မိုးကောင်ကင် အိမ်မက် ရုပ်သံဇာတ်လမ်းတွဲက သူ့အတွက် အအောင်မြင်ဆုံးပါပဲ။

မိုးကောင်းကင်အိမ်မက်ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု အများ ကြီး ရရှိလာတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်က သူ့ရဲ့ အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ်လို့ နေပါတယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့ပေမယ့်လည်း ဒီရုပ်သံဇာတ်လမ်းတွဲက သူ့အတွက်အောင်မြင်မှုအရှိဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khain Facebook

 

မိုးကောင်းကင်အိမ်မက်ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်က သူ့ရဲ့ အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ်လို့နေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း သူလေးစားအားကျရတဲ့ အကယ်ဒမီထက်ထက်မိုးဦးနဲ့ အတူတွဲသရုပ်ဆောင်ခွင့်ရတဲ့ ခံစားချက်ကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။

'' အရင်တုန်းကဆိုရင် မထက်ကို  ကြော်ငြာတွေထဲကနေ အရမ်းကိုအားကျခဲ့ရတာပေါ့၊ အသက်အရွယ်အရ ကြီးတယ်ဆိုပေမယ့်လည်း ကိုယ့် စိတ်ထဲမှာ ကလေး လေးလိုပဲ စကားပြောတာကအစ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ ဒီဇာတ်လမ်းတွဲမှာလည်း သူက အမေခန်း သရုပ် ဆောင် ရပေမယ့် သူ့အိုက်တင်လေးက ချစ်စရာကောင်းတယ်၊ ဘယ်လိုကြည့်ကြည့် သူ့ကို ကလေးလို့ပဲ မြင်တယ်'' လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khain Facebook

 

ပိုးကြာဖြူခင်ကို ဇာတ်လမ်းတွဲမင်းသမီးလို့တောင် ခေါ်လို့ရပါတယ်။ ဇာတ်လမ်းတွဲတော်တော်များများ ရိုက်ကူးခဲ့ပေမယ့်လည်း ''မိုးကောင်း ကင် အိမ်မက်'' ရုပ်သံဇာတ်လမ်းတွဲကတော့ သူ့အတွက်အောင်မြင်မှုအရှိဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်လို့ သြဂုတ်လ ၄ ရက် နေ့က Aroma Fashion Show ပွဲမှာ Duwun Media ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ဇာတ်လမ်းတွဲ လွှင့်တိုင်း လွှင့်တိုင်းမှာ ပရိသတ်တွေက ကိုယ့်ကို ဇာတ်ကောင်နာမည်လေးတွေပဲ ခေါ်ကြတာများတယ်။ ဒါကလည်း ဇာတ်လမ်းတွဲတွေအပေါ် သူတို့ရဲ့ စီးမျောနေမှုပေါ့နော်။ အခုရိုက်နေတဲ့ မိုးအောင်ကင်အိမ်မက် ဇာတ်လမ်းတွဲဆိုရင် ညီမ ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ အားပေးမှုအများဆုံး ဇာတ်လမ်းတွဲလို့ ညီမထင်တယ်'' လို့  သူကဆိုပါတယ်။

Photo: Poe Kyar Phyu Khain Facebook

 

ထက်ထက်မိုးဦး အတွက် အမှတ်တရစကားဆိုလိုက်တဲ့ စိုးမြတ်သူဇာ 

ဇာတ်လမ်းတွဲတွေကတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ ပိုးကြာဖြူခင်က မိုးကောင်ကင် အိမ်မက် ရုပ်သံဇာတ်လမ်းတွဲက နေစပြီး ပရိသတ် အားပေးမှုလည်း ပိုမိုပိုင်ဆိုင်လာပြီဖြစ်ပါတယ်။ အဲ့ဒီနောက် ရိုက်ကူးရေးတွေလည်း ပိုမိုကမ်းလှမ်းလာတာတွေရှိတယ်လို့ Duwun Media ကို ပြောပြလာပါတယ်။

'' ဒီဇာတ်လမ်းတွဲစရိုက်စဉ်ကတည်းက ညီမအတွက် ကံကောင်းစေမယ့် ဇာတ်လမ်းတွဲလေးဖြစ်လိမ့်မယ်လို့လည်း ညီမယုံကြည်ထားတယ်။ ညီမကိုယ်တိုင်လည်း ကြိုးစားထားပါတယ်။ ဒီကြိုးစားမှုအတွက် ပရိသတ်ကြီးက အသိအမှတ်ပြုပေးကြတဲ့ အတွက်လည်း အရမ်းကို ပီတဖြစ်မိပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Poe Kyar Phyu Khain Facebook

 

ပိုးကြာဖြူခင်ကိုတော့ ဝက္င်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က