M ဆိုင်းလုနဲ့ မေဂရေစ့်တို့ကို မပြီး ထိုင်ထလုပ်တဲ့ ဗီဒီယိုဖိုင်လေးက အောင်မြင်ခဲ့ပါတယ်။

မော်ဒယ်၊ သရုပ်ဆောင်ထူးအောင်က မော်ဒယ်ချောချောလေးတွေဖြစ်တဲ့ မေဂရေစ့်နဲ့ Mဆိုင်းလု တို့နှစ်ယောက်ကို ထမ်းပြီး ထိုင်ထ လုပ်နေတဲ့ ဗီဒီယိုဖိုင်က ပရိသတ်ကြားမှာ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကလည်း လွယ်လွယ် လုပ်ဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။



Photo: Htoo Aung Facebook

 

မော်ဒယ်၊ သရုပ်ဆောင်ထူးအောင်က မော်ဒယ်ချောချောလေးတွေဖြစ်တဲ့ မေဂရေစ့်နဲ့ Mဆိုင်းလု တို့နှစ်ယောက်ကို ထမ်းပြီး ထိုင်ထ လုပ်နေတဲ့ ဗီဒီယိုဖိုင်က ပရိသတ်ကြားမှာ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဒီ Challenge လေးကို ရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလည်း Duwun Media ကနေတဆင့်ပြောပြပေးခဲ့ပါတယ်။

'' ဆိုင်းလု နဲ့ကတော့ ခင်တယ်။ မေဂရေစ့်ကကျတော့ အရမ်းလည်းရိုးတယ်၊ ငြိမ်လည်း ငြိမ်တယ်။ ဒါပေမယ့် အကုန်လုံးက အေးအေး ဆေးဆေး ပါပဲ ပျော်စရာကောင်းပါတယ်။ ပေါက်ကရတွေ ထပ်လုပ်ဖို့ရှိတယ်။ ကျွန်တော် စဉ်းစားထားတာတွေတော့ အများကြီးရှိပါတယ်။ ဒီ ဗီဒီယိုကလစ်လေးကလည်း မထင်မှတ်ပဲနဲ့ အောင်မြင်သွားတာပါ'' လို့ ဆိုပါတယ်။

 

မထင်မှတ်ပဲ ရိုက်ခဲ့မိတဲ့ ဗီဒီယိုဖိုင်လေးကြောင့်လည်း ထူးအောင် ရဲ့ လုပ်ဆောင်မှုကို အံ့သြသွားကြတဲ့ ပရိသတ်တွေလည်း များစွာရှိခဲ့ပါတယ်။ Mဆိုင်းလုနဲ့ မေဂရေစ့် တို့နှစ်ယောက်ကို ပုခုံးပေါ်တင်ထားရတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အလေးချိန်ခြင်း မမျှခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

'' ဆိုင်းလူကတော့ ပိုပေါ့ပါတယ်။ အလေးချိန်မျှတမှုကတော့ ပေါင် ၂၄၀၂၅၀ လောက်ပဲရှိပါတယ်။ အကြိမ်အရေအတွက်ကတော့ ၈ ကြိမ်၊ ၁၀ကြိမ်လောက်တော့ ရှိပါတယ်။ ကျွန်တော်လည်း ကျွန်တော်ကြိုက်တဲ့လူရဲ့ Challenge မျိုးလိုက်လုပ်ကြည့်တာပါ'' ဆိုပြီးတော့ Duwun  Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

 

ထူးအောင် လုပ်ပြခဲ့တဲ့ လေ့ကျင့်ခန်းကို လိုက်လုပ်ချင်တဲ့ ယောကျ်ားလေးတွေအတွက်ကိုလည်း လိုအပ်တာလေးတွေ ပြောပြခဲ့ပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကလည်း လွယ်လွယ်လုပ်ဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

'' ဒီ Challenge ကို လုပ်မယ်ဆိုရင် မိန်းကလေးနှစ်ယောက်လိုတယ်။ ဒါမှမဟုတ် ကိုယ်တင်ချင်တဲ့ လူနှစ်ယောက်လိုတယ်။ ဒီ Challenge ကို လုပ်မယ့် ယောကျ်ားလေးက GYM ကစားထားတဲ့ လူဖြစ်မှပေါ့ ပုံမှန်လူဆိုမလုပ်နိုင်ဘူး။ ဒါက ပုံမှန်ထိုင်ထ လုပ်တာမျိုးမဟုတ်ဘူး၊ အောက် ပိုင်းကို အလေးများများနဲ့ ထိုင်လေ့ ထိုင်စ ရှိတဲ့လူမှ အဆင်ပြေမှာ' လို့ ထူးအောင်က ပြောပါတယ်။

Facebook မှာ မွေးနေ့မှားနေတဲ့အတွက် ပရိသတ်ကို တောင်းပန်လိုက်တဲ့ ထူးအောင် 

 

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က