ဘာကြောင့် ဒီရွာလေးတွေကို သွားဖြစ်ခဲ့တာပါလိမ့်။
 

မြန်မာမိန်းကလေး ပရိသတ်တွေရဲ့ အသဲစွဲ မိုရီဆာကီဝင်းတစ်ယောက် ဇွန်လ ၁၈ ရက်နေ့ကတည်းက မြန်မာပြည်ကိုရောက်နေတာလို့ ဆိုပါတယ်။ သူနဲ့ အတူ Prizma X အဖွဲ့က သူငယ်ချင်းတွေလည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တောရွာလေးတွေမှာ လူနေထိုင်မှုအကြောင်းအရာလေးတွေကို  Program တစ်ခုအနေနဲ့ လိုက်ရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။  Schedule တွေနဲ့ ပြည့်နေတာကြောင့် ဘယ်နေရာရောက်လို့ ရောက်မှန်းတောင် မသိဘူးလို့ မိုရီဆာကီဝင်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

'' ဒီတစ်ခေါက် မြန်မာပြည်ကိုလာတာကတော့ စာချုပ်လာယူတာပါခင်ဗျ၊ နောက်တာပါ။ ကျွန်တော့်ရဲ့ Program အသစ်တစ်ခု ထွက်မှာဖြစ်တဲ့ အတွက် ရှုတင်လေး လာရိုက်တာပေါ့။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ တနလာၤနေ့က ကျွန်တော် ဒီကို ရောက်တယ်၊ ဟိုရွာသွား၊ ဒီရွာသွားနဲ့ Location တွေနဲ့ ရိုက်ကူးရေးတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် နေ့တိုင်းက Schedule တွေက အပြည့်ဆိုတော့ ဘယ်ရောက်လို့ ရောက်မှန်းလည်း ကျွန်တော်မသိပါဘူး။ Google Map မှာ ရှာလည်း မဖတ်တတ်ဘူး'' ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့က Pan Pacific Hotel မှာကျင်းပပြုလုပ်ခဲ့တဲ့ Fuji Film ရဲ့ Program အသစ် မိတ်ဆက်ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

မိုရီဆာကီဝင်း ကို Fuji Film ရဲ့ Brand Ambassador ခန့်အပ် 

မိုရီဆာကီဝင်းဟာ မြန်မာလူမျိုးတစ်ယောက်လည်းဖြစ်တာကြောင့် မြန်မာသီချင်းလည်း ဆိုချင်တယ် လို့ သူ့ရဲ့ ဆန္ဒကိုပြောလာပါတယ်။ မြန်မာစာသားတွေကို မကျွမ်းကျင်တာကြောင့် ဂျပန်လိုရေးပြီး အဖေ့ကို ဘာသာပြန်ခိုင်မလားဆိုပြီးတွေးဖြစ်တဲ့အကြောင်းကိုလည်း ရယ်ရယ် မောမောနဲ့ အဝင်းက ပြောလာပါတယ်။

'' ပြီးတော့ မြန်မာသီချင်းလည်း ဆိုချင်တယ်၊ သီချင်းလည်း ဆက်နေတယ် ဒါပေမယ့် မြန်မာစာသားက ကျွန်တော် သိပ်ပြီးတော့ မကျွမ်းဘူးဆိုတော့ ဂျပန်လို ရေးပြီးတော့ အဖေ့ကို ဘာသာပြန်ခိုင်းမလားလို့ မြန်မာပြည်မှာ ၁၀ တန်းအထိနေတယ်၊ ဒါပေမယ့် ပဲခူးလောက်ပဲ ရောက်ဖူးတာ အခုလို ရွာလေးတွေ သွားခဲ့ရတော့ နေလို့ ကောင်းတယ်နော်။ အဲကွန်းတွေလည်း မလိုဘူး အေးနေတာပဲ။ စိတ်တွေလည်း အေးနေတာပဲ။ ကျွန်တော့်ဆီကို လက်ထပ်စာချုပ်  ယူလာတဲ့ မိန်းကလေးတော့ အခုချိန်အထိ မရှိသေးပါဘူး။ ကျွန်တော့်ကို မြန်မာမိန်းကလေးတွေက မချစ်ကြရင် ဘယ်လို စိတ်နဲ့ ဂျပန် ကို ပြန်ရမှာလဲ'' လို့ ဆိုပါတယ်။

 

Fuji Film နဲ့ အတူ ခရီးသွား Program လေး ရိုက်ထားတဲ့ အဝင်းက ပုဂံ နဲ့ ကျိုက်ထီးရိုးဘုရားတွေ သွားချင်တယ်လို့ ဆိုပါတယ်။

'' ကျွန်တော် ပုဂံသွားချင်တယ်ခင်ဗျ။ ပုဂံနဲ့ ကျိုက်ထီးရိုးသွားချင်တယ်။ သူတို့ လိုက်ပို့ဖို့အတွက်ကျတော့လည်း အချိန်မရှိဘူးလေ။ Schedule အပြည့်ထည့်ထားတာ။ ရိုက်ထားတဲ့ အစီအစဉ်က ဘယ်တော့လာမလဲဆိုတာကိုလည်း မပြောတတ်သေးဘူး။ လူကြီးတွေလည်း လုပ်နေတယ် အရမ်းကြီးတော့ မကြာပါဘူး။ ချက်ချင်းလာပါလိမ့်မယ် နောက်ထပ်လည်း Program တွေရိုက်ဖို့အတွက်လည်း နောက်ပိုင်း မြန်မာပြည်လာဖို့ အစီအစဉ်တွေ အများကြီးရှိတယ် ဆိုတော့ မြန်မာပြည်နဲ့က အဆက်မပြတ် ပြန်လာလို့ရတဲ့ Chance တစ်ခုကို ကျွန်တော် ရပါတယ်။'' လို့ သူက ပြောပါတယ်။

မိုရီဆာကီဝင်းဟာ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။  အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က