Innocence ဇာတ်လမ်းတွဲကို မရိုက်ဖြစ်တော့ပါဘူး။

Innocence ဇာတ်လမ်းတွဲ ထဲမှာ မြူခိုး ကာရိုက်တာနဲ့ ပါဝင်ဖို့ ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ထက်ဦးထွဋ်က အခုဆိုရင် ဒီဇာတ်လမ်းတွဲ မရိုက်ဖြစ်တော့တဲ့အကြောင်း ဖွင့်ပြောလာပါတယ်။ ဒီလိုထွက်သွားတာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မုန်းတီးမှုတွေကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

 

 Innocence ဇာတ်လမ်းတွဲ ထဲမှာ မြူခိုး ကာရိုက်တာနဲ့ ပါဝင်ဖို့ ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ထက်ဦးထွဋ်က အခုဆိုရင် ဒီဇာတ်လမ်းတွဲ မရိုက်ဖြစ်တော့တဲ့အကြောင်း ဖွင့်ပြောလာပါတယ်။ သူ့အနေနဲ့ အထင်လွဲနေကြတဲ့ ပရိသတ်တွေကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျုးကနေ ရှင်းပြခဲ့ပါတယ်။

'' Innocence ဇာတ်လမ်းတွဲမရိုက်ဖြစ်တော့တာကလည်း ပထမ Production တစ်ခုနဲ့ စာချုပ်ချုပ်တယ်။ Production အပိုင်းကလည်း တချို့ စာချုပ်ထဲက အတိုင်း လိုက်မလုပ်နိုင်ဘူး၊ သူတို့ဘက်ကစပြီး စာချုပ်ဖြတ်မယ် ဆိုတာနဲ့ ကျွန်တော့်ဘက်ကလည်း ဖြတ်ဖြစ်သွားတာပါ'' လို့ ထက်ဦးထွဋ်က ပြောပါတယ်။

 

အခက်အခဲတစ်စုံတစ်ရာကြောင့်  Innocence ဇာတ်လမ်းတွဲမှာ မပါဝင်ဖြစ်တော့တဲ့ ထက်ဦးထွဋ်က ပစ္စလတ်ခတ် ထွက်သွားတာ မဟုတ်ပါ ဘူးတဲ့။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ချင်တဲ့ စိတ်ရင်းလည်းရှိခဲ့သလို၊ မြူခိုး ကာရိုက်တာအတွက်လည်း အကောင်းဆုံး ကြိုးစားချင် တာကြောင့် သေသေချာချာ အာရုံစူးစိုက်ခဲ့သေးတယ်လို့ သူကပြောပါတယ်။

'' ကျွန်တော်က ပစ္စလက်ခတ် ထွက်သွားတယ်လို့လည်း ပြောကြတယ်။ ဒါကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လေ ကျွန်တော်ကိုယ်တိုင် ကလည်းမလုပ်ချင်လို့မဟုတ်ဘူး၊ ဒီဝတ္ထုအတွက်ကို စိတ်နှစ်ပြီးတော့ အာရုံစိုက်ပြီးနေခဲ့ပေးတယ်၊ နောက်ထပ် ထုတ်လုပ်ရေးအပိုင်းနဲ့ တခြား အပိုင်းတွေမှာ ဆက်ရိုက်မရိုက် ဆိုပြီး အဆင်မပြေမှုတွေရှိလာတာကြောင့် ထွက်လိုက်တာပါ'' လို့ ဆိုပါတယ်။

Innocence ဇာတ်လမ်းတွဲထဲကနေ နှုတ်ထွက်ခဲ့တဲ့ ထက်ဦးထွဋ် 

ထက်ဦးထွဋ်ဟာ Innocence ဇာတ်လမ်းတွဲကို ရုတ်တရက် မရိုက်ဖြစ်တော့ဘူးဆိုတာကို သြဂုတ်လ ၁၄ ရက်နေ့က တရားဝင်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုထွက်သွားတာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မုန်းတီးမှုတွေကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက်လည်း သူ့အနေနဲ့ ပြောစရာ စကားမရှိအောင်ပါပဲလို့ ပြောပါတယ်။

'' တချို့ကျတော့လည်း အားပေးကြတယ်၊ တချို့ကျတော့လည်း မုန်းပြီးတော့ ပြောသွားကြတယ်။ ဒီလိုပဲ ကောင်းတာဆိုးတာကတော့ ရှိမှာ ပဲလေ။ အဲ့ဒါတွေအတွက်လည်း ကျွန်တော် ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်ကို အတူတူမြင်ချင်ကြ တယ်။ ကျွန်တော် ထွက် သွားတာကိုလည်း တခြားကိစ္စတွေကြောင့်လို့ ပြောကြတာတွေရှိပါတယ်။ ပြီးတော့ သူတို့ ကြိုက်လို့ လက်ခံထားတဲ့ ဒီ လူနှစ်ယောက်မှာ ကျွန်တော်က ထွက်သွားတယ်ဆိုတော့ သူတို့ ပြောချင်လည်း ပြောလို့ရပါတယ်'' လို့ သူကဆိုပါတယ်။

 

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ Innocence ဇာတ်လမ်းတွဲကိုတော့ မြူခိုး ဇာတ်ကောင်နေရာ အတွက် ရွေးချယ်မှု လုပ်ရတော့မှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က