AD
AD
AD

ပရိသတ်တွေ စိတ်ဝင်တစားရှိလှတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။ ဒီဇာတ်ကား ထဲမှာတော့ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ အိမ်သာရေကို တကယ်သောက်ခဲ့ရတဲ့ ဟာသဇာတ်ဝင်ခန်းတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

play
Photo: ဘော်ဘော်ကထှော်ပေ့ခ်ျ

 

ဘော်ဘော်ကထှော် ရုပ်ရှင်ကားကြီး အထူးပြပွဲကို ဇူလိုင်လ ၈ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကား လေးကတော့ ဟာသဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဘော်ဘော်ကထော် ရုပ်ရှင်ကားထဲမှာ တကယ်ကို အိမ်သာရေ သောက်ခဲ့ ရတဲ့ အနုပညာရှင်တို့ရဲ့ အမှတ်တရအကြောင်းတွေကိုလည်း မီဒီယာတွေကနေပြောပြခဲ့ပါတယ်။

'' အိမ်သာထဲမှာ ရေချိုးခံရတဲ့ အခန်းက ကျွန်တော် ဇာတ်ညွှန်းရေးတဲ့ အထဲမှာလည်း မပါဘူး။ ကျွန်တော်က ဝင်တားရုံပဲ ဒါရိုက်တာရယ်၊ မင်းသားသုံးယောက်ရယ်က တိုင်ပင်ထားကြတာ ကိုယ်က မသိဘူးပြီးတော့မှ အတင်းဆွဲထည့်ကြတဲ့ အခန်းကတော့ အမှတ်တရပါပဲ။ ရိုက်နေ တဲ့ အချိန်မှာလည်း ရှုတင်တစ်ခုလုံးက သိနေတာဆိုတော့ အကုန်ဝိုင်းရယ်ကြတာပေါ့'' လို့ ဇာတ်ညွှန်းရေးတဲ့ ညောင်ညောင်က ပြောပါတယ်။

play

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ခင်လှိုင်ကလည်း အိမ်သာရေ သောက်ခဲ့ရပါသေးတယ်တဲ့။ သူ့အနေနဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ထဲမှာ လူရိုင်းပုံစံ ကာရိုက်တာ နဲ့ ပီပီပြင်ပြင်ဖြစ်အောင် သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

'' ဇာတ်ကားအတွက် ပြင်ဆင်ထားတယ်ဆိုပေမယ့် နည်းနည်းတော့ ပျို့တာပေါ့။ ကိုညောင်ညောင့်ရဲ့ ဇာတ်ညွှန်း ပထမတုန်းက သူက ကျွန်တော်တို့ချည်းပဲ လုပ်ထားတာလေ။ နောက်ကျတော့ သူ့ကိုပါ ဆွဲစိပြီးတော့ သမလိုက်တာ သူလည်း ပရမ်းပတာတွေ ဖြစ်ကုန်တာပေါ့။ လူရိုင်းပုံစံကလည်းသဘာဝရုပ်အထိကျတော့လည်း သာမန်လူတွေဆို ဘယ်ရမလဲဇာတ်ဝင်ခန်းနဲ့ ကွက်တိဖြစ်လို့ရတာပေါ့'' လို့ ခင်လှိုင်က ဆိုပါတယ်။

play

 

ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်လာတဲ့ ရွှေသမီးကတော့ သူ့အကြိုက်ဆုံး ဇာတ်ဝင်ခန်းကို ပြောလာပါတယ်။ မျက်စိထဲ ပြန်မြင်ပြီးတော့ ရယ်နေရဲ့ ဇာတ်ဝင်ခန်းလေးတွေ နဲ့ ဟာသပုံစံ Plot လေးတွေကလည်း မိုက်တယ်ဆိုပြီးတော့ ပြောပြခဲ့ပါသေးတယ်။

'' အကြိုက်ဆုံး ဇာတ်ဝင်ခန်းလေးက ၃ ယောက်သား အိမ်သာထဲမှာပေါ့။ ပြန်တွေးရင်တောင်မှ ရယ်ရတယ် မျက်စိထဲပြန်မြင်ပြီးတော့ ရယ်ရတဲ့ ဟာသမျိုးပေါ့နော်။ အဲ့ဒီ Plot လေးတွေက တော်တော်လည်း မိုက်တယ်။ အဲ့မှာ သုံးယောက်သား အိမ်သာမှန်းလည်း မသိဘူး အိမ်သာခွက် ထဲက ရေကိုလည်း ပါးစပ်တွေနဲ့ ယူပြီးတော့ မှုတ်ကြ၊ ရေချိုးကြနဲ့ အဲ့ အခန်းလေးတော့ အမှတ်တရဖြစ်တယ်'' လို့ ပြောပါတယ်။

play

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံ နဲ့ မုဏ်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD