အချစ်ရေးပေါ်မှာ ဘဝတစ်ခုလုံးကြီး ပုံအပ်ထားကြတဲ့ မိန်းကလေးတွေ တစ်ပုံတစ်ပင်ပါ။

ချစ်သူဘဝ၊ အိမ်ထောင်သည်ဘဝမှာ ပြဿနာတစ်ခုခုဖြစ်ရင် သံယောဇဉ်ကြီးတတ်၊ စိတ်ပျော့တတ်တဲ့ မိန်းကလေးတွေပဲ အများအားဖြင့် ငိုပွဲဆင်နေရတာပါ။

“Relationship တစ်ခု တည်ဆောက်ရတာ အရမ်းခက်ခဲပင်ပန်းတာပဲ” လို့ ခံစားနေရလား။ အဲဒီလို ခံစားနေရတာက ကိုယ်ချည်းပဲ ဖြစ်နေသလား..ညီမလေးတို့ရေ။ ချစ်သူ ဘယ်နှယောက်ပြောင်းပြောင်း စိတ်ညစ်ရတာတွေက သိပ်မကွဲပြားဘူးဆိုရင်တော့ ကိုယ်ရဲ့ပုံစံကိုပါ ပြင်ဆင်ဖို့ လိုနေပါပြီနော်။



ချစ်သူကို အရမ်းကြီး တွယ်ကပ်မနေသင့်

အရေးကြီးဆုံးအချက်က သူက ကိုယ့်ဘဝလို့ တွေးနေမိတယ်ဆိုရင် အဲဒီအချက်ကို စပြီး ပြင်ဆင်ဖို့ လိုနေပါပြီ။ သူ့ကို အရမ်းချစ်တာနဲ့ပဲ သူ့အကြောင်းပဲတွေး၊ သူနဲ့ပဲ အတူရှိတောမျိုး လုပ်စရာမလိုပါဘူး။ သူငယ်ချင်းတွေကိုလည်း သူ့အတွက်နဲ့ ရှောင်ဖယ်မနေသင့်ဘူး။ သူနဲ့ပဲ အမြဲနေရင် ကြာရင် ပျင်းစရာကောင်းလာမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ငြူစူတာတွေ များလာမယ်။ သူ့ကို အချိန်ပိုပေးချင်ပေးပါ။ ကိုယ့်ဝါသနာ၊ ကိုယ်ချစ်ခင်ရသူတွေကိုလည်း အချိန်ပေးဖို့ လိုပါတယ်။

အဲ…အဲဒါဆို ကိုယ်ပဲ အပေါင်းအသင်းနဲ့ နေမယ်။ သူ့ကိုတော့ မနေရဘူးလို့ မလုပ်သင့်ပါဘူး။ သူ့ကိုလည်း ပေးသင့်တဲ့ လွပ်လပ်ခွင့်ပေးပါ။ ဖောက်ပြန်တတ်သူက ဘယ်လိုနေနေဖောက်ပြန်တာပါ။ လွှတ်ထားလိုက်တော့ သူဘယ်လိုလူလဲဆိုတာ သိရတာပေါ့။ သူ့အတွက် ကိုယ်ပူနေစရာလိုပါဘူး။ အချိန်တိုင်း သူ့ဆီ Message တွေ ပို့မနေနဲ့။ အဲဒါ သူတို့ယောက်ျားလေးတွေ လုပ်ရမယ့်အလုပ်။

နောက်ထပ် အရေးကြီးဆုံးနဲ့ အရေးတကာ့အရေးကြီးဆုံးအချက်က ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့သူကို ဘယ်သူမှ မချစ်ပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေ၊ လှအောင်နေ၊ မက်မောတွယ်တာချင်စရာ ဖြစ်အောင်နေထိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားပါ။ အဲဒီလိုပဲ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုသေးတယ်။ အိပ်ပျော်အောင်အိပ်ပါ။ ကိုယ်ကိုယ်ကိုယ် ပျော်အောင်ထားပါ။ သူ အနားမှာမရှိလည်း နေတတ်ပါစေ။

ပြဿနာတွေဖြစ်စမှာကတည်းက သေချာရှင်း

ပြဿနာဆိုတာ စုံတွဲတိုင်းမှာ ရှိပါတယ်။ ရန်ဖြစ်ရမှာစိုးလို့ ဆိုပြီးတော့လည်း ပြဿနာတွေကို ရှောင်မနေပါနဲ့။ ထိပ်တိုက်ဖြေရှင်းပါ။ ကိုယ်ဘာဖြစ်ချင်တယ်၊ သူဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပါ။ သူပြောတာကိုလည်း သေချာနားထောင်ပေးပါ။ ငါမှန်တယ်ချည်းပဲ အမြဲလုပ်မနေပါနဲ့၊ သူ့ဘက် ကိုယ့်ဘက် မျှမျှတတတွေးပြီး အလျှော့ပေးသင့်တယ်ထင်ရင် အလျှော့ပေးလိုက်ပါ။

မြန်မာမိန်းကလေးတွေ အများဆုံး တွေ့ကြုံရတဲ့ ပြဿနာက စုံတွဲတွေ အရမ်းရင်းနှီးလာတဲ့အခါ အားကြီးတဲ့ ယောက်ျားလေးဘက်က လက်ပါတတ်တာပါပဲ။ အဲဒါမျိုး လုံးဝလုံးဝ သည်းမခံသင့်ပါဘူး။ သူက ကိုယ့်ကို နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ ရိုင်းပြစော်ကားလာပြီဆိုရင်တော့ နောက်မဖြစ်အောင် ကတိတောင်းတာ၊ ထပ်ဖြစ်လာရင် ဒီဇာတ်လမ်းကို အဆုံးသတ်တာမျိုးကို လုပ်ပေးဖို့ လိုပါလိမ့်မယ်။

ရည်းစားဖြစ်ခြင်းနဲ့ လပ်ထပ်ခြင်းက တစ်ထပ်တည်းမကျဘူး

ကိုယ့်အရွယ်က အိမ်ထောင်ပြုသင့်ပြီ၊ သူနဲ့ကိုယ်နဲ့ တွဲလာတာကြာလို့ အိမ်ထောင်ပြုသင့်ပြီဆိုတာမျိုး လုံးဝလုံးဝ မလုပ်ပါနဲ့။ အိမ်ထောင်ပြုတာဟာ ပြင်မရတဲ့အရာမျိုးမို့ အိမ်ထောင်မပြုခင်မှာ သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့ ဖြစ်နိုင်ရဲ့လားဆိုတာ သေချာတွေးပါ။ ဒီလူနဲ့ နေ့စဉ်ရက်ဆက် အသက်ကြီးသည်အထိ အတူနေထိုင်ဖို့ ဖြစ်နိုင်ရဲ့လား ???? အိမ်ထောင်ကျသွားရင် သူ ဆိုးနေတာတွေ ပြုပြင်သွားမယ်လို့ လုံးဝမထင်လိုက်ပါနဲ့၊ ကလေးရသွားရင် ပြုပြင်လိမ့်မယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူးနော်။ အရာရာပြည့်စုံသူ ဆိုတာ မရှိပေမဲ့ ကိုယ်တကယ်လက်ထပ်ချင်သူ ဖြစ်နေဖို့တော့လိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က