Su Yee Moe

ချစ်သူမဖြစ်ခင်ကသာ အပြန်အလှန် အီစီကလီလုပ်ပြီး တီတီတာတာတွေပြောကြတာ။ ချစ်သူဖြစ်သွားပြီလည်းဆိုရော အဲ့ဒီလိုစကားတွေ သိပ်မပြောဖြစ်ကြဘူး။ ကိုယ့်ချစ်သူကို တီတီတာတာစကားလေးတွေ ပြောတတ်ဖို့လည်း လိုသေးတယ်။ ဒါမှ အချစ်တွေ မလျော့မှာပါ။ ဘယ်လိုလေးတွေ ပြောရင် သူသဘောကျမလဲဆိုတော့.....

၁။ ချစ်တယ်

51.jpg 

အလွယ်ဆုံးက အရင်စပြောရအောင်။ ချစ်တယ်ဆိုတဲ့စကားဟာ လူတိုင်းနားထောင်ချင်တဲ့စကားပါ။ ကိုယ်ချစ်ရတဲ့လူဆီက ကြားရတာဆိုတော့ ပျော်တာပေါ့။

၂။ ကမ္ဘာလုံးမှာ အလိုချင်ဆုံးအရာက ကိုကို/မောင်ပါ

ကြည့်ပါဦး... ချွဲတတ်လိုက်တာလို့ ပြန်ပြောလိမ့်မယ်။ ဒါပေမဲ့ သူတကယ်ပဲ ပိတီတွေဖြာနေတော့မှာ။

၃။ လုံခြုံတယ်

33.jpg 

မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ့်ချစ်သူအနားမှာ နေရရင် စိတ်ထဲမှာ လုံခြုံနွေးထွေးမှုကို ခံစားရပါတယ်။ ဒါကို ကိုယ်တိုင်လည်း ခံစားမိတာပဲမဟုတ်လား။ သူ့ကို ထုတ်ပြောပြလိုက်ရင် သူလည်းစိတ်ချမ်းသာသွားမှာ။ ကိုယ့်ချစ်သူလေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဟီးရိုးကြီးပေါ့။

၄။ အမှတ်တရအချိန်လေး

43.jpg 

" ကိုကို.... မှတ်မိသေးလား။ ချစ်တို့ ခရီးသွားတုန်းကလေ....." အဲ့လိုမျိုး အစချီတဲ့ အမှတ်ရစရာ ဖြစ်ရပ်လေးတွေကို ပြန်ပြောရတာလည်း သူသဘောကျပါတယ်။ သူနဲ့ပတ်သက်သမျှအရာတွေကို မှတ်မိနေတယ်ဆိုတာ ပြောပြခြင်းအားဖြင့် သူ့ကို အလေးထားရာရောက်တယ်။ ခေါင်းထဲမှာ အမြဲတမ်း သူ့အကြောင်းပဲတွေးနေတယ်ဆိုတာ သိရတဲ့အတွက် သူ့အသည်းနှလုံးတွေ အရည်ပျော်ကျသွားတော့မှာ။

ဒီ့ထက်မကတဲ့ ချစ်စကားတွေလည်း အများကြီးရှိမှာပါ။ ပြောတတ်မယ်လို့လည်း ထင်ပါတယ်။ တကယ်တော့ ကိုယ့်ချစ်သူကို ကိုယ်ပြန်ကျူရတာ ရယ်စရာကောင်းတယ်လို့ ထင်ရပေမဲ့ လုပ်သင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ချစ်သူဖြစ်သွားပြီမို့လို့ ကျူစရာမလိုတော့ဘူးလို့ မထင်လိုက်နဲ့။ ပိုပြီးတော့တောင် ချစ်ပြရမှာပါ။ ဒါမှ အချစ်ရေးလည်း သာယာပြီး နောက်ထပ် အချိန်တွေ အများကြီးထိ လက်တွဲထားနိုင်မှာပါ sis တို့ရေ။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က