လာကမ်းလှမ်းချိန်မှာ ဒီကာရိုက်တာကို တော်တော် လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

သန်းသန်းစိုးတစ်ယောက် ဟစ်တိုင်ရုပ်ရှင်ကားထဲမှာ ဗီလိန်တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အနုပညာ သက်တမ်း ၃၅ နှစ်အတွင်းမှာ ဗီလိန်စစ်စစ်အဖြစ် ပထမဆုံး သရုပ်ဆောင်ရမှာပါတဲ့။ ဒီဇာတ်ရုပ်အတွက် ကမ်းလှမ်းခြင်း ခံရချိန်မှာလည်း ထိတ်လန့်ခဲ့ရတယ်လို့ပြောပါတယ်။

 

ဇာတ်ပို့သရုပ်ဆောင် သန်းသန်းစိုးက ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားထဲမှာ ဗီလိန်ကာရိုက်တာ အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်ရမယ့် ဇာတ်ဝင်ခန်းတွေဟာ နည်းပေမယ့် ကာရိုက်တာကတော့ အင်မတန်ဆိုးတဲ့ ဗီလိန်ပါလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ အန်တီ ဇာတ်ဝင်ခန်းတွေ အများကြီးတော့ မပါဘူး။ ဇာတ်ဝင်ခန်း ၂ ခန်း ၃ ခန်းလောက်ပဲ ပါပါတယ်။ ဒါပေမယ့် အန်တီဟာ အင်မတန်ဆိုးတဲ့ ဗီလိန်ပါ။ ဗီလိန်ဆိုတဲ့ နေရာမှာလည်း အရမ်းဆိုးတဲ့ အမေနေရာ၊ ယောက္ခမနေရာကနေသရုပ်ဆောင်ဖူးပါတယ်။ ဒါပေမယ့် အခုသရုပ်ဆောင်ရမယ့် ဗီလိန်စစ်စစ်ကတော့ ပထမဆုံးပဲ''လို့ ဆိုပါတယ်။

 

ဗီလိန်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ရဖို့အတွက် စတင်ကမ်းလှမ်းလာတဲ့အချိန်မှာ အရမ်းကိုလန့်သွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာတစ်ခုလို ခံစားပြီး သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ဟစ်တိုင် ဇာတ်ကားကန်တော့ပွဲကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

'' လာကမ်းလှမ်းတဲ့ အချိန်တုန်းကတော့ တကယ်ကို တော်တော်လန့်သွားတယ်။ ဒါပေမယ့် ဒါရိုက်တာ ကိုဟိန်းစိုးကတော့ ပြောပါတယ် သရုပ်ဆောင်ဆိုတာ သရုပ်ဆောင်စိတ်ပဲ မွေးရမယ်။ အန်တီဟာ နှစ်ပေါင်း ၃၅ နှစ်အကြာသရုပ်ဆောင်ခဲ့တဲ့ အခါမှာ အနုပညာသမား စစ်စစ်ဖြစ်တဲ့အတွက် အနုပညာကို အနုပညာလိုပဲ ခံစားပြီးတော့ သရုပ်ဆောင်သွားမှာပါ'' လို့ ဆိုပါတယ်။

စိတ်ဓာတ်ပြင်းထန်တဲ့ မိန်းမပုံစံမြင်ရမယ့် အိန္ဒြာကျော်ဇင်  

ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးဟာ သက်ငယ်မုဒိန်းမှုအတွက် ပညာပေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုဆိုတာ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ၊ အင်မတန် ရွံရှာစရာကောင်းပါတယ်လို့ ဒေါ်သန်းသန်းစိုးက ဆိုပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကတော့ သူ့စိတ်ဓာတ်နဲ့ လုံးဝကွာခြားပါတယ်။

'' အန်တီသရုပ်ဆောင်ရမယ့် ကာရိုက်တာကတော့ အန်တီနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ အန်တီသည် ဒါကို ထောက်ခံတာ လည်း မဟုတ်ဘူး အားပေးတာလည်း မဟုတ်ဘူး။ အရိုင်းဆုံးပြောရမယ်ဆိုရင်တော့ အန်တီက လင်တရူးတာ၊ ဒီလင်တစ်ယောက် အတွက်ပဲ လင်တရူးတဲ့ ပုံစံပါ'' လို့ သူ သရုပ်ဆောင်ရမယ့် ကာရိုက်တာအကြောင်းကို ပြောပြပါတယ်။

Photo: သန်းသန်းစိုးဖေ့စ်ဘွတ်

 

သရုပ်ဆောင် သန်းသန်းစိုးဟာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ အနုပညာသက်တမ်း ၃၅ နှစ် အတွင်းမှာလည်း ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူပါ။ သူ့အနေနဲ့ ဟစ်တိုင်ရုပ်ရှင်ကားမှာ သရုပ်ဆောင်ရင်း ပရိသတ်အတွက် ဘယ်လိုရသမျိုးတွေ ပေးနိုင်မလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က