loading...

loading...

loading...

ဘရာဟာ အမျိုးသမီးတိုင်းအတွက် အလှအပတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အလွန်ကိုအရေးပါပါတယ်။
Thin Nu Swe

အမျိုးသမီးတိုင်းအတွက် နေ့စဥ◌်နေ့တိုင်း ဝတ်ဆင်ထားရတဲ့ အရာတွေထဲမှာ ဘရာဆိုတာကလည်း ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ တခြားအရာတွေကို ဆိုဒ်လွဲမှားစွာ ဝတ်ဆင်မိရင် ပြဿနာသိပ်မရှိနိုင်ပေမယ့် ဘရာကို ဆိုဒ်မှားပြီး ဝတ်ဆင်မိပြီဆိုရင်တော့ တစ်နေ့တာအဆင်မပြေတာမျိုးတွေ ဖြစ်နိုင်တဲ့အပြင် ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီတော့ အမျိုးသမီးတိုင်းအတွက် အရေးကြီးတဲ့ ဘရာရွေးချယ်မှုအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

အလှမယ်တစ်ဥ◌ီးဖြစ်တဲ့ ခင်လပြည့်ဇော်ကတော့ ဘရာကို မှန်ကန်စွာရွေးချယ်သင့်တဲ့ အကြောင်း Duwun ကို ခုလို ပြောပြပါတယ်။

"ဘရာ ဆိုတာအများမမြင်အပ်တဲ့ အတွင်းက အဝတ်အစား တစ်ခုပါပဲ။ အဲ့ဒီတော့ အမျိုးသမီးတွေအတွက်ဘရာ ရွေးချယ်ရာမှာ ကိုယ့် ခန္ဓာကိုယ်နဲ့ အဆင်ပြေမယ့် ၊ မှန်ကန်ပြီး သက်သောင့်သက်သာရှိမှာမျိုးကို ရွေးချယ်တတ်ဖို့ လိုပါတယ်ရှင့်။ အများစုက အပြင်အဝတ်အစားကိုပဲ ဂရုစိုက်ကြတာ များပါတယ်။ အမှန်တော့ ကိုယ်နဲ့ ဆိုဒ် မတော်တာမျိုး၊ အသားမကောင်းတာ၊ လေဝင်လေထွက်မကောင်းတာမျိုးကို ရွေးချယ်မိရင်မိန်းကလေးတွေအတွက် ရင်သားကျန်းမာရေးကိုတောင် ထိခိုက်နိုင်လို့ ကိုယ်အမြဲ နာရီပေါင်းများစွာဝတ်ရတဲ့ ပစ္စည်းမို့ဝယ်ယူရင်လည်း သေချာ ရွေးချယ်သင့်ပါတယ်။ အခုဆို အရမ်းခေတ်မှီနေပြီလေ။ ဘရာတောင်မှ အပြင်အဝတ်အစားပေါ် မူတည်ပြီး ကြိုးပျောက်လား၊ ရင်ကပ်လား ၊ စီလီကွန်ပုံ လား မျိုးစုံ ဝယ်လို့ရနေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ အမျိုးသမီးတိုင်းသေချာ ရွေးဝယ်ရမယ့်ပစ္စည်းထဲမှာ ဒီဘရာ အမျိုးအစားလည်းပါပါ တယ်။ ဘရာအလှတွေထက် ချုပ်ရိုးချုပ်သား ဒီဇိုင်းနဲ့ အသားကို ပဲ ကြည့်ပြီး ဝယ်ဖြစ်ပါတယ်။ အေးမယ်၊ သက်သောင့်သက်သာ ရှိမယ် ၊ ပုံစံအုံခွက်မှန်ပြီး ရေရှည်ရင်သား ကျန်းမာရေးအတွက်ကောင်းမယ့် Brand မျိုးထဲကပဲ ဝယ်လေ့ရှိပါတယ်။ ဒါက တစ်ခါဝတ်ပြီး လွှင့်ပစ်လိုက်ရတာမဟုတ်တော့ စျေးကောင်းကောင်းပေးရတဲ့Brand မျိုးထဲက ဝယ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေအတွက်

ကျန်းမာရေး မြှပ်နှံမှုတစ်ခုပါပဲ။ "

ဘရာဆိုဒ်အမှန်ကို သိစေဖို့



ကိုယ်ဝတ်ထားတဲ့ ဘရာရဲ့ ခွက်ထဲကို ကိုယ့်ရင်သားအုံတစ်ခုလုံး အပြည့်ရောက်နေတာမျိုးသာ ဖြစ်ရမှာပါ။ အပေါ်ကို နည်းနည်းလေးတက်နေတာမျိုး၊ ရင်သားတွေ လျှံထွက်နေတာမျိုး၊ ဘရာခွက်ကြီးက ချောင်နေပြီး ရင်သားက အထဲက သေးနေတာမျိုးဆိုရင် အဲဒီ ဘရာဆိုဒ်ဟာ ကိုယ်ရဲ့ ဆိုဒ်အမှန်လုံးဝမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရင်သားက သေးတဲ့ ရင်သားဖြစ်ဖြစ်၊ ကြီးတဲ့ရင်သားဖြစ်ဖြစ် ၊ နောက်ဆုံး ပြားနေတဲ့ ရင်သားဖြစ်နေပါစေ..ဘရာနဲ့ ကိုယ့်ရဲ့ ရင်သားဟာ ကွက်တိဖြစ်နေဖို့ လိုပါတယ်။

ပခုံးကြိုးသတိထားပါ

တချို့ဘရာတွေဟာ ပခုံးကြိုးတွေ လိုက်ညှိနေရတာမျိုးလား။ ကိုယ်ဝတ်ဆင်နေတဲ့ ဘရာနဲ့ ကိုယ့်ရင်သား အံကိုက်ဖြစ်စေဖို့အတွက် ပခုံးကြိုးကို လိုက်ညှိနေရတယ်ဆိုရင်တော့ အဲဒါဟာ ဆိုဒ်အမှန်မဟုတ်ပါဘူး။ ရင်သားကို အုပ်မယ့် ခွက်နဲ့ ကိုယ့်ရင်သား အတိအကျဖြစ်နေစေဖို့အတွက် ပခုံးကြိုးတွေလိုက်ညှိနေရတဲ့ ဘရာမျိုးကို မဝယ်မိစေဖို့ ဂရုစိုက်ပါ။

ကြပ်လွန်း ချောင်လွန်းတာတွေ မဖြစ်ရပါဘူး

ကိုယ် ဝတ်တဲ့ ဘရာစီယာဟာ အရမ်းချောင်လွန်းတာ ၊ အရမ်းကြပ်လွန်းတာ စတဲ့ အစွန်းနှစ်ဖက်မှာ ရှိနေလို့ မရပါဘူး။ ချောင်လွန်းနေရင်လည်း ကိုယ့်ရဲ့ ရင်သားကို သေချာမထိန်းထားပေးနိုင်တဲ့အတွက် ရင်သားပျော့တွဲတာတွေ ဖြစ်လာတတ်သလို ကြပ်လွန်းရင်လည်း သွေးလည်ပတ်မှုအားမကောင်းတော့ဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဘရာစီယာရဲ့ အသား

ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဘရာစီယာရဲ့ အသားကလည်း သိပ်ကို အရေးပါပါတယ်။ ဘရာရဲ့ အသားနဲ့ ကိုယ့်ရဲ့ အသားအရေဟာ အဆင်ပြေညီညွတ်နေဖို့ လိုအပ်ပါတယ်။ ပျော့လွန်း ၊ မာလွန်းတဲ့ ဘရာတွေကို မရွေးချယ်မိစေဖို့ လိုပါတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့ ၊ ဆိုဒ်မှားတဲ့ ဘရာကို ဝတ်ဆင်မိတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမက ပခုံးနဲ့ ဂုတ်သားတွေကိုပါ နာကျင်စေနိုင်ပါတယ်။

ဘယ်လိုလျှော်ရမလဲ

စျေးကြီးပေးဝယ်ရတဲ့ တန်ဖိုးကြီးဘရာတွေ အဝတ်လျှော်စက်ထဲ ထည့်လျှော်မိလို့ ပျက်စီးသွားတာမျိုး ကြုံဖူးကြမှာပါ။ ဇာတွေနဲ့ အနုစိတ် အလှဆင်ထားတဲ့ တန်ဖိုးကြီးဘရာတွေကို လက်ကလေးနဲ့ပဲ ညင်ညင်သာသာ ပွတ်သပ် လျှော်ဖွတ်သင့်ပါတယ်။ ရေအေးနဲ့သာ လျှော်ဖွတ်သင့်ပြီး ပြင်းလွန်းတဲ့ ဆပ်ပြာမှုန့်တွေနဲ့ အရောင်ချွတ်ဆေးတွေ မသုံးမိစေဖို့ ဂရုပြုပါ။ ဘရာတစ်ထည်ဟာ သုံးလေးခါလောက် ဝတ်ပြီးရင် လျှော်သင့်ပါတယ်။ အားကစားဘရာတွေဆိုရင်တော့ တစ်ခါဝတ်ပြီးတိုင်းမှာ ရေအေးနဲ့ ဆေးကြောပေးသင့်ပါ တယ်။ လျှော်ပြီးရင်လည်း သဘာဝအတိုင်း ခြောက်သွေ့အောင်လှမ်းဖို့ လိုပါတယ်။

ဘယ်လိုသိမ်းဆည်းကြမလဲ

တွေ့ကရာနေရာကို ကောက်ပစ်လိုက်ပြီး ရောက်ချင်တဲ့နေရာမှာ တို့လို့တွဲလောင်း ဖြစ်နေတာမျိုးတော့ မလုပ်ပါနဲ့ ။ အဝတ်ဗီရိုရဲ့ အကန့်တစ်ခုမှာ သပ်သပ်ထားနိုင်သလို အမျိုးအစားအလိုက် ခွဲခြားပြီးလည်း သပ်ရပ်စွာ ထားနိုင်ပါတယ်။ အုံပါတဲ့ ဘရာတွေကို အထပ်လိုက် စီပြီးထားနိုင်သလို အုံမပါတဲ့ အုံပျော့ချည်သားဘရာတွေကိုတော့ သပ်သပ်ရပ်ရပ် ခေါက်ပြီး သိမ်းထားပါ။

ညဘက်ကို ချွတ်အိပ်တာ အကောင်းဆုံးပါ

ဘရာကို ညဘက်မှာ ချွတ်အိပ်တာက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေသလို ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးပါတယ်။ လေ့လာချက်တစ်ခုမှာတော့ ဘရာအမြဲတမ်းလိုလို တင်းတင်းကြပ်ကြပ်ဝတ်ဆင်ခြင်းဟာ ရင်သားကင်ဆာ ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့ သုတေသနပညာရှင်တွေဟာ အမျိုးသမီးတွေကို ဘရာဝတ်ဆင်တာလျှော့ဖို့ တားမြစ်လာကြတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းအတွက် ဘရာရွေးချယ်မှုဟာ ဘယ်လောက်ထိအရေးကြီးကြောင်းကိုတော့ စူပါမော်ဒယ်တစ်ဥ◌ီးဖြစ်တဲ့ ခင်ရူပက Duwun ကို ခုလိုပြောပြပါတယ်။

"ဘရာရွေးချယ်မှုကတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ အလှအပပိုင်းဆိုင်ရာအတွက် နံပါတ်တစ် အရေးပါတယ်။ အပေါ်ယံအဝတ်အစားလှနေလို့လည်း မရဘူး၊ အတွင်းက ဘရာတို့၊ underwear တို့ကို ကိုယ်နဲ့ ကိုက်ညီတာတွေ ရွေးချယ်တတ်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ်နဲ့ ကိုက်ညီတဲ့ ဘရာတွေ ရွေးချယ်လေ့ရှိတယ်။ အရမ်းကြီး ပံ့ပိုးပေးနေတာမျိုးတွေဆိုလည်း မကြိုက်ဘူး။ ဝတ်ရတာလည်း သက်သောင့်သက်သာမရှိဘူး။ ကိုယ်နဲ့ ကိုက်ညီတဲ့ ဆိုဒ်တွေကို ဝတ်ဆင်ရတာပဲ ကြိုက်တယ်။ ကြိုးပျောက်ဝတ်ဖြစ်တာ နည်းတယ်၊ ကြိုးပျောက်အစား တိတ်ကပ်တာလေးတေွ ဝတ်ဖြစ်တယ်။ အုံထွက်ကောင်းတာမျိုးနဲ့ ပုံလှတဲ့ဟာမျိုး ၊ အရောင်အားဖြင့်တော့ အသားရောင်တို့ အနက်ရောင်တို့ရွေးချယ်ဖြစ်တာများတယ်။"

ဘရာ တစ်ထည်ကို နေ့စဉ်နေ့တိုင်း ဝတ်ဆင်ပါက သုံးလေးလ ကြာတဲ့အခါ အသစ်တစ်ထည်နဲ့ လဲလှယ် ဝတ်ဆင်သင့်ပါတယ်။ ဘရာကြိုးတွေ လျော့ရဲလာတာတွေ ၊ ချိတ်တွေ ပြုတ်ထွက်လာတာတွေ နဲ့ အုံ ပုံပျက်လာတာတွေ ကြုံလာရပြီဆိုရင်တော့ ဆက်လက် မဝတ်ဆင်သင့်တော့ပါဘူး။ ကဲ..ဒီလောက်ဆိုရင်တော့ ကိုယ်နဲံ့ ကိုက်ညီတဲ့ ဘရာကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိသွားလောက်ပါပြီနော်။ အားလုံးပဲ ကျန်းမာလှပတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်ကြပါစေ။


loading...

က္က