အခုလည်း ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေရတယ်တဲ့။

ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးတစ်ယောက် ၉ လပိုင်းကျော် ၁၀ လပိုင်းအတွင်းမှာ သမီးလေးကို မွေးဖွားမှာ ဖြစ်ပါတယ်။ တောင်ကြီးက ဆေးရုံမှာပဲ ဗိုက်ခွဲမွေးသွားမယ်လို့ဆိုပါတယ်။ ကြာစိရဲ့ဇနီးဖြစ်သူဟာ သမီးလေးကို ကိုယ်ဝန်စလွယ်ချိန် မှာ ကတည်းက ကံကောင်းမှုတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

Photo: Su Honey Phyo Fb

 

ဟာသသရုပ်ဆောင်ကြာစိရဲ့ ဇနီး ဆုဟန်နီဖြိုး ဟာ ကိုယ်ဝန် ၇ လရှိပြီဖြစ်ပါတယ်။ ဒီကလေးမွေးပြီးသွားရင်တော့ နောက်ထပ် ကိုယ်ဝန် မဆောင်တော့ဘူးလို့ ဆိုပါတယ်။ ကလေးကိုလည်း ဗိုက်ခွဲမွေးသွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ဗိုက်က အခု ၇ လရှိနေပါပြီ။ ၉ လပိုင်းကျော် ၁၀ လပိုင်းလောက်မှာ မွေးဖြစ်မယ်ထင်တယ်။ ကလေးကိုလည်း ခွဲမွေးရမယ်ပေါ့ ခွဲမွေးမယ်။ သမီးလေး မွေးမှာပါ။ မွေးပြီးရင်လည်း ဆရာဝန်က နောက်ထပ်ကိုယ်ဝန်မဆောင်ခိုင်းဘူး။ အိုဂျီဆရာဝန်က သားကြောတောင် ဖြတ်ခိုင်း ခဲ့တာ'' လို့ ဆိုပါတယ်။

Photo: Su Honey Phyo Fb

 

ဟာသသရုပ်ဆောင် ကြာစိ နဲ့ ဆုဟန်နီဖြိုး တို့က ဒီသမီးလေးကို ကိုယ်ဝန်ရလာချိန်က စပြီး ကံကောင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန် ၂ လမှာ ၂ခါ ထီ ၅ သောင်းဆု ပေါက်တယ်။ ကိုယ်ဝန် ၄ လမှာ ထီ ၃ သိန်းတစ်ဆု ပေါက်တယ်။ ကိုယ်ဝန် ၆ လမှာလည်း ထီ ၅ သောင်းဆု ၆ ဆု တောင်ပေါက်တယ်လို့ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

ကြာစိရဲ့ ဇနီးချော ဆုဟန်နီဖြိုး ဟာ ကိုယ်ဝန်ဆောင်နေရချိန်မှာလည်း သူ့ရဲ့ကျန်းမာရေးအခြေအနေ ကိုစောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း မွေးဖွားမယ့် ရက်ကို အတိအကျမသိရသေးဘူးလို့ သူကဆိုပါတယ်။

'' ကလေးမွေးမယ့် ရက်က အတိအကျမပေးသေးဘူး ဖြိုးကိုလေ။ ဖြိုးရဲ့ ကျန်းမာရေးအခြေအနေကြောင့်လည်း စောင့်ကြည့်နေရတာလည်း ပါတော့ မသိသေးဘူး။ ၇ လကျော်သွားရင်တောင်မှ ဖြိုး ကျန်းမာရေးမကောင်းရင် ခွဲရမယ့် သဘောမှာရှိတယ်။ တောင်ကြီးမှာပဲ ကလေးမွေး ဖြစ်မယ်'' လို့ ဆုဟန်နီဖြိုး က ပြောပါတယ်။

ကံတွေ ဆက်တိုက်ကောင်းနေတဲ့ ကြာစိ 

Photo: Su Honey Phyo Fb

 

ဆုဟန်နီဖြိုး ဟာ ကလေးကို တောင်ကြီးက ဆေးရုံမှာပဲ မွေးဖွားဖြစ်မယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။ တောင်ကြီးဆေးရုံရဲ့ ခွဲစိတ်ဌာန မှာ တာဝန်ကျနေတဲ့ သူ့ရဲ့ဖခင်ကလည်း မိဘတွေရဲ့ အနားမှာပဲ မွေးဖွားစေချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

'' တောင်ကြီးမှာက အဖေက ဆေးဘက်က ဆိုတော့ သူ့နားလေးမှာပဲ မွေးစေချင်တယ်။ ခွဲစိတ်ဌာနမှာ တာဝန်ကျနေတာဆိုတော့လေ ။ ကိုကြာစိ ကျတော့ ၁၀ လပိုင်းလောက်ဆို ပွဲက နေရတာတွေရှိတော့ ကိုယ့်အနားမှာအမြဲတမ်းမရှိနိုင်ဘူး။ တောင်ကြီးမှာက ကိုယ့်မိဘတွေ လည်းရှိတော့ ဒီမှာပဲ မွေးဖို့ ဆုံးဖြတ်လိုက်တာပါ'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က