နာမည်လေးကလည်း တကယ်ကို ချစ်စရာလေးပါ။

ရွှေမှုံရတီကိုတော့ ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဘင်လာခင် ဆိုတဲ့ ဓားပြဗိုလ်မလေးအဖြစ် ပါဝင်သရုပ် ဆောင် ထားတာ တွေ့ရ မှာပါ။ ဒီဇာတ်ကားထဲက ကာရိုက်တာအတွက် ရွှေမှုံရတီရဲ့ ပြင်ဆင်မှုတွေကလည်း အရမ်းကို လိုက် ဖက်လွန်း ပါတယ်။



Photo: Hee Hee harr harr page

 

သရုပ်ဆောင် ရွှေမှုံရတီပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ဆက်တိုက်ဆိုသလို ရုံတင်ပြသနေတာဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားထဲမှာ ဓားပြဗိုလ်မလေး ဘင်လာခင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ ဘင်လာခင် ဆိုတဲ့ ဓားပြဗိုလ်မလေး နေရာက သရုပ်ဆောင်ထားတယ်ပေါ့နော်။ ဒီ ကာရိုက်တာကလည်း သဲရဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ မရိုက်ဖူးတဲ့ ဇာတ်ကားပါ။ ပြီးတော့ ကာရိုက်တာလေးကလည်း ဒါက ပထမဆုံးပဲ။ ထပ်ရိုက်ထားတာ လည်း မရှိဘူး'' လို့ ဆိုပါတယ်။

Photo: Hee Hee harr harr page

 

ဓားပြဗိုလ်မလေး ဘင်လာခင် အဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာအပေါ်မှာလည်း ရွှေမှုံရတီက သဘောကျ နှစ်သက်ခဲ့တယ်လို့ သိရပါ တယ်။ ဒါရိုက်တာ ကမ်းလှမ်းတဲ့ ကာရိုက်တာလေးကိုလည်း နှစ်သက်သလို ဆရာတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မြင့်မြတ်နဲ့ အတူ ပါဝင် ရမှာ ဖြစ်တာကြောင့် ငြင်းခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

'' ကိုပြည်ဟိန်း နေရာချပေးထားတဲ့ ကာရိုက်တာက တော်တော်မိုက်တော့ သဲလည်း လုပ်ရတာ အဆင်ပြေတယ်။ ဗရမ်းပတာလေးတွေ လုပ်ရ တယ် ပြီးတော့ ဟာသလေးတွေ လုပ်ရတယ် ပြီးတော့ ကိုမြင့်မြတ်နဲ့ ဆိုတော့ ငြင်းစရာကို မရှိဘူး။ ဒီလိုဇာတ်ကားမျိုး ရိုက်ရတာ ပျော်လည်း ပျော်တယ်'' လို့ သူကပြောပါတယ်။

Photo: Hee Hee harr harr page

၅၂၈ မေတ္တာ အနမ်းနဲ့လည်း နမ်းလို့ရတယ်လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

ဇာတ်ကားထဲက ကာရိုက်တာနဲ့ လိုက်ဖက်အောင် ရွှေမှုံရတီရဲ့ ဆံပင်စတိုင်လ်လေးကလည်း ထူးခြားပါတယ်။ ဆံပင်အရှည် အကြေ ကောက်ပုံ စံလေးကို အနောက်စုပြီး စည်းလိုက်တော့ ရွှေမှုံနဲ့ အရမ်းကို လိုက်ဖက်ခဲ့ပါတယ်။ ကာရိုက်တာအတွက် ပြင်ဆင်ထားတဲ့ ရွှေမှုံရဲ့  ဖက်ရှင် တွေ ကြောင့်လည်း ဓားပြဗိုလ်မလေးရဲ့ ကာရိုက်တာက အရမ်းကို ပြည့်စုံနေပါတယ်။

'' ကာရိုက်တာနဲ့ ဆံပင်ပုံစံ ချိန်းထားတဲ့ အချိန်ကလည်း တိုက်ဆိုင်သွားတာပါ။ အဲ့ဒီ ဆံပင်ပုံစံ ပြောင်းပြီး ၃ လ ၄ လလောက်ပဲ ကြာတယ် ဒီဇာတ်ကားအတွက် လာ ကမ်းလှမ်းတယ်။ အဲ့ဒါနဲ့ အဲ့ဒီ ဆံပင်ပုံစံဆက်ထားရင်းနဲ့ဘဲ ရိုက်ဖြစ်သွားတာပါ'' ဆိုပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့ မနက်က ဟီးဟီးဟားဟား ရုပ်ရှင်အထူးပြသပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Hee Hee harr harr page

 

ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၃၁ ရက်နေ့ ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ က ပုံဖော်ရိုက်ကူးထား တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ မြင့်မြတ်၊ ရွှေမှုံရတီ၊ တက္ကသိုလ် ဂွမ်းပုံ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က