တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။

မြန်မာပြည်သိန်းတန်တဲ့ ဇနီးဖြစ်သူ တေးချစ်သူတို့ဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ ဖြိုးမြတ်အောင်နဲ့ အတူတူ အလှူအတန်းတွေ လုပ် ခဲ့ရလို့ ဝမ်းသာကျေနပ်နေကြပါတယ်။

Photo: We Love Phyo Myat Aung

 

အဆိုတော် မြန်မာပြည်သိန်းတန်နဲ့ သူ့ရဲ့ ဇနီးတေးချစ်သူတို့ဟာ Myanmar idol Season 3 ရဲ့ winner ဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောင်တို့ ရွာကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့အတူ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ နေရာဒေသတချို့မှာလည်း အလှူအတန်းတွေ အတူတူဆောင်ရွက်ခဲ့ကြတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဇလွန်မှာ ရွှေသင်္က္ကန်းကပ်တယ်၊ လှူလည်း လှူခဲ့တယ်၊ ရွှေဂူကြီး ဘုရားမှာလည်း ကျောင်း လှူခဲ့တယ်။ ပြီးတော့ ဒူတင်ဆရာတော်ဘုရား ကြီး ကိုလည်း လှူခဲ့ရတယ်၊ ဖူးခဲ့ရပါတယ်။ ဆရာတော်ကြီးရဲ့ သြဝါဒတွေလည်း ရခဲ့ပါတယ်။ အလှူ အတန်းလုပ်ရတာကတော့ အန်ကယ်တို့ နှစ် ယောက်အတွက် စိတ်ဆန္ဒပြင်းပြရတဲ့ ကိစ္စပါဘဲလေ'' ဆိုပြီးတော့ မြန်မာပြည်သိန်းတန်နဲ့ ဇနီးတေးချစ်သူတို့ က ပြောပြခဲ့ပါတယ်။

Photo: We Love Phyo Myat Aung

 

ဇနီးမောင်နှံ နှစ်ဦးတွဲပြီး အလှူအတန်းတွေ ဆောင်ရွက်ရတဲ့ အပေါ်မှာလည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ မြန်မာပြည်သိန်းတန်က ပြောပါ တယ်။ အလှူအတန်းလုပ်တိုင်းလည်း ပရိသတ်တွေအတွက် ရည်ရွယ်ပြီး မေတ္တာပို့ပေးတယ် ဆိုတာကို သြဂုတ်လ ၂၇ ရက်နေ့က အောင် ဆန်းကွင်းမှာပြုလုပ်တဲ့ ချစ်ကြည်ရေးဘောလုံးပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။

'' ဟိုးဘဝအဆက်ဆက်က အထုံကြောင့်လည်း အန်ကယ်တို့ကို အခုချိန်မှာ တစ်တိုင်းပြည်လုံးရဲ့ မေတ္တာထားခြင်းကို ခံရခြင်းဖြစ်ပါတယ်။ အလှူအတန်းတွေ လုပ်တဲ့အခါမှာလည်း ဝေနေယသတ္တဝါ အကုန်လုံးကို မေတ္တာပို့ပါတယ်။ ကျေးဇူးတင်စကားတွေလည်း ပြောတယ်။ အမျှ အတန်းတွေလည်း ပေးပါတယ်'' လို့ သူကဆိုပါတယ်။

Photo: We Love Phyo Myat Aung

 

Myanmar idol season 3 ရဲ့ Winner ဆုကနေ ရရှိလာတဲ့ ငွေကြေးတွေနဲ့ အလှူအတန်းတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ အကြောင်းကိုလည်း မြန်မာပြည်သိန်းတန်က ပြောပြလာပါတယ်။

'' ဒီကလေးကို အန်ကယ်တို့ ဖော်ထုတ်ပေးလိုက်တဲ့အချိန်မှာ သူက ဘာသာ သာသနာကိုပါ ဘဝအဆက်ဆက်က အထုံပါတဲ့ ကလေးဖြစ်နေ တော့ ဒါဟာ အတိုင်းထက်အလွန်ပဲ တန်ဖိုးပိုကြီးသွားတယ်။ တစ်တိုင်းပြည်လုံးကသာမက နိုင်ငံခြားက ပရိသတ်တွေကပါ သူ့ဆီကို အလှူ အတန်းလုပ်ဖို့ ငွေကြေးတွေ ပို့တော့တာပဲ၊ သူကလည်း အလှူလုပ်တော့တာပဲ'' လို့ ဆိုပါတယ်။

ဘုရားထီးတင်ဖို့ ဆောင်ရွက်နေပြီဖြစ်တဲ့ ဖြိုးမြတ်အောင် 

Photo: We Love Phyo Myat Aung

 

မြန်မာပြည်သိန်းတန် ဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံ နှစ်ဦးစလုံး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ အခုလက်ရှိရုံတင်နေတဲ့ အဆိုတော်တွေ နေတဲ့ ရွာ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

 

Share

Loading Next Article...
က္က