တတ်ဖို့ အရေးကြီးပါတယ်။

၁။ မသွားနိုင်လို့ မသွားတာ ပြဿနာလို့မမှတ်နဲ့

5.jpg 

ပထမဆုံး ပြောချင်တာကတော့ ကိုယ်က တကယ်အဆင်မပြေလို့၊ ဒါမှမဟုတ် သွားချင်စိတ် လုံးလုံးလျားလျားမှကို မရှိလို့ မသွားဘဲနေတာ။ ဒါ ဘယ်သူ့အပြစ်မှမဟုတ်ဘူးလေ။ အဲ့ဒီအတွက် မလာနိုင်ဘူးလို့ ငြင်းဖို့ရာ စိုးရွံ့မနေပါနဲ့။

၂။ မတည်တဲ့စကား

150973767-56a2b1c33df78cf77278e143.jpg 

အဲ့ဒီကို သွားမှာမဟုတ်ဘူး၊ သွားလည်း မသွားနိုင်ဘူးဆိုတာ ကိုယ်ကအသိဆုံး။ အဲ့တာကို ပြီးစလွယ်နဲ့ လာပါ့မယ်လို့ ကတိမပေးရဘူး။ ကတိပေးပြီး မတည်တာကမှ ပေါင်းသင်းဆက်ဆံရေးပျက်စီးရမှာ။

၃။ ဘယ်လိုငြင်းမလဲ

24.jpg 

လူတွေဟာ ဖိတ်ခေါ်မှုတွေကို ငြင်းပယ်တဲ့အခါ လိုတာထက်ပိုနေတဲ့ ဖြေရှင်းချက်တွေ အများကြီး ပေးမိကြတယ်။ လုပ်စရာတွေ တောင်လိုပုံနေတယ်ဆိုပြီး ကိုယ့်အလုပ်တွေကို တန်းစီမရွတ်ပြပါနဲ့။ ရိုးရိုးသားသားနဲ့ အရှင်းဆုံးစကားပဲ ပြောလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သက်တောင့်သက်သာပြောနေတာမဟုတ်မှန်း တစ်ဘက်က အလွယ်တကူ ရိပ်မိနိုင်တယ်။

ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ကြောင်းကို အရင်ဆုံးပြောပါ။ ကိုယ့်မှာ ချိန်းထားတာတွေ ရှိနေလို့ အချိန်ရ မရ ဆိုတာ ပြန်ကြည့်ပါ့မယ်လို့ ပြောရမယ်။ ဒါမှမဟုတ် အဲ့ဒီလိုမျိုး ပျော်စရာကောင်းမယ့်ပွဲကို မလာနိုင်တာ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြည့်ပါ။ ဒီလောက်ဆိုရင်ပဲ အကြောင်းပြချက် အပိုတွေ ပေးစရာ လိုတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘာာ တခြားကိုပဲသွားသွား၊ တမင်မသွားချင်လို့ အိမ်မှာပဲနှပ်နေတာဖြစ်ဖြစ် ဒီစကားလေးတွေ ပြောလိုက်ရင် အဆင်ပြေပါလိမ့်မယ်။

Source : Huffpost

Share

Loading Next Article...
က္က