သဝန်တိုတာ ချစ်လို့ပဲလေ။

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးက ပျော်ရွှင်ဖို့ကောင်းလှပါတယ်။ ချစ်သူက သဝန်တို တတ်ပေမယ့်လည်း အဲ့ဒါကို အပြစ်မမြင်တတ်တဲ့ နန်းဆုရတီစိုးက သဝန်တိုတတ်တာလေးကလည်း ကောင်းပါတယ်တဲ့။ သဝန်တို တတ်လွန်းတဲ့ ချစ်သူလေးကို နာမည်ပြောင်လေးတောင် ပေးလိုက်သေးတယ်နော်။

Photo : နန်းဆုရတီစိုး


အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်းလှပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်ဖိုု့ကောင်းတဲ့ သူတို့အတွဲလေးမှာ G Fattက နန်းဆုအပေါ်မှာ အရမ်းကို သဝန်တို တတ် သူဖြစ်ပါတယ်။

 

အဲ့လို သဝန်တိုတတ်ပေမယ့်လည်း နန်းဆုက သဝန်တိုတာလည်း ကောင်းပါတယ်တဲ့။

"သူက အရမ်း ရစ်တတ်တာ။ ကိုယ်က မရစ်တတ်ဘူး။ သူက အေးဂယက်လေ။ သူက အရမ်းသဝန်တိုတတ်တယ်လေ။ သူလည်းအမြဲတမ်း ဖြေနေတာပဲ။ကိုယ်ကကျတော့လည်း သူက အရမ်းသဝန်တိုတော့ ကိုယ်လည်းတိုချင်သွားရော။ အဲ့တော့ ကိုယ်လည်း လိုက်ပြီး တိုပြမယ်ဆိုပြီး ကိုယ်ပါ သဝန်တိုတတ်သွားတာပါ။ဒါပေမယ့် သဝန်တိုတာ ကောင်းပါတယ်နော်။ ဘာလို့လည်းဆိုတော့ ချစ်မှ တိုတာလေ" ဆိုပြီး သြဂုတ်လ(၁၉) ရက်နေ့က ပြုလုပ်တဲ့ Rene Fashion ဆိုင်သစ်ဖွင့်ပွဲသို့ တက်ရောက်ရင်း Duwun Media မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

 

အခုချိန်ထိ နုပျိုနေတာကလည်း အချစ်ကြောင့်နေမှာပါတဲ့။ သူတို့ရဲ့ စုံတွဲလေးမှာ အချိန်အတော်ကြာ စိတ်ဆိုးစိတ်ကောက်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

"G Fatt စိတ်ဆိုးစိတ်ကောက်တဲ့အခါ မသိချင်ယောင် ဆောင်လိုက်တယ်။ သူစိတ်ဆိုးရင် သူချော့ ကိုယ်စိတ်ဆိုးလည်း သူချော့ ဒါပဲ။ နောက် တာပါ။ တစ်ယောက်နဲ့တစ်ယောက်က အနိုင်ကျင့်တာလည်းမရှိဘူး စိတ်ဆိုးအောင် တမင်လုပ်တာတွေ အနိုင်ကျင့်တာတွေ မရှိဘူးဒါပေမယ့် တစ်ယောက်အရမ်းစိတ်ဆိုးနေရင်တစ်ယောက်က ချော့လိုက်တာပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ပဲ ယူတာ စိတ်ဆိုးလည်း အရမ်းအကြာကြီးလည်း မဟုတ်ဘူးလေ။ စိတ်ဆိုးလည်း တစ်ရက်က အလွန်ဆုံးပဲ" ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : နန်းဆုရတီစိုး

ပုဂံရောက်နေကြတဲ့ G Fatt နဲ့ နန်းဆုရတီစိုး 

သူတို့နှစ်ယောက်ပူးပေါင်းပြီး ဖန်တီးထားတဲ့ အနုပညာလေးတွေ အောင်မြင်တဲ့အတွက်လည်း ပြောမပြတတ်အောင် ပျော်မိတယ်တဲ့။ နှစ် ယောက်လုပ်တဲ့ အနုပညာအလုပ်တွေကို အသိအမှတ်ပြုပြီး အားပေးကြတဲ့အတွက်လည်း အရမ်းကို ဝမ်းသာတယ်ဆိုပြီး သူမက ပြောပြထား ပါသေးတယ်။

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာ ချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။

Photo : နန်းဆုရတီစိုး


နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက် တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

 

Share

Loading Next Article...
က္က