မဟုတ်တဲ့ ကိစ္စတွေနဲ့ အချိန်မကုန်ချင်ဘူးတဲ့။

HD ထွက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေမဒီက စိတ်မကောင်း ဖြစ်လို့နေပါတယ်။ ဒါပေမယ့် တိုက်ခိုက်သူတွေအနေနဲ့ ဒီထက်ပိုပြီး တရားလွန်လာမယ်ဆိုရင် ၆၆(ဃ)နဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။


 

ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေသူ Myanmar Idol ပြိုင်ပွဲဝင် မေမဒီဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ပြန့်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်။အွန်လိုင်းမှာ  သူမရဲ့ HD ဆိုပြီး ထွက်ရှိလာခဲ့တာနဲ့ ပတ်သက်လို့ သူမရဲ့ ခံစားချက်ကို ယခုလို ပြောပြခဲ့ပါတယ်။

"ကိုယ်က သိတာမဟုတ်ဘူး  မေမေက သိတာ မေမေက တစ်ဆင့် သမီးရေ ဒီလိုဒီလိုတော့ ဖြစ်နေတယ်ဆိုပြီးပြောလို့ ညီမလည်း သိတာပေ့ါ နော်။ ကိုယ့်ကို သိတဲ့သူတိုင်းကတော့ ကိုယ်မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ကိုယ်က အောင်မြင်တဲ့ အနုပညာရှင်လည်း မဟုတ်တော့ မေမဒီ ကို သိတဲ့သူလည်း ရှိသလို မသိတဲ့ သူလည်း ရှိတာပေ့ါနော် မသိတဲ့သူတွေကျတော့  ထင်ကြတယ်။ဘာပဲ ပြောပြော ညီမရဲ့ Image တော့ ထိခိုက်တယ်။" လို့ Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

 

HD ထွက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး သူမအနေနဲ့ စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။ဒါပေမယ့်လည်း တိုက်ခိုက်သူတွေအနေနဲ့ ဒီထက်ပိုပြီး တရားလွန်လာမယ်ဆိုရင် ၆၆(ဃ)နဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

"စိတ်မကောင်းဖြစ်ရုံက လွဲပြိး ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး ။အနုပညာအလုပ်လုပ်မယ်ဆိုရင် တိုက်ခိုက်တာတွေလည်း ရှိမှာပဲ အဲ့အတွက် သည်းခံနိုင်သမျှတော့ သည်းခံသွားမှာပါ ။ကောလာဟလဆိုတဲ့ အတွက် အချိန်တန်ရင် ပျောက်ကွယ်သွားမှာပဲ ကိုယ်မဟုတ်တဲ့အတွက် ရေ၇ှည်မတည်တံ့ပါဘူး" ဆိုပြီး ဇူလိုင်(၂၅) ရက်နေ့က ကျင်းပခဲ့တဲ့ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားသတင်းစာရှင်းလင်းပွဲမှာ Duwun Media ကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

မေမဒီဟာ Myanmar Idol Season 3 မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ Myanmar Idol ပြိုင်ပွဲရဲ့ စတုတ္ထမြောက် Result show မှာ ပရိသတ်တွေကို နှုတ်ဆက်ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။

သူမအနေနဲ့ ပြိုင်ပွဲပြီးသွားရင်လည်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို အခွင့်အရေး ရှိသမျှဆက်ပြီး လုပ်သွားချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဆက်လက်ပြောပြခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က