သူ့ဘက်က အထင်လွဲနေတာကို ပြောခွင့်ပေးလိုက်မှ ပြေလည်သွားမှာ။

ပေါင်းသင်းဆက်ဆံရေးမှာ သဘောထားကွဲလွဲမှု တစ်ခါမှ မရှိဖူးဘူးဆိုတာ ဆိုးတဲ့လက္ခဏာတစ်ခုပါ။ အမြင်မတူတဲ့အခါ အငြင်းပွားမှုတွေလည်း ရှိကြတာပဲ။ ရန်မဖြစ်ချင်လို့၊ စကားမများချင်လို့ ရှောင်လွှဲပစ်လိုက်တာက ကောင်းတဲ့လုပ်ရပ်တော့ မဟုတ်ဘူး။

 

ရန်ဖြစ်စကားများတယ်၊ ငြင်းခုံတယ်ဆိုတာ မကျေနပ်မှုတစ်ခုခုကို အခြေခံပြီး ဖြစ်လာရတာပဲလေ။ အဲ့တာက နားလည်မှုလွဲနေတာလည်း ဖြစ်နိုင်တယ်။ ဒါကို ဖြေရှင်းပေးဖို့ လိုပါတယ်။ သူ့ဘက်က အထင်လွဲနေတာကို ပြောခွင့်ပေးလိုက်မှ ပြေလည်သွားမှာ။

 

အစပိုင်းမှာ ဒေါသထွက်တာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ သူရောကိုယ်ပါ စကားများ ရန်ဖြစ်ကြရတယ်။ ရန်ဖြစ်ရမှာ မကြောက်သင့်ဘူး။ မပြေလည်တာတွေကို ရှင်းနိုင်မှ ပြေလည်သွားမှာလေ။ ရန်ဖြစ်ပြီးလို့ ပြန်ပြေလည်သွားတဲ့အချိန်က အရမ်းကို ကြည်နူးဖို့လည်း ကောင်းပါတယ်။

 

သတိထားရမှာကတော့ စကားများနေချိန် တစ်ယောက်ကိုတစ်ယောက် ထိခိုက်နစ်နာသွားအောင်၊ စိတ်ထိခိုက်နာကျင်အောင် မလုပ်မိဖို့ပါပဲ။ အငြင်းပွားစရာတစ်ခုခု ကြုံလာတိုင်း ရှောင်လွှဲလိုက်တာကမှ သံသယတွေကို ပိုဆိုးသွားစေတာပါ။ ကိုယ့်မှာ ဖုံးကွယ်မှုတွေ ရှိနေတယ်လို့ တစ်ဖက်က မြင်သွားနိုင်တယ်လေ။

Share

Loading Next Article...
က္က