တက်တူး ၆ ခုရှိပါတယ်။

အသက် ငယ်ငယ်လေးကတည်းက တက်တူးထိုးခဲ့တဲ့ အေသင်ချိုဆွေက သူ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ တက်တူးလေးတွေရဲ့ အဓိပ္ပာယ် ကိုပြောပြခဲ့ပါတယ်။ တက်တူးတစ်ခုစီတိုင်းမှာလည်း အမှတ်တရ ရှိသလို သူထိုးထားတဲ့ တက်တူးတစ်ခုမှာတော့ နောင်တရစရာတွေ ရှိခဲ့တယ်တဲ့။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

အေသင်ချိုဆွေက တက်တူးထိုးရတာကို ကြိုက်တဲ့ မိန်းကလေးထဲက တစ်ယောက်အပါအဝင်ပါပဲ။ အသက် ၁၆ နှစ်၊ ၁၇ နှစ်လောက် ကတည်းက တက်တူးစထိုးခဲ့တာဖြစ်တဲ့အတွက်  သူ့ရဲ့ တက်တူးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အဆိုတော် စဖြစ်ပြီးတော့ ၁၆နှစ် ၁၇ နှစ်လောက်က တက်တူးစထိုးတာထင်တယ်။ အဲ့ဒီတုန်းက ခိုးပြီးတော့ ထိုးခဲ့တာ ATHEN ဆိုပြီးတော့ ကနုတ်လေးနဲ့ ထိုးထားတာ အဲ့ဒါပြီးတော့ A ဆိုတဲ့ အက္ခရာလေးကိုလည်း ထိုးဖြစ်ခဲ့တယ်ပေါ့။ ပြီးတော့ လည်ပင်းမှာ ကြယ်လေးတွေ ထိုးတယ်။ ဒါလေးတွေ ထိုးဖြစ်တာကလည်း ရီဟားနားက ကြယ်လေးတွေ ထိုးတာကိုသဘောကျလို့ ထိုးဖြစ်တာပေါ့နော်'' လို့ ဆိုပါတယ်။

 

သစ္စာရှိတဲ့သူ၊ သစ္စာစောင့်ထိန်းတဲ့ သူ ဆိုတဲ့ အဓိပ္ပာယ်ပေါ်လွင်အောင်လို့ သူ့ရဲ့ လက်မှာ Loyalty ဆိုတဲ့ စာသားလေးကို တက်တူးထိုး ခဲ့ပါ သေးတယ်။ အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ ပုံစံတွေကို သဘောမကျတဲ့သူဖြစ်လို့ အဲ့ဒီလို အဓိပ္ပာယ်သက်ရောက်အောင် ထိုး ဖြစ်ခဲ့တဲ့အကြောင်းပြောလာပါတယ်။

'' နောက်တစ်ခုက လက်မှာ သီချင်းဆိုရင်လည်း ပေါ်ချင်တယ်။ ပြီးတော့ အင်္ဂလိပ်စာလုံးထဲမှာ အေသင်ကြိုက်တဲ့ စာလုံးလေးရှိတယ် Loyalty ဆိုတဲ့ စကားလုံးလေးပေါ့နော်။ ကိုယ့်ကို သစ္စာစောင့်ထိန်းတဲ့သူကိုပြောတာပေါ့နော်။ တက်တူးဆိုတာ သစ္စာရှိတယ်ပေါ့ ဟိုစကားဒီပို့ ဒီစကား ဟိုပို့ ပုံစံမျိုးတွေလည်း အေသင်မကြိုက်တော့ အဲ့ဒီလို အဓိပ္ပာယ်သက်ရောက်တာပေါ့''လို့ သူကဆိုပါတယ်။ 

သီချင်းအသစ်လေးအတွက် အမှတ်တရလုပ်မယ်ဆိုတဲ့ အေသင်ချိုဆွေ 

အေသင်ဟာ သူထိုးခဲ့တဲ့ တက်တူးတွေ ထဲမှာ နောင်တအရဆုံး တက်တူးကတော့ Z ပုံစံနဲ့ တက်တူးပဲ ဖြစ်ပါတယ်တဲ့။ ဒီအက္ခရာလေးကတော့ အရင်က ရည်းစားဟောင်းရဲ့ နာမည်စာလုံးဖြစ်နေလို့ပါလို့ သူကပြောပါတယ်။ ရည်းစားဟောင်းနဲ့ ပြတ်သွားပြီးတဲ့နောက် ရင်ဘတ်မှာ ထိုးဖြစ်ခဲ့တဲ့ တက်တူးလေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ရင်ဘတ်က တက်တူးကတော့ အခုပြတ်သွားတဲ့ တစ်ယောက်ရဲ့ အရှေ့က EX က ကိုယ့်ကို ထားခဲ့တာဆိုတော့ အရမ်းကိုအသည်းတွေကွဲပြီး တော့ ထိုးလိုက်တာပေါ့။ ဒါကတော့ သော့ပုံစံလေးပါ အသည်းနှလုံးကို သော့ခတ်လိုက်ပြီပေါ့။ အခုချိန်ထိလည်း တက်တူးထိုးချင်တုန်းပဲ ဒါပေမယ့် အမေက ထပ်မထိုးခိုင်းတော့ဘူး''လို့ ဆိုပါတယ်။

 

တက်တူးထိုးတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြပေမယ့် အဓိက ကတော့ လူ့စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ ကြိုက်နှစ်သက် တဲ့ Feel ပေ့ါနော် အေသင်ကတော့ တက်တူးထိုးရတာ ကြိုက်တယ်။ အခွင့်အရေး ရရင်တော့ ထပ်ထိုးအုံးမှာပေါ့။ ဝိတ်ချသွားပြီး ရင်တော့ ခါးအပေါ်လေးမှာ တက်တူးထိုးချင်သေးတယ်။

 

Share

Loading Next Article...
က္က