ကလေးတွေကို တွေ့တဲ့အချိန်မှာ အရမ်းကို ဝမ်းနည်းခဲ့ရတယ်တဲ့။

သင်ဇာဝင့်ကျော်ဟာ မသန်စွမ်း ကလေးများအတွက် အလှူငွေ (၅)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမအနေနဲ့ မသန်စွမ်း ကလေးများအတွက် လှူဖူးတာ ဒါပထမဆုံးလို့ ဆိုပါတယ်။ နောက်ပိုင်းတွေမှာလည်း ဆက်ပြီး လှူသွားဦးမှာပါတဲ့။



 

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ KANDE သောက်ရေသန့်တို့ ပူးပေါင်းပြီးတော့ ဒီနေ့(သြဂုတ်လ၃ရက်)  နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ကျိုက်ဝိုင်း မသန်းစွမ်းကလေးများ ပြုစုစောင့်ရှောက် ရေးဂေဟာမှာ အလှူငွေများနဲ့ လိုအပ်တာတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

KANDE သောက်ရေသန့်နဲ့ ပူးပေါင်းတဲ့ အလှူမှာလည်း သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အနုပညာငွေကြေးထဲက အလှူငွေ (၅)သိန်းကို မသန်စွမ်း ကလေးများအတွက် လှူဒါန်းခဲ့တယ်တဲ့။

သင်ဇာဝင့်ကျော်အနေနဲ့ မသန်စွမ်းကလေးများကို အခုမှ ပထမဆုံးအကြိမ် လှူဒါန်းဖူးတာလို့ဆိုပါတယ်။

"KANDE သောက်ရေသန့် သင်ဇာတို့ ပူးပေါင်းပြီးတော့ မသန်စွမ်းကလေးတွေအတွက် လှူဒါန်းခဲ့တာပါ။သင်ဇာအနေနဲ့ မသန်စွမ်း မိဘမဲ့ ကလေးတွေကို လှူဖူးတာ ဒါပထမဆုံးပါ။သင်ဇာမွေးနေ့ဆိုရင် နာရေးကူညီမှုအသင်းတို့ ဘုန်းကြီးကျောင်းတို့ကိုလှူဖြစ်တာ များတယ်။ ဒီလိုမျိုးတွေမှာ လှူရကောင်းမှန်းမသိခဲ့ဘူး။ ကလေးတွေကို တွေ့တဲ့အချိန်မှာ အရမ်းကို ဝမ်းနည်းရပါတယ်။ဘာပဲ ဖြစ်ဖြစ် သူတို့လေးတွေ ကိုယ့်ကိုတွေ့တဲ့ ခဏတာအချိန်မှာ ပျော်ကြတဲ့အတွက်လည်း ကိုယ်ကျေနပ်ပါတယ်" လို့ ဒီနေ့ပြုလုပ်တဲ့ပွဲမှာ Duwun Media ကို ဖြေဆိုပေး ခဲ့တာ ဖြစ်ပါတယ်။

 

သူမအနေနဲ့ နောက်ပိုင်းမှာလည်း သူမရဲ့ မွေးနေ့ရောက်တိုင်း မသန်စွမ်း ကလေးတွေအတွက် လှူဒါန်းသွားတော့မယ်လို့လည်း အင်တာဗျူးမှာ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။(၉)လပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

 

ယခုလက်ရှိ ရုံတင်ပြသနေတော့ "တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ"ရုပ်ရှင်ဇာတ်ကားမှာလည်း သူမပါဝင်ထားပါသေးတယ်။ ယင်းဇာတ် ကားမှာ ယခုလက်ရှိမှာ ပရိသတ်အားပေးမှု ရရှိနေတာကိုလည်း တွေ့ရပါတယ်။"တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ" ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူ၊သင်ဇာဝင့်ကျော်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က