Su Yee Moe

သူငယ်ချင်းကောင်းတွေရှိတာက အရာအားလုံးကို ပိုကောင်းသွားစေတယ်။ စစ်မှန်တဲ့သူငယ်ချင်းတွေဟာ ပျော်ရွှင်မှု၊ ရယ်မောခြင်းနဲ့ ကျန်းမာရေးတို့အတွက် ရင်းမြစ်တွေလည်းဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် သူငယ်ချင်းကောင်းတွေကြောင့် အရွယ်ရလာချိန်မှာ ကျန်းမာရေးကို သိသိသာသာ ကောင်းကျိုးဖြစ်စေတာ တွေ့ရတယ်။

14.jpg 

Northwestern University က သုတေသီတွေဟာ အသက်ကြီးသူတွေရဲ့ လူမှုရေးပတ်ဝန်းကျင်က သူတို့ရဲ့ကျန်းမာရေးကောင်းမှုနဲ့ ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်။ လေ့လာမှုမှာတော့ အသက်ကြီးပုဂ္ဂိုလ် ၅၀ ဦး ပါဝင်ခဲ့ပြီး ၃၁ ဦးကတော့ အသက်အရမ်းကြီးသူတွေဖြစ်ကာ ၁၉ ဦးကတော့ သက်တူရွယ်တူတွေနဲ့ယှဉ်ရင် ပုံမှန်အတိုင်းအိုမင်းသူတွေ ဖြစ်ပါတယ်။ အလွန်အိုမင်းနေသူတွေထဲမှာ အသက် ၈၀ ကျော် အမျိုးသမီး၊ အမျိုးသားတွေ ပါဝင်ပြီး မှတ်ဉာဏ်လျော့နေသူတွေပါဝင်ပါတယ်။

aging-brain-booster_1350.jpg 

လေ့လာမှုမှာ ပါဝင်သူတွေကို သူတို့ရဲ့ စိတ်ပညာဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေးခွန်း ၄၂ ခုကို မေးမြန်းခဲ့တယ်။ အလွန်အိုမင်းသူတွေအဖွဲ့နဲ့ အခြားအဖွဲ့တို့ရဲ့ အကြီးမားဆုံး ကွာခြားချက်ကတော့ သူတို့တွေဟာ စိတ်ကျေနပ်မှုရှိခြင်း၊ နွေးထွေးမှု၊ ယုံကြည်ရတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိနေကြတာ တွေ့ရပါတယ်။

healthgoodfriends.jpg 

ဒီရလဒ်ကို ကြည့်ခြင်းအားဖြင့်တော့ သူငယ်ချင်းကောင်းတွေ ရှိခြင်းဟာ ကိုယ့်ကို စိတ်ချမ်းသာစေရုံသာမက ကိုယ်ကျန်းမာစေတာကိုပါ သိနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ အပြင်သွားတာမျိုးတွေလည်း ပိုပြီးတော့ လုပ်ပေးသင့်ပါတယ်။

Source : GHK


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က