ရင့်ကျက်တော့တို့၊ မှိုင်မနေနဲ့တို့၊ ယောက်ျားပီသစမ်းပါတို့လို စကားတွေက သူတို့ကိုပိုဆိုးရွားစေမှာ။

၁။ နင့်ဘာသာ သဝန်တိုနေတာ

သူသဝန်တိုနေတယ်ဆိုတာ သိသိကြီးနဲ့ အဲ့လိုသွားပြောတော့ ဟိုက စိတ်ဆိုးတာပေါ့။ ချစ်သူတစ်ဦးအနေနဲ့ သဝန်တိုခွင့် သူ့မှာရှိတယ်လေ။ ဒါကို သွားပြောလိုက်ရင် သူ့ကို မချစ်ဘူး၊ ဒါမှမဟုတ် အရေးမပါဘူးလို့ ပြောလိုက်သလိုပဲ။

 

၂။ ယောက်ျားပီသစမ်းပါ

မိန်းကလေးတွေမှ ငိုတတ်တာမဟုတ်ဘူးနော်။ ယောက်ျားလေးတွေလည်း စိတ်အရမ်းပင်ပန်းလာရင် မျက်ရည်ကျချင်ကျမယ်။ ဒါမှမဟုတ် စိတ်ဓာတ်ကျပြီး မှိုင်တွေနေမယ်။ ဒီလိုအချိန်မှာ သူတို့လိုချင်တာက အားပေးစကားပါ။ ရင့်ကျက်တော့တို့၊ မှိုင်မနေနဲ့တို့၊ ယောက်ျားပီသစမ်းပါတို့လို စကားတွေက သူတို့ကိုပိုဆိုးရွားစေမှာ။

၃။ ဘယ်လိုနားထောင်ပေးရမလဲ

21.jpg 

တစ်ခါတစ်လေကျရင် ကိုယ်ပြောသမျှစကားတွေကို သူနားထောင်ပေးတာ လိုချင်တယ်မဟုတ်လား။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြ ရင်ဖွင့်လိုက်တာလေ။ ကိုယ်ကျတော့ပြောပြီး သူပြောတာတွေကို နားထောင်ရတာ ပျင်းတာတို့ အလိုက်အထိုက်ပြန်ပြောပေးတာတို့ မလုပ်တတ်ဘူးဆိုရင် သူစိတ်ညစ်ရမှာအမှန်ပဲ။

၄။ နင်လည်းတခြားယောက်ျားတွေလိုပဲ

လူတစ်ယောက်ကို အခြားလူနဲ့ နှိုင်းယှဉ်တာ အဆိုးဆုံးကိစ္စပါပဲ။ ပိုဆိုးတာကတော့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ရပ်တည်နေသူတစ်ယောက်ကို ဘာမှသုံးစားမရသလို ပြောလိုက်တာက သူ့ကိုသိမ်ငယ်သွားစေလိမ့်မယ်။

၅။ အသုံးကျအောင်လုပ်တတ်တာ ဘာရှိလဲ

22.jpg 

ဘာမှအသုံးမကျဘူးလို့ ပြောလိုက်တာနဲ့ အတူတူဖြစ်မနေဘူးလား။ လူဆိုတာ အမှားလုပ်မိတတ်တဲ့ သတ္တဝါတွေပါ။ အမှားတစ်ခုတည်းကို မပြီးနိုင်မစီးနိုင် ပြောနေတာမျိုးက တကယ်စိတ်ပျက်စရာကောင်းလွန်းတယ်။

Share

Loading Next Article...
က္က