အရမ်းရင်းနှီးတယ်၊ တပူးတွဲတွဲလုပ်တယ်။ ဒါပေမဲ့ ကြိုက်နေတာမျိုးတော့ မဟုတ်ဘူး။

ငယ်ရွယ်တဲ့အမျိုးသားတွေဟာ ယောက်ျားချင်း ရင်းနှီးခင်မင်မှု (bromance) ကို မိန်းကလေးချစ်သူ ထားရတာထက် ပိုပြီးတော့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ကျေနပ်မှုရှိလာကြကြောင်း လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။ ဒီလေ့လာမှုအကြောင်းကိုတော့ Men and Masculinities မှာ ဖော်ပြခဲ့တာပါ။ Bromance ဆိုတာက ယောက်ျားနှစ်ယောက်ကြားမှာ လိင်ကိစ္စမပါဘဲ၊ လိင်တူချစ်တာမျိုးမဟုတ်ဘဲ ရင်းရင်းနှီးနှီး ပတ်သက်ဆက်နွှယ်တဲ့ ဆက်ဆံရေးကို ခေါ်တာပါ။

 

ယောက်ျားချင်း ရင်းရင်းနှီးနှီး ပေါင်းသင်းတဲ့ ခင်မင်မှုမျိုးဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစပြီး လူမှုရေးနယ်ပယ်မှာ လက်ခံလာကြတယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့သူတွေက ဆိုတယ်။ ဒါက တကယ်ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်ဆိုပေမဲ့ အိမ်ထောင်ကျသွားပြီဆိုရင်ဆိုရင်တော့ ရင်းနှီးမှုလျော့သွားနိုင်တယ်လို့ လေ့လာသူတွေက သတိပေးပါတယ်။

 

Bromance ဆိုတာမျိုးက ခုမှ ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ Grorge Washington ဆိုရင် အခြားယောက်ျားတွေအတွက် ချစ်ခင်ကြောင်းစာတွေ ရေးခဲ့ဖူးတယ်။ Abraham Lincoln ကလည်း ယောက်ျားလေးသူငယ်ချင်းတစ်ယောက်နဲ့ နှစ်ပေါင်းများစွာတိုင် အိပ်ရာတစ်ခုတည်း အတူအိပ်ခဲ့ကြတယ်။ ဒါပေမဲ့ ၂၀ ရာစု ဒုတိယပိုင်းတွေမှာတော့ ယောက်ျားချင်း ရင်းနှီးခင်မင်မှုဟာ ပိုပြီးတားမြစ်ပိတ်ပင်ခံလာရကြောင်း အင်္ဂလန်နိုင်ငံ Winchester တက္ကသိုလ်ရှိ သုတေသီတွေက ဆိုပါတယ်။ အကြောင်းကတော့ လိင်တူချင်းချစ်ကြိုက်မှုကို အကြောက်လွန်သူတွေရဲ့ စိတ်ကူးတွေနဲ့ ယောက်ျားပီသမှုဟာ ဘယ်လိုမျိုး ဖြစ်သင့်တယ်ဆိုပြီး စံနမူနာတွေ ပြောင်းလဲလာလို့ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေမှာတော့ bromance ဟာ ပြန်ပြီးတော့ လက်ခံလာစရာ ပေါင်းသင်းဆက်ဆံရေး ဖြစ်လာပါတယ်။ ဥပမာအနေနဲ့ပြောရရင် Obama-Biden တို့ရဲ့ ရင်းနှီးမှုမျိုးပါ။ ယခုလေ့လာမှုအရ အမျိုးသားတွေဟာ bromance ဆန်တဲ့ ရင်းနှီးမှုမျိုးမှာဆိုရင် စေ့စပ်ထားတဲ့ မိန်းကလေးထက် ယောက်ျားလေးချင်း ပွင့်ပွင့်လင်းလင်းနဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောဖြစ်ကြတယ်လို့ သိရပါတယ်။

Source : Time

Share

Loading Next Article...
က္က