ပြိုင်ပွဲဝင်တွေအားလုံးကို ချစ်တယ်..

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တွေ အကုန်လုံးက သီချင်းရွေးချယ်မှုတွေမှာ ဖြူဖြူစင်စင်ရှိကြလို့ အကုန်လုံးကို ချစ်တယ်လို့ မျိုးကျော့ မြိုင်ကပြောပါတယ်။ လက်ရှိ ပြိုင်ပွဲဝင်ရွေးချယ်တဲ့အခါမှာလည်း အကဲဖြတ်ဒိုင်တွေအနေနဲ့ တစ်ယောက် နဲ့ တစ်ယောက် အမြင်မတူတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

Photo: Myanmar Idol Page

 

Myanmar Idol Season 3 ရဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ မျိုးကျော့မြိုင်က ပြိုင်ပွဲဝင် ၁၁ ယောက်စလုံးကို အားပေးတယ်လို့ဆိုပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြူဖြူစင်စင်နဲ့ ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တာကြောင့် အကုန်လုံးကိုလည်း ချစ်တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သူတို့က သီချင်းအပေါ်မှာဖြူစင်ကြတယ် သီချင်းဆို ကောင်းတာမကောင်းတာက နောက်မှ တကယ်ကို ဖြူစင် ကြတာပါ။ ဖြူဖြူစင်စင်နဲ့ အရှိကိုအရှိအတိုင်း ဆိုသွားတော့ ကျွန်တော်ကတော့ အကုန်လုံးကို ချစ်တာပေါ့။ သူတို့ အားနည်းသွားတာလေးတွေ၊ အားသာ သွားတာ လေးတွေကို အမြဲတမ်း စိတ်ပူနေရတာ'' လိ့ု သူကဆိုပါတယ်။

Photo: Myanmar Idol Page

 

Myanmar idol သီချင်းဆိုပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ ဝါသနာရှင်တွေကလည်း နေရာဒေသမတူညီသလို နောက်ခံပံ့ပိုးနိုင်အားတွေ ကလည်း ကွဲပြားကြတယ်လို့ မျိုးကျော့မြိုင်ကပြောပါတယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့  ယှဉ်ပြိုင်ကြတဲ့ ဝါသနာရှင်တွေကို ရွေးချယ်ရတဲ့အခါ အကဲဖြတ်ဒိုင် တစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြင်မတူတာလေးတွေရှိတယ်လို့ သူက ဆိုပါတယ်။

'' ဒိုင်တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်တုန်းက ကျွန်တော်တို့ရွေးလာခဲ့ကြတာအတူတူပါပဲ။ အခုနောက်ပိုင်းမှာကျတော့ အမြင်မတူတာလေးတွေ ရှိ ကောင်းရှိပါလိမ့်မယ်။ ကျွန်တော့်ထက် အသက်ကြီးတဲ့သူတွေအပေါ်မှာလည်း ကျွန်တော်က မိသားစုလိုပဲ သဘော ထားပါတယ်'' လို့ ဇူလိုင်လ ၂၅ ရက်နေ့ညက ဇာတိမြေအထူးပြသပွဲကို တက်ရောက်လာရင်းမီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ ပါ။

ကျွန်တော်တို့အရွယ်က Judge လုပ်ရမယ့်အရွယ်ရောက်နေပြီဆိုတဲ့ မျိုးကျော့မြိုင် 

Myanmar Idol Season 3, Top Finalist ထဲမှာတော့ ပြိုင်ပွဲဝင် ၄ ယောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဝင် ၄ ယောက်က မတူညီတဲ့ သီချင်းအမျိုးအစားတွေနဲ့ ပါဝင်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ သူတု့ိကတော့ ပြိုင်ပွဲဝင် နေခန့်မင်းသစ်၊ ဖြိုးမြတ်အောင်၊ ဇော်ကြီး နဲ့ ချမ်းမြေ့မောင်ချိုတို့က ယှဉ်ပြိုင်ရမှာပါ။

Photo: မျိုးကျော့မြိုင်ဖေ့စ်ဘွတ်

 

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ ဟာဆိုရင် သိပ်မကြာခင်မှာပဲ နောက်ဆုံးအနိုင်ရသူ တစ်ဦးကို ရွေးချယ်ဖို့ရက်က နီးကပ်လို့ လာပါပြီ။ Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က