ခွဲစိတ်ပြုပြင်ပြီးတဲ့နောက် ပိုချောလာတယ်လို့ အပြောခံနေရပါတယ်။

Beauty Blogger မလေး နေခြည်ဦးက တောင်ကိုရီးယားနိုင်ငံမှာ မကြာသေးခင်က မျက်စိနဲ့ နှာခေါင်းခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို ဝေဖန်သူတွေကပါ လှကြောင်း၊ ချောကြောင်းပြောလာကြတဲ့အတွက် အရမ်းကျေနပ် ပါတယ်တဲ့။



 

မကြာခင်က တောင်ကိုရီးယားနိုင်ငံမှာနှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုလုပ်လာခဲ့တဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ ပိုပြီးတော့ တောင်လှလာပါသေးတယ်။သူ့ကို ဝေဖန်ပြောဆိုကြသူတွေကလည်း  ပလပ်စတစ်ဆာဂျရီ လုပ်ပြီး ဒီလို ပြောင်းလဲလို့ရတယ်ဆိုတာကို လက်ခံလာတဲ့အတွက် ကျေနပ်တယ်လို့ Duwun media ကနေပြော ပြခဲ့ပါတယ်။ 

'' ပလပ်စတစ် ဆာဂျရီလုပ်တဲ့အပေါ် ဝေဖန်ကြတဲ့ သူတွေအတွက်လည်း လုပ်ရကျိုးနပ်တယ်။ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းကြီးပြောဖို့ဆိုတာ နေခြည့်ယူထားရတဲ့ Rate တွေက အရမ်းများတယ်။ ပလပ်စတစ်ဆာဂျရီလုပ်ချင်တဲ့ သူတွေအတွက် တကယ့်စိတ်ရင်း စေတနာအရင်းနဲ့ ပြောပြမယ်ဆိုတဲ့ စိတ်နဲ့ နေခြည်လုပ်ခဲ့တယ်။ ပြန်ရတဲ့ Feed Back ကလည်း အရမ်းကောင်းတယ်'' လို့ ဆိုပါတယ်။

 

တစ်ပတ်အကြာခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရတဲ့ နေခြည်ဦးက သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေခဲ့ပါသေးတယ်။ ဝန်ဆောင်မှုကလည်း အရမ်း ကောင်းသလို အချိန်ပေးရကျိုးနပ်တဲ့ ဒီခွဲစိတ်မှုက သူ့အတွက်  ကျေနပ်စရာကောင်းတဲ့အကြောင်း ဇူလိုင်လ ၂၈ ရက်နေ့  ညနေက Revlon ပွဲကို တက်ရောက်ရင်း အင်တာဗျူးဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' နာတာကလေ ၁ ကနေ ၁၀ အထိရေတွက်ရင်တောင် ၂ လောက်အထိပဲ နာတယ်။ အရောင်ကျတာကလည်း ၆ ရက်မြောက်နေ့မှာ အရောင်ကျ သွားတယ်။ ချုပ်ရိုးဖြည်ပြီးတော့ ရန်ကုန် ပြန်လာနိုင်ပြီ။ ၈ ရက်နေ့မှာ နေခြည် ပွဲတစ်ပွဲစတက်တယ်။ အချိန်ပေးရတာနဲ့ တော်တော်လေး အဆင်ပြေပါတယ်။ လို့ သူကဆိုပါတယ်။

ဘဝမှာ တစ်ခါမှ ချောတယ်လို့ အပြောမခံခဲ့ရဖူးဘူးဆိုတဲ့ နေခြည်ဦး 

 

နှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုပြင်ပြီးတဲ့နောက်မျာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတဲ့ အကြောင်းကိုလည်း နေခြည်ဦးက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ လှပတဲ့ နှာတံစင်းစင်းလေးနဲ့ သဘာဝကျတဲ့ မျက်ရစ်လေးတွေကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သူကပြောပါတယ်။

'' ယုံကြည်မှုရှိတာကတော့ နေခြည့် နှာခေါင်းပေါ့နော် အရင်တုန်းက နေခြည်က Filter တွေ အရမ်းထိုးတော့ နှာခေါင်းက ကြီးလာတယ်၊ နှာ ခေါင်း ထိပ်လေးတွေက လုံးလာတယ်။ အဲ့ဒါတွေ အကုန်လုံးကို သူက ပြန်ပြင်ပြီးတော့ ဆီလီကွန်ထည့်လိုက်တဲ့အချိန်မှာ နှာခေါင်းလေးက စင်း သွားပြီးတော့ အရမ်းကို ကျေနပ်သွားတယ်။ ပြီးတော့ မျက်ရစ်ကလည်း အရမ်းကို သဘာဝကျလို့ ယုံကြည်မှု ပိုရှိလာပါတယ်'' လို့ဆိုပါတယ်။

Photo: Nay Chi Oo fb

 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်ခဲ့ရကြောင်း၊ ခွဲစိတ်ပြီးတဲ့နောက် တွေ့တဲ့ သူတိုင်းက ချောကြောင်း၊ လှကြောင်း ပြောကြတဲ့အတွက် အရမ်းကိုပီတိဖြစ်ရပါတယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က