Relationship တစ်ခုမှာ စိုးရိမ်ကြောင့်ကြမှုတွေဆိုတာ ရှိစမြဲ... အထူးသဖြင့် ချစ်သူဖြစ်စ အခြေအနေမျိုးမှာပေါ့။ အချစ်ကြောင့် စိုးရိမ်ပူပန်မှုတွေဟာ မကြာခဏဆိုသလို အငြင်းပွားစရာလေးတွေဆီ ဦးတည်လာတတ်တယ်။ ".... ဆိုရင်"  ဆိုတဲ့ အတွေးတွေနဲ့ တစ်ယောက်တည်း သောကတွေများနေပြီး ချစ်ရမှာ ကြောက်နေသူတစ်ဦးနဲ့ ချစ်သူဖြစ်နိုင်ပါ့မလား။



၁။ ဘယ်လိုသိနိုင်မလဲ

18.jpg 

ပါးစပ်ကထုတ်မပြောပေမဲ့ အချစ်ကို ကြောက်နေသူမှန်း သိရအောင် သူ့ရဲ့အပြုအမူတွေကိုကြည့်ပါ။ ချစ်နေတယ်ဆိုတာ သူကိုယ်တိုင် သိရဲ့သားနဲ့ အတင်းတွန်းထုတ်နေမိတယ်။ အကြောင်းပြချက်မရှိဘဲနဲ့လည်း စိတ်ဆိုး စိတ်တိုနေတာမျိုး။ ဒါပေမဲ့ ပျော်စရာ ၊ ဝမ်းနည်းစရာ တစ်ခုခု ရှိလာပြီဆိုရင်တော့ ချစ်နေတဲ့သူကို ပြောဖြစ်တယ်။ ချစ်နေတယ်ဆိုတာကို ဘယ်တော့မှထုတ်ပြောဖို့ မကြိုးစားဘူး။ သူ့ကိုယ်သူ သိမ်ငယ်နေတယ်။

၂။ သူနဲ့ ချစ်သူဖြစ်ရင် မြဲပါ့မလား

50.jpg 

မြဲနိုင်ပါတယ်။ ကိုယ့်ဘက်က တကယ်လည်းချစ်တယ် ၊ တည်မြဲဖို့အတွက်လည်း အားထုတ်မယ်ဆိုရင်ပေါ့။ ကိုယ့်ဘက်က ခံစားရတာကို သူ့ကိုပြောပါ။ သူက သိမ်ငယ်တတ်သူဆိုပေမဲ့ ကိုယ့်ကို ကူညီထောက်ပံ့ပေးတတ်သူ ဖြစ်လာအောင် သူ့ကိုအားကိုးပါ။ သူတတ်နိုင်တဲ့၊ လုပ်ပေးနိုင်တဲ့ အနေအထားမျိုးမှာပေါ့။ သူ့ဘက်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးပေမဲ့ အဆင်မပြေရင်လည်း အပြစ်မပြောနဲ့နော်။ သူ့မှာ စိုးရိမ်ကြောင့်ကြစိတ် ရှိနေတယ်ဆိုတာ မမေ့လိုက်နဲ့ဦး။ ကိုယ့်အနေနဲ့လည်း အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာလည်း သူသိပါစေ။

 

ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးရမှာကတော့ ကိုယ်ဟာ အချစ်ခံရဖို့ ထိုက်တန်သူတစ်ယောက်ဆိုတာပါပဲ။ အချစ်ခံရမယ့်သူ၊ အဖိုးတန်တဲ့သူ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အချစ်ကြောင့် ဒဏ်ရာတွေ ရဖူးတယ်ဆိုရင် သူ့ဘက်က ခံစားနေရတဲ့ စိုးရွံ့ပူပန်မှုတွေကိုလည်း နားလည်ပေးကြည့်ဖို့ ကြိုးစားပါ။ ဒါက လွယ်မှာတော့ မဟုတ်ဘူး။ အချိန်လည်း ယူရပါလိမ့်မယ်။ ကိုယ်ချစ်တဲ့၊ တန်ဖိုးထားတဲ့လူတစ်ယောက်ကို ဂရုစိုက်ပေးရတာက ရင့်ကျက်သူတွေမှပဲ လုပ်နိုင်မယ့်အရာ ဆိုပေမဲ့ ကိုယ့်ရဲ့တန်ဖိုးကို ပိုပြီး မြင့်တက်လာစေပါလိမ့်မယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က