တစ်ယောက်ကိုတစ်ယောက် အရူးအမူးချစ်ကြတာ.....
Su Yee Moe

အချစ်ရေးနဲ့ ပေါင်းသင်းဆက်ဆံရေး အကြံဉာဏ်တွေကို မေးမြန်းကြတဲ့အခါ လက်တွေ့အဆင်ပြေနေကြသူတွေဆီက ကြားရတာက ပိုပြီး လက်ခံချင်စရာကောင်းတယ်မဟုတ်လား။ Logan မင်းသားကြီး Hugh Jackman ဟာ ဆိုရင်လည်း အိမ်ထောင်သက် ၂၁ နှစ်တောင် ရှိထားပြီးပါပြီ။ ဒီလိုမျိုး ခိုင်မြဲတဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်ဆောက်ထားသလဲဆိုတာလည်း သူက ပြောပြခဲ့တယ်။


 

ဟုချ်နဲ့ သူ့ဇနီးသည် Deborra-Lee Furness တို့ဟာ အိမ်ထောင်သက် ၂၁ နှစ် ကြာနေသည့်တိုင်အောင် အမြဲတမ်း အတူတူရှိနေပြီး တစ်ယောက်ကိုတစ်ယောက်လည်း သိပ်ချစ်ကြတယ်။ အဲ့ဒီလိုမျိုး အချစ်တွေမပြယ်အောင် သူဘယ်လိုနေသလဲဆိုတဲ့ အဓိကအချက်ကို ဟုချ်က ပြောပြထားတယ်။ အသက်အားဖြင့်ဆိုလည်း ဟုချ်က ၄၉ နှစ်၊ Deborra-Lee က ၆၁ နှစ် ရှိနေပြီ။ ကလေးနှစ်ယောက်နဲ့ မိသားစုဘဝလေးကို သာယာအောင် ထူထောင်ထားကြတယ်။

 

အိမ်ထောင်သက်တမ်း အချိန်အကြာကြီးထိအောင် စည်းလုံးတည်မြဲနေတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ သူ့ရဲ့အလုပ်နဲ့လည်း ဆက်စပ်နေတယ်။ ဟုချ်နဲ့ Deb တို့ဟာ တစ်ယောက်ကိုတစ်ယောက် ရူးရူးမူးမူးချစ်မိပြီးတော့မှ ဟုချ်ရဲ့ အနုပညာအလုပ်တွေ စခဲ့တာ။ " ဘယ်လိုတွေ အတက်အကျမျိုး ဖြစ်လာခဲ့ပါစေ ကျွန်တော်တို့ရဲ့ ဦးစားပေးအရာကတော့ မိသားစုပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တစ်ယောက်အတွက်တစ်ယောက် ရှိနေပေးကြတယ်" လို့ အသက် ၄၉ နှစ်အရွယ် မင်းသားကြီးက ပြောပါတယ်။

 

ဒီနေ့ချိန်ထိအောင်လည်း ဟုချ်ဟာ သူ့ဇနီးရဲ့ ပံ့ပိုးမှုသာ မရခဲ့ဘူးဆိုရင် ခုလိုအောင်မြင်လာမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးဖြစ်တယ်လို့ ဆိုပါတယ်။ " အော်စကာပွဲတွေမှာတောင် ကျွန်တော့်လက်ကို နှလုံးသားပေါ်တင်ပြီးရင် ပရိသတ်ထဲက Deb ကို အမြဲတမ်း လှမ်းကြည့်ဖြစ်တယ်" လို့လည်းပြောတယ်။ သူက ဇနီးသည်နဲ့ မိသားစုကို အလေးထားတာကြောင့်လည်း အိမ်ထောင်သက် ၂၁ နှစ်ကို ရောက်လာချိန်ထိ ချစ်ချစ်ခင်ခင် ရှိနေကြတာ ဖြစ်ပါတယ်။

Source : People


ဆက်စပ်အကြောင်းအရာများ


Author


က္က