ဝါသနာတွေကတော့ စုံနေတာပဲ။

အဆိုတော်သားစိုးဟာ သူ့ရဲ့ တစ်ဦးတည်းသော သားလေး ပန်းသီး(ခ) ထက်အာကာစိုးအကြောင်းပြောပြခဲ့ပါတယ်။ ပန်းသီးက အခုဆိုရင် အသက် ၆ နှစ်ရှိပါပြီ။အရွယ်နဲ့ မလိုက်အောင် အနုပညာပိုးပါတဲ့သူ ဖြစ်လို့ ဂီတနဲ့ ပတ်သက်တာတွေ ကို လေ့လာ သင် ယူနေပါတယ်။ အဖေထက် အဆင့်မြှင့်တဲ့ အဆိုတော် မင်းသားလုပ်မယ်လို့လည်း ပြောပါတယ်။

 

အဆိုတော်သားစိုးဟာ သူ့ရဲ့ တစ်ဦးတည်းသော သားလေး ပန်းသီး(ခ) ထက်အာကာစိုးအကြောင်းပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် သားလေး အတွက် သီချင်းတွေလည်း ရေးပေးနေသလို တစ်ကိုယ်တော်တေးစီးရီးထုတ်ပေးဖို့လည်း ပြင်ဆင်နေတယ်လို့ Duwun media ရဲ့ သီးသန့် အင်တာဗျူးမှာ သားစိုးက ပြောပြခဲ့တာပါ။

'' သားသားက ငယ်ငယ်လေးကတည်းက စကားတွေပြောတတ်တယ်။ အခုဆိုရင် သူ့ဘာသာသူ သီချင်းတွေလုပ်နေတယ်။ ပီယာနိုတီးတယ်။ သီချင်းတွေရှိပြီးသားကိုလည်းပြောင်းဆိုခိုင်းတာမျိုးပေါ့။ အခုလည်း သူ့အတွက် သီချင်း ၂ပုဒ်လုပ်ပြီးပါပြီ။ ပန်းသီးက တစ်ကိုယ်တော် အခွေ ထွက်မှာပါ'' လို့ ဖေဖေ သားစိုးကပြောပါတယ်။

 

သားဖြစ်တဲ့ ပန်းသီးက အခုဆိုရင် အသက် ၆ နှစ်ရှိပါပြီ။ သူဟာ အရွယ်နဲ့ မလိုက်အောင် အနုပညာပိုးပါတဲ့သူ ဖြစ်လို့ ဂီတနဲ့ ပတ်သက်တာတွေ ကို လေ့လာသင်ယူနေတယ်လို့ သိရပါတယ်။ ကိုယ်တိုင်လည်း ဂီတအမျိုးအစားတွေကို တီထွင်တတ်တယ်လို့ သားစိုးက ပြောပါတယ်။

'' သူက ပီယာနိုလည်း တီးတတ်တော့ တီးလုံးတွေလည်း သူ့ဘာသာသူ ပြန်ထွင်တယ်၊ စသဖြင့် မျိုးစုံလုပ်ပါတယ်။ သူ့ကိုလည်း မင်းအခွေထုတ် မလားလို့ဆိုတော့ သူက အဆိုတော်မင်းသားဖြစ်ချင်တယ်လို့တော့ ပြောတယ်။ လောလောဆယ် ကျိန်းသေတာကတော့  သူ့အခွေထွက်ဖို့ က တကယ်ပေါ့'' လို့ ဆိုပါတယ်။

 

သားစိုးရဲ့သားလေး ထက်အာကာစိုး (ခေါ်) ပန်းသီးက ၂၀၁၈ ဇူလိုင်လ ၄ ရက်နေ့ကမှ ၆ နှစ် ပြည့်ခဲ့တာပါ။ အရမ်းသွက်ပြီး ချစ်စရာ ကောင်းလွန်းတဲ့ ပန်းသီးလေးကို ပရိသတ်တွေကလည်း ချစ်နေကြပြီ ဖြစ်ပါတယ်။သူ့ရဲ့ ဝါသနာကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

'' အဆိုတော် မင်းသား လုပ်မှာပါ။ ပါပါးထက် အဆင့့်မြင့်ပါတယ်'' ဆိုပြီးတော့ သဘောကျရယ် မောရင်း ပြောပြခဲ့ပါတယ်။ ထက်အာကာစိုး ဟာ အခုဆိုရင် သီချင်းတွေလည်း ကောင်းကောင်း လိုက်ဆိုတတ်နေတာဖြစ်ပြီး ကိုယ်တိုင် ပီယာနိုတီးပြီး သီချင်းပုံစံကို ပြောင်းလဲ သီဆိုတတ် နေပြီလို့လည်း သိရပါတယ်။

 

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က