လောလောဆယ်တော့ မေမေနဲ့ အတူတူနေနေတယ်။

မြို့တော်ချစ်ဖွယ်ရဲ့ သမီး နွေးနွေးချစ်ဖွယ်ဟာ သူ ၄ လသမီးကတည်းက မိသားစုဘဝလေး ကွဲကာခဲ့ရတဲ့အကြောင်းကို ရင်ဖွင့်ပြောပြ လာပါတယ်။သူဟာ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပေမယ့် အတူတူ မနေရတာကတော့ သူ့ရဲ့ ကံတရားပါပဲ။ အခုလည်း ဖခင်ဖြစ်သူနဲ့လည်း အနုပညာအလုပ်တွေ အတူတူတွဲလုပ်နေတာဖြစ်ပါတယ်။

Photo: N N C P Fb

 

သူငယ်ချင်းတွေကြားမှာရော ၊ ပရိသတ်တွေကြားမှာပါ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ နွေးနွေးချစ်ဖွယ်က မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက် တွေကို ရင်ဖွင့်လာခဲ့ပါတယ်။ ပျော်ပျော်နေတတ်ပေမယ့် စိတ်ညစ်စရာတွေတော့ရှိတယ်၊ ဒီ စိတ်ညစ်စရာတွေကို ခေါင်းထဲက ထုတ်ပြီး ပျော်ပျော်နေတယ်လို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။

'' နွေးက ပျော်ပျော်ပဲနေတယ်၊ မိသားစုတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်စရာလေးတွေက ရှိနေတယ်။ ခေါင်းထဲမှာ ကြာကြာ သိပ်မထားဘူး။ အမြဲတမ်းပျော်နေတယ်၊ ပြုံးနေတယ်။ ဒီစိတ်ညစ်စရာကြီးကို လိုက်ပြီးခံစားပြီးနေရင် ကိုယ့်ရဲ့ တက်လမ်းတွေရော၊ ကိုယ့်ရဲ့ အချိန်တွေရော၊ နှမြောစရာကောင်းတယ်။ဒါပေမယ့် အခုတော့ ပြန်အဆင်ပြေသွားပြီ ဖေဖေ နဲ့လည်း ပြန်ခေါ်သွားပြီ''လို့ ဆိုပါတယ်။

Photo: N N C P Fb

ဖခင်ကို ပျော်တာတွေ့လို့ ဝမ်းသာနေတဲ့ နွေးနွေးချစ်ဖွယ် 

နွေးနွေးချစ်ဖွယ်ဟာ လူရွှင်တော်၊ ဟာသသရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဖခင်မေတ္တာကို လိုအပ်လာ ခဲ့သူ တစ်ယောက်အနေနဲ့ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။ မိသားစုအတူတူမနေရပေမယ့် ပျော်ရွှင်နေနေရကြောင်းကို ဇူလိုင်လ ၁၄ ရက်နေ့ညက Cele Club ဆိုင်သစ်ဖွင့်ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ဖေဖေ နဲ့ကတော့ နွေး ငယ်ငယ်လေးကတည်းက အဖေနဲ့ အမေနဲ့က ကွဲနေတာလေ။ နွေး ၄ လသမီးလောက်မှာ ကွဲကြတယ် ဒါကလည်း နွေးရဲ့ ဘဝပေးကုသိုလ်ကံပေါ့။ လောလောဆယ်တော့ နွေးက အမေနဲ့ အတူနေတာပါ။  မေမေကလည်း နွေးကို စိတ်ချမ်းသာ အောင် ထားတယ်။ တစ်ခုကတော့ မိသားစု စုံစုံညီညီမနေရတာလေး တစ်ခုပါပဲ'' လို့ ဆိုပါတယ်။

Photo: NNCP Fb

 

ဖခင်ဖြစ်သူကလည်း အနုပညာသမားတစ်ယောက်ဖြစ်သလို နွေးနွေးချစ်ဖွယ်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာ အလုပ်တွေ လုပ်တဲ့အခါ အတူတူ လက်တွဲအလုပ်လုပ်ဖြစ်တယ်လို့ပြောပါတယ်။ ဒါတွေကလည်း သူ့အတွက် အမှတ်တရတွေဖြစ်ခဲ့တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။

'' အဖေနဲ့ ပထမဦးဆုံးအတူတူလုပ်ဖြစ်တဲ့ အရာကတော့ သီချင်းတွေ သွားဆိုဖြစ်တယ်။ နယ်တွေ ခရီးထွက်ဖြစ်ကြတယ်။ သင်္ကြန်တစ်နှစ်မှ အတူတူ မကျဖူးတဲ့ နှစ်ယောက်က ဒီနှစ်သင်္ကြန်မှာ သီချင်းတွေ အတူတူဆိုဖြစ်တယ်။ အကယ်ဒမီပွဲလည်း အတူတူ တက်ဖြစ်တယ်။ ကိုယ်ကတော့ တစ်ခါမှ မတက်ဖြစ်ပါဘူး။ အဖေနဲ့အတူတူဆုံတိုင်းက အမှတ်တရတွေချည်းပါပဲ''လို့ နွေးနွေးချစ်ဖွယ်က ပြောပါတယ်။

မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါ တယ်။ နွေးနွေးချစ်ဖွယ်ဟာ အဆိုတော်ယုန်လေးနဲ့ အတူတွဲဆိုခဲ့တဲ့ '' မင်းရဲ့ စိတ်နဲ့'' ဆိုတဲ့ သီချင်းနဲ့လည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ 

 

Share

Loading Next Article...
က္က