လက်ရှိမှာတော့ တစ်ယောက်တည်းပါပဲတဲ့။

တစ်ခါတစ်လေ သူများအတွဲတွေကို မြင်ပြီး အားကျမိတာတွေ ရှိတယ်တဲ့။ ဒါပေမယ့်လည်း တစ်ယောက်တည်းနေတဲ့ အားသာ ချက် ကတော့ တဖြည်းဖြည်းနဲ့ Strong ဖြစ်လာတယ်လို့ ဆိုပါတယ်။

Photo : နွေးနွေးချစ်ဖွယ် FB

 

လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ နွေးနွေးချစ်ဖွယ်က အတွဲတွေ မြင်တော့လည်း အားကျမိတာပေါ့တဲ့။ ဒါပေမယ့် တစ်ယောက်တည်း နေတဲ့ အားသာချက်ကတော့တဖြည်းဖြည်းနဲ့ Strong ဖြစ်လာတယ်လို့ သူမက ဆိုပါတယ်။

"တစ်ယောက်တည်းဖြစ်တော့ပိုပြီး စိတ်ချမ်းသာတယ်လို့ ထင်တယ်။ တစ်ခါတစ်လေ သူများအတွဲတွေ မြင်ပြီးတော့လည်း အားကျတော့ပေါ။ တစ်ယောက်တည်းနေတဲ့ အားသာချက်ကတော့ တဖြည်းဖြည်းနဲ့ Strong ဖြစ်လာ တယ်။ ငယ်ငယ်က အားငယ်တဲ့စိတ်တွေက အချိန်ကြာ လာတာနဲ့ အမျှ အားတွေဖြစ်လာတယ်။ကာင်လေးတွေကို မြင်တဲ့အမြင်ကတော့ ချောတယ် ချစ်စရာကောင်းတယ်လေ Six Pack နဲ့ကိတ်ခြောက် လေးတွေရော မကိတ်မခြောက်တွေရော မိုက်တယ်လေ" ဆိုုပြီး  ဇူလိုင်လ ၁၄ ရက်နေ့ညက Cele Club ဆိုင်သစ်ဖွင့်ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo : နွေးနွေးချစ်ဖွယ် FB

 

မိသားစုအတွက် စိတ်ညစ်စရာတွေ ရှိနေတတ်ပေမယ့် ပျော်ပျော်ပဲ နေတတ်တဲ့ သူမဟာ စိတ်ညစ်စရာတွေကို  လိုက်ခံစားနေရင် ကိုယ့်ရဲ့ တက်လမ်းတွေရော ပျော်ရွှင်စရာအချိန်တွေအတွက် နှမြောစရာ ကောင်းတယ်လို့ ဆိုပါတယ်။

'' နွေးက ပျော်ပျော်ပဲနေတယ်၊ မိသားစုတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်စရာလေးတွေက ရှိနေတယ်။ ခေါင်းထဲမှာ ကြာကြာ သိပ်မထားဘူး။ အမြဲတမ်းပျော်နေတယ်၊ ပြုံးနေတယ်။ ဒီစိတ်ညစ်စရာကြီးကို လိုက်ပြီးခံစားပြီးနေရင် ကိုယ့်ရဲ့ တက်လမ်းတွေရော၊ ကိုယ့်ရဲ့ အချိန်တွေရော၊ နှမြောစရာကောင်းတယ်။ဒါပေမယ့် အခုတော့ ပြန်အဆင်ပြေသွားပြီ ဖေဖေ နဲ့လည်း ပြန်ခေါ်သွားပြီ''လို့ ဆိုပါတယ်။

Photo : နွေးနွေးချစ်ဖွယ် FB

၄ လသမီးကတည်းက ဖခင်နဲ့ အတူတူမနေခဲ့ရဘူးဆိုတဲ့ နွေးနွေးချစ်ဖွယ် 

နွေးနွေးချစ်ဖွယ်ဟာ လူရွှင်တော်၊ ဟာသသရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဖခင်မေတ္တာကို လိုအပ်လာ ခဲ့သူ တစ်ယောက်အနေနဲ့ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။ မိသားစုအတူတူမနေရပေမယ့် ပျော်ရွှင်နေနေရကြောင်းကို ဇူလိုင်လ ၁၄ ရက်နေ့ညက Cele Club ဆိုင်သစ်ဖွင့်ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ဖေဖေ နဲ့ကတော့ နွေး ငယ်ငယ်လေးကတည်းက အဖေနဲ့ အမေနဲ့က ကွဲနေတာလေ။ နွေး ၄ လသမီးလောက်မှာ ကွဲကြတယ် ဒါကလည်း နွေးရဲ့ ဘဝပေးကုသိုလ်ကံပေါ့။ လောလောဆယ်တော့ နွေးက အမေနဲ့ အတူနေတာပါ။  မေမေကလည်း နွေးကို စိတ်ချမ်းသာ အောင် ထားတယ်။ တစ်ခုကတော့ မိသားစု စုံစုံညီညီမနေရတာလေး တစ်ခုပါပဲ'' လို့ ဆိုပါတယ်။

Photo : နွေးနွေးချစ်ဖွယ် FB

 

ဖခင်ဖြစ်သူကလည်း အနုပညာသမားတစ်ယောက်ဖြစ်သလို နွေးနွေးချစ်ဖွယ်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာ အလုပ်တွေ လုပ်တဲ့အခါ အတူတူ လက်တွဲအလုပ်လုပ်ဖြစ်တယ်လို့ပြောပါတယ်။ ဒါတွေကလည်း သူ့အတွက် အမှတ်တရတွေဖြစ်ခဲ့တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။

'' အဖေနဲ့ ပထမဦးဆုံးအတူတူလုပ်ဖြစ်တဲ့ အရာကတော့ သီချင်းတွေ သွားဆိုဖြစ်တယ်။ နယ်တွေ ခရီးထွက်ဖြစ်ကြတယ်။ သင်္ကြန်တစ်နှစ်မှ အတူတူ မကျဖူးတဲ့ နှစ်ယောက်က ဒီနှစ်သင်္ကြန်မှာ သီချင်းတွေ အတူတူဆိုဖြစ်တယ်။ အကယ်ဒမီပွဲလည်း အတူတူ တက်ဖြစ်တယ်။ ကိုယ်ကတော့ တစ်ခါမှ မတက်ဖြစ်ပါဘူး။ အဖေနဲ့အတူတူဆုံတိုင်းက အမှတ်တရတွေချည်းပါပဲ''လို့ နွေးနွေးချစ်ဖွယ်က ပြောပါတယ်။

Photo : နွေးနွေးချစ်ဖွယ် FB

 

မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါ တယ်။ နွေးနွေးချစ်ဖွယ်ဟာ အဆိုတော်ယုန်လေးနဲ့ အတူတွဲဆိုခဲ့တဲ့ '' မင်းရဲ့ စိတ်နဲ့'' ဆိုတဲ့ သီချင်းနဲ့လည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါ သေးတယ်။

Share

Loading Next Article...
က္က