ဒီကာရိုက်တာနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုလည်း ပြောလာပါတယ်။

မိုးယံဇွန်က ဒါရိုက်တာစတီးလ် နဲ့  နိုင်ငံကြီးသား ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရိုက်နေပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်နေတာပါ။ ယူနီဖောင်းဝတ်တစ်ဦးအဖြစ် သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်နဲ့ အဲဒီဇာတ်ကောင်အတွက် ပြင်ဆင်ရပုံတွေကို မိုးယံဇွန်က ပြောပြခဲ့ပါတယ်။


 

မိုးယံဇွန်တစ်ယောက် လက်ရှိမှာဒါရိုက်တာစတီးလ် နဲ့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သူအမြဲသရုပ်ဆောင်နေကျ ကာရိုက်တာတစ်ခုဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီလိုကာရိုက်တာမျိုးတွေကို လက်ခံဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး မိုးယံဇွန်က Duwun Media ကိုပြောပြလာပါတယ်။

'' ကျွန်တော်က ရဲကာရိုက်တာတွေ၊ ယူနီဖောင်းဝတ်ရမယ့် ကာရိုက်တာမျိုးတွေဆိုရင် ငယ်ငယ်လေးကတည်းက Dream ပေါ့နော်။ ယူနီဖောင်း ဝတ်ပြီး သရုပ်ဆောင်ရတဲ့ ဇာတ်ကားတွေ၊ ဇာတ်ဝင်ခန်းတွေဆိုရင် ပိုပြီးတော့ သဘောကျတယ်။ ရဲကာရိုက်တာဆိုတာထက် ခန္ဓာကိုယ်ပေါ်မှာ မီးသတ်ဆိုလည်း မီးသတ်ပေါ့ယူနီဖောင်းတစ်ခုခုဝတ်ပြီး သရုပ်ဆောင်ရတာကိုက ကျွန်တော့်အတွက် ပိုမိုက်တယ်'' လို့ ဆိုပါတယ်။

Photo: Moe Yan Zun Facebook

 

ရဲဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ရာထူးတွေဆိုတာထက် လိုက်နာရမယ့် ကျင့်ဝတ်တွေကိုတော့ ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဖြစ်တဲ့ မိုးယံဇွန်က ရဲတစ်ဦးအဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်အခဲမရှိဘူးလို့ဆိုပါတယ်။

'' ရဲဇာတ်ရုပ်ဆိုရင်လည်း ကျွန်တော့်အဖေက ဝန်ထမ်း ငယ်ငယ်လေးကတည်းက တပ်ထဲမှာ လိုက်နေတာများတော့ ဌာနဆိုင်ရာတွေရဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေက နေသားကျနေပြီဆိုတော့ ကျွန်တော့်အတွက်  သီးခြားလေ့လာစရာကြီး မလိုပါဘူး'' လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုထားပါတယ်။

Photo: Moe Yan Zun Facebook

 

မိုးယံဇွန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်တာတွေ များတဲ့အတွက် ဒီကာရိုက်တာကိုပဲ ပရိသတ်တွေ ပိုရင်းနှီးသွားမှာကို မစိုးရိမ်ပါဘူးတဲ့။ သူ့ကိုလည်း ယူနီဖောင်းနဲ့ လိုက်ဖက်မှုရှိတယ်လို့ ပရိသတ်တွေပြောလာခဲ့တာကို ကြားရ တဲ့အတွက်လည်း ပီတိဖြစ်မိတယ်လို့ ပြောပါတယ်။

'' ပရိသတ်တွေဘက်ကလည်း ကျွန်တော့်ကို ရဲကာရိုက်တာနဲ့ စွဲသွားမှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်ရတဲ့ ကာရိုက်တာကိုတော့ အကောင်းဆုံး ပုံဖော်ပေးပါတယ်။ အဲ့ဒီအထဲမှာမှ ပရိသတ်တွေက မကြိုက်ရင်မကြိုက်ဘူး၊ ကြိုက်ရင် ကြိုက်တယ် ဝေဖန်ပြီးပြောလို့ရတယ်။ တော်တော် များများ ကတော့ ယူနီဖောင်းနဲ့လိုက်တယ်လို့ပြောတယ်။ ကျွန်တော်ကတော့ သဘောကျတယ်'' လို့ သူကဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး သို့လော သို့လောပဲ ကောင်းပါတယ်ဆိုတဲ့ မိုးယံဇွန်  

 

မိုးယံဇွန်ပါဝင်သရုပ်ဆောင်နေတဲ့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးကာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က