တကယ်ချစ်တဲ့လူကို တွေ့ပြီဆို မကစားတော့ဘူး။

မင်းသားဟယ်ရီနဲ့ လက်ထပ်တော့မယ့် မီဂန်မာကယ်ဟာ လူတွေအာရုံစိုက်ခံနေရသူတစ်ဦးအဖြစ်ကို ရောက်လာပါတယ်။ အမေရိကန်မင်းသမီး မီဂန်ကို အစပိုင်းတုန်းကတော့ ဗြိတိန်တော်ဝင်မင်းသားနဲ့ လက်ထပ်မယ့်အပေါ် ဝေဖန်ခဲ့ကြသေးတယ်။ နောက်တော့လည်း မီဂန်ရဲ့ အပြုအမူနဲ့ စိတ်ဓာတ်တွေကြောင့် လူတွေက ချစ်လာခဲ့တယ်။ မီဂန်ကလည်း သူမရဲ့ အချစ်အပေါ် ခံယူချက် အမြင်တွေကို ပြောပြခဲ့ပါတယ်။



 

၁။ ဟယ်ရီ့အပေါ်ထားတဲ့အချစ်

" ကျွန်မတို့က အချစ်မှာ တကယ်ကိုပျော်မွေ့နေကြတဲ့ လူနှစ်ယောက်ပါ။ သတင်းတွေထွက်မလာခင် ၆ လလောက် တိတ်တိတ်လေးတွေ့နေခဲ့ကြတယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်မက အလုပ်လုပ်နေခဲ့တာ။ ပြောင်းလဲသွားတာကတော့ လူတွေရဲ့အမြင်ပါပဲ။ ကျွန်မကတော့ ဘာမှမပြောင်းလဲဘူး။ ကျွန်မက ကျွန်မ ဖြစ်နေတုန်းပဲ။ ပြီးတော့ ကျွန်မရဲ့အချစ်ရေးကိုလည်း ဘယ်တော့မှ အဓိပ္ပာယ်သတ်မှတ်မှာ မဟုတ်ပါဘူး"

၂။ အထက်တန်းနဲ့ တက္ကသိုလ်ကအချစ်

gettyimages-547116402-1516046233.jpg 

" အချစ်စစ်ကိုရှာတွေ့ဖို့အတွက် နှလုံးသားနောက်ကို လိုက်ရမယ်။ ကျွန်မ အထက်တန်းနဲ့ကောလိပ်တုန်းက ကျွန်မတို့က The Rules စာအုပ်ကို ဖတ်နေတုန်းရှိသေးတယ်။ အဲ့တာနဲ့ အရမ်းတူတယ်။ အဆုံးတစ်နေ့မှာတော့ ကိုယ့်အတွက်လိုက်ဖက်မှန်ကန်တဲ့လူကို ရှာဖို့ ဖြစ်လာတဲ့အခါ သူနဲ့ အချစ်ကို မကစားတော့ဘူး"

၃။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့အချစ်

" ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို ပိုပြီးကြင်နာပေးဖို့လိုပါတယ်။ အချစ်ဆုံးသူငယ်ချင်းကို ဂရုစိုက်ပေးသလိုမျိုး ကိုယ့်ကိုယ်ကိုယ်ချစ်ပေးရင် ဘယ်လောက်များ ပိုကောင်းလာမလဲဆိုတာ စဉ်းစားကြည့်ပါလား" လို့ မီဂန်က ပြောတယ်။

၄။ ချစ်မြတ်နိုးတဲ့ ဝါသနာတွေ

gettyimages-516279764-1516045432.jpg

" ကျွန်မက ချက်ပြုတ်ရတာ သဘောကျတယ်။ ကျွန်မရဲ့ စရိုက်က foodie လေ။ ကျွန်မက အမြဲတမ်း စားသောက်ဆိုင်အသစ်တွေနဲ့ အရသာအသစ်တွေကို အမြဲတမ်း မေးတဲ့လူမျိုး။ ခရီးသွားရတာလည်း ဝါသနာပါပါတယ်။ "

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က