အခုအော်ဂနိုင်ဇေးရှင်းနဲ့ အလုပ်လုပ်ရတာ အဆင်ပြေတယ်။

ရွှေအိမ်စည် တစ်ယောက်  ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့်  Miss Supranational 2018 ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ အတွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲအတွက်ကိုတော့ MGLM Organazation နဲ့ တိုင်ပင်ပြီး အဆင်ပြေပြေ ဆောင်ရွက် နေတယ် လို့ ဆိုပါတယ်။

 

Miss Golden Land Myanmar 2018 သရဖူဆုကြီးကို ပူပူနွေးနွေး ရရှိထားတဲ့ အလှမယ်လေးရွှေအိမ်စည်က ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကို ဒီဇင်ဘာလအတွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အကြောင်း ကို လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ၁၁ လပိုင်းမှာ Camp စဝင်ရမယ်။ ပြိုင်ရမယ့် နိုင်ငံကတော့ ပိုလန်နိုင်ငံပေါ့နော်။ ပြိုင်ပွဲကတော့ ၆ ရက်၊ ၇ ရက်လား မသိဘူး။ ဒါပေမယ့် ၁၁ လပိုင်းမှာ အရင်သွားနှင့်ရမယ်။ ပြင်ဆင်မှုအနေနဲ့ကတော့ အဓိက ဖက်ရှင်အပိုင်းဆိုင်ရာမှာ အရမ်းကို မိုက်နေစေချင်တယ်။ Evening Grown တွေ ကိုလည်း ကြည့်လိုက်ရင် ဝါး လို့ ဖြစ်နေမယ့် အရာမျိုးလေးတွေပြင်ဆင်နေပါတယ်'' လို့ ဆိုပါတယ်။

 

အရင်တုန်းကတော့ အလှမယ်ဆု ရခဲ့ပြီးမှ Organazational နဲ့ ပဋိပက္ခတွေရှိခဲ့တာကြောင့် ပြည်ပ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် ခွင့် ဆုံးရှုံးခဲ့ ရပါတယ်။ အခုချိန်မှာတော့ MGLM Organazation နဲ့ အတူအဆင်ပြေမှုရှိပြီး  ပြိုင်ပွဲအတွက် ပြင်ဆင်နေရတာတွေက အခက်အခဲ မရှိဘူးလို့ စက်တင်ဘာလ ၄ ရက်နေ့က Palmolive 2018 ပြိုင်ပွဲ ကျင်းပပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ဖြေဆိုခဲ့ပါတယ်။

''Different ကတော့ တော်တော်လေးများတာပေါ့။ အဲ့ဒီတုန်းက ပြိုင်ပွဲကိုလည်း အိမ်စည်က တော်တော်လေးကွာခြားခဲ့မှန်း မစဉ်းစားမိ ခဲ့ဘူး။ ဒါပေမယ့် ဒီ Orginazation ကို ရောက်လာတဲ့အခါမှာ MGLM နဲ့ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်။ အိမ်စည် အဲ့ဒါပဲ ပြောချင်တယ်။ တခြား ဘယ်သူနဲ့မှ မတူဘူး။ အရမ်း Supporting ပေးတယ်။ သူတို့က နည်းနည်းလေးတွန်း တာနဲ့ ကိုယ်က များများလေး အပေါ်ရောက်သွားတယ် ဆိုတော့ ဒါဟာ Positive Comeback တွေပေါ့နော်'' လို့ သူကဆိုပါတယ်။

ပြိုင်ပွဲအတွက် အဝတ်အစားပိုင်း အခက်အခဲရှိမယ်ဆိုတဲ့ ရွှေအိမ်စည် 

Miss Supranational 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် ရွှေအိမ်စည် အတွက်ကိုတော့ အကောင်းဆုံးဖြစ်ဖို့ ပရိသတ်တွေရော၊ Organa zation က ပါ အားပေးနေကြတာကို တွေ့ရပါတယ်။ အဲ့ဒါကိုလည်း ဖိစီးမှုတစ်ခုလို့ မမြင်ပဲ ရွှေအိမ်စည်က ကြိုးစားသွားမယ်လို့ ဆက်လက် ပြော ပြခဲ့ပါတယ်။

'' သူတို့တွေ ခန့်မှန်းပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အရေးမပါသေးဘူး။ တကယ်တမ်းကျတော့ ကိုယ့်ကို တောင်မမြင်ရသေးဘူး။ ကိုယ်လည်း Camp တောင် မဝင်ရသေးဘူးဆိုတော့ ကိုယ့်ရဲ့ Activity ရယ်၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာပဲ ချမှတ် ထားတဲ့ Result လေးတွေပေါ့။ အိမ်စည်လည်း ကြိုးစားနေပါတယ်''  လို့ ဆိုပါတယ်။

Photo: Miss GoldenLand

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က