အစာက အာဟာရဆိုပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေဖြစ်ဖို့ လိုပါတယ်။

အခုချိန်မှာ ကျန်းမာအောင်လည်း အစာများများစားဖို့ လိုနေတယ်၊ စားပြန်တော့လည်း ဝိတ်တွေ တက်လာလို့ စိတ်ညစ်နေရတယ် ဟုတ်။ တကယ်တော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာတွေက ဝိတ်မတက်စေတဲ့အပြင် ဝိတ်ကျဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို မထိခိုက်၊ ငွေကြေးကုန်ကျမှုလည်း မများပြားဘဲ နေ့စဉ်အစားစားသုံးရင်း အဆီကျ လှပနိုင်တဲ့ အစားအစာ (၈) မျိုးကို ပြောပြပါ့မယ်။



၁။ အဆီပါသောငါး

တီလားဗီးယား၊ ငါးမုတ်၊ ငါးမြစ်ချင်း၊ ငါးကွမ်းရှပ်နဲ့ ဆယ်လ်မွန်ငါး စတဲ့ အဆီထွက်တဲ့ငါးတွေမှာ Omega-3 fatty acids ပါဝင်ပါတယ်။ ငါးဟာ ပရိုတင်းဓာတ်ကြွယ်ဝသလို အစာခြေနှုန်းနဲ့ ဇီဝဖြစ်စဉ်နှုန်းကို မြင့်တက်စေလို့ ခန္ဒာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။ ဒီငါးတွေကို ချက်ပြုတ်ရမှာတော့ ဆီမသုံးဘဲ ချက်ပြုတ်စားသုံးသင့်ပါတယ်။ တစ်ပတ် နှစ်ကြိမ်သုံးကြိမ် စားသုံးပေးသင့်ပြီး ငါးသံပုရားပေါင်း၊ ငါးသောက်ဆမ်းစသဖြင့် ငါးကို ဆီမပါဘဲ ပုံစံမျိုးစုံ စားသုံးလို့ရပါတယ်။ 

၂။ ကော်ဖီ (သို့) Green Tea

ကော်ဖီဟာ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ ကဖိန်းဓာတ်ဟာ ဇီဝဖြစ်စဉ်နှုန်းကို ၃-၁၃% အထိတိုးလာစေပါတယ်။ ဇီစဖြစ်စဉ်နှုန်းတိုးလာတာနဲကအမျှ အဆီပိုတွေ ပိုမိုလောင်ကျွမ်းပါတယ်။ ဘလက်ကော်ဖီကို သောက်သုံးပေးရမှာပါ၊ ကော်ဖီက ကဖိန်းဓာတ်ပါတဲ့အတွက် အိပ်မပျော်တာဖြစ်စေနိုင်လို့ ညနေဘက် သောက်သုံးခြင်းကိုတော့ ရှောင်ကြဥ်သင့်ပါတယ်။ ကော်ဖီမကြိုက်တဲ့သူတွေအနေနဲ့ Green Tea (လက်ဖက်စိမ်း) ကို သောက်သုံးနိုင်ပါတယ်။ Green Tea က ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ ဝိတ်ချသူတွေအတွက် အကောင်းဆုံးပါပဲ။ Green Tea ရေနွေးလေးကို အစာစားပြီးချိန်တွေမှာ သောက်သုံးပေးနိုင်ပါတယ်။

၃။ ကြက်ဥ

ကြက်ဥဟာ ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအစာဖြစ်ပါတယ်. လေ့လာမှုတွေအရ ကြက်ဥစားသောက်မှုဟာ ဆာလောင်မှုကို လျော့ပါးစေပြီး အချိန်ကြာကြာ အဆာခံတယ်လို့ ကျန်းမာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ heathline.com က ဆိုပါတယ်။ ကြက်ဥကို မနက်စာအနေနဲ့စားသုံးမယ်ဆိုရင် အကာရောအနှစ်ရော စားနိုင်ပြီး နေ့လယ်စာ၊ ညစာမှာ ထည့်သွင်းစားသုံးမယ်ဆိုရင် အကာကိုသာ စားသင့်ပါတယ်။ ဝိတ်လျှော့သူများကတော့ မနက်စာအဖြစ် ကြက်ဥပြုတ် နှစ်လုံးကိုပဲ စားလေ့ရှိပါတယ်။

၄။ အုန်းဆီ

အုန်းဆီဟာ ဇီဝဖြစ်စဉ်ကို တိုးမြင့်စေပြီး အဆီလောင်ကျွမ်းစေတဲ့အပြင် အစားစားချင်စိတ်ကို လျော့နည်းစေပါတယ်။ အုန်းဆီစစ်စစ်ကို တနေ့ ၂ဇွန်းကို ဟင်းချက်ရာမှာဖြစ်စေ ဆီအသုံးပြုရာမှာဖြစ်စေ ထည့်ပြီးချက်ပြုတ် စားသောက်မယ်ဆိုရင် အဆီပိုတွေလောင်ကျွမ်းပြီး ကိုယ်အလေးချိန်လျော့ကျနိုင်ပါတယ်။

၅။ ပန်းသီးရှာလကာရည် (Apple Cider Vinegar)

ပန်းသီးရှာလကာရည်က အဆီလောင်ကျွမ်းမှုကို တိုးမြင့်စေပြီး ဗိုက်မှာ အဆီတွေစုတာကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါအတွက်လည်း သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ပြီး အလွန်ကောင်းမွန်ပါတယ်။ တစ်နေ့ကို လက်ဖက်ရည်တစ်ဇွန်း ရေနဲ့ရောပြီး အစားစာပြီး သောက်သုံးပေးနိုင်ပါတယ်။ 

၆။ ငရုတ်ကောင်း

ငရုတ်ကောင်းမှာ ပါဝင်တဲ့ ဓာတ်တိုးပစ္စည်းဟာ ဆာလောင်မှုကို လျှော့ချနိုင်ပြီး ကယ်လိုရီလောင်ကျွမ်းတာကို တွေ့ရပါတယ်။ ငရုတ်ကောင်းကို နေ့စဉ်စားသုံးမှုမှာ ပါဝင်စေခြင်းအားဖြင့် အဆီတွေလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ထိန်းဖို့ အထောက်အကူပြုပါတယ်။

ဓာတ်ပုံ - daringgourmet

၇။ အဆီပြည့်ဒိန်ချဉ်

အဆီပြည့်ဒိန်ချဉ်ဟာ ပရိုတင်း၊ ပိုတက်စီယမ် နဲ့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ပရိုတင်းဓာတ်မြင့်တဲ့ နို့ထွက်ပစ္စည်းတွေဟာ အဆီပိုတွေကို လျော့ကျစေပြီး ကိုယ်အလေးချိန်ကျတဲ့အခါမှာလည်း ကြွက်သားတွေကို ကာကွယ်နိုင်ပါတယ်။ဒါ့အပြင် ဒိန်ချဉ်မှာပါတဲ့ probiotics က အူကိုကျန်းမာစေပြီး အူသိမ်အူမ ရောဂါလက္ခဏာများကို ‌လျှော့ချနိုင်ပါတယ်။ သတိပြုရမှာက အဆီပြည့်ဒိန်ချဉ်ဖြစ်ဖို့ပါပဲ။

၈။ သံလွင်ဆီ

သံလွင်ဆီစစ်စစ်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံး အဆီဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပြီး ခန္ဒာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နှုန်းကို မြင့်တက်စေပါတယ်။ ဆာလောင်မှုကို လျော့ကျစေပြီး စိတ်ကျေနပ်စေပါတယ်။ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် နေ့စဉ် ဟင်းချက်တဲ့အခါ ဒါမှမဟုတ် အသုပ်တွေမှာ ထည့်သွင်းစားသောက်သင့်ပါတယ်။ 

လှလည်းလှ ကျန်းမာရေးနဲ့လည်း ညီညွတ်

အခုပြောပြတဲ့ အချက် ၈ ချက်ထဲက ၄ မျိုး (သို့) ၅ မျိူးလောက် လုပ်ဆောင်နိုင်ရင်ကိုပဲ ကျန်းမာအဆီကျလှပဖို့ တော်တော်လေး အထောက်အကူပြုနိုင်မှာပါ။ ပညာရှင်တွေရဲ့ ပြောကြားချက်အရ တစ်နေ့ကို ကယ်လိုရီရာပေါင်းများစွာ လောင်ကျွမ်းစေတဲ့ အရာဟာ မှော်ဆေးလုံးတောင် မရှိသေးပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့အဖျော်ယမကာတွေကနေ ဇီဝဖြစ်စဉ်နှုန်းကို မြှင့်တင်ပေးပြီး အဆီပိုတွေကို လောင်ကျွမ်းစေခြင်းက ကျန်းမာရေးကိုပါ ကောင်းမွန်စေမယ်လို့ အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုဒ်ဖြစ်တဲ့ healthline.com မှာလည်း ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က