ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာပါ။

Miss Golden Land Myanmar 2018 အလှမယ်ရွေးချယ်ပွဲကနေ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံတကာ ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မယ့် Winner ဆုရှင် ရွှေအိမ်စည်က ဆွတ်ခူးရရှိခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

Photo: Miss golden Land Myanmar Page

 

Miss Golden Land Myanmar 2018 အလှမယ်ရွေးချယ်ပွဲကနေ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံတကာ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် Winner ဆုရှင် ရွှေအိမ်စည်က ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို တိုင်းနယ် ပြည်နယ် အသီးသီးက ကိုယ်စားပြုအလှမယ် အယောက် ၂၀ ပါဝင် ယှဉ်ပြိုင်ကြတာဖြစ်ပြီး သူကတော့ ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ်အဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Miss golden Land Myanmar Page

 

Miss Golden Land Myanmar 2018 Winner ဆုကို အသက်(၁၉)နှစ်သာရှိသေးတဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ် ရွှေအိမ်စည် က ရရှိပိုင်ဆိုင်ခဲ့ပြီး 1st Runner Up ဆု ကိုတော့  ရှမ်းပြည်နယ် ကိုယ်စားပြု အလှမယ် အယ်လီနာဝင်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 2nd Runner Up ဆုကိုတော့ ရန်ကုန်ကိုယ်စားပြု အလှမယ် စောနန်းချယ်ရီက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Miss golden Land Myanmar Page

 

ရွှေအိမ်စည်ကတော့ ၂၀၁၈ ခုနှစ် ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Photo: Miss golden Land Myanmar Page

 

ရွှေအိမ်စည်ဟာရခိုင်ဒေသမှာ ကြုံတွေ့နေရတဲ့ ဖြစ်စဉ်များအပါအဝင် ၂၀၁၆ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ လူဝင်မှု ကြီးကြပ်ရေး အမှုထမ်းများကို အကြမ်းဖက် လှုပ်ရှားသူ များ တိုက်ခိုက်တဲ့ အကြောင်းကို ရခိုင်ဒေသ ပုံရိပ်များကို လည်း ဗီဒီယိုဖိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ဖူးပါတယ်။

Miss Golden Land Myanmar ပြိုင်ပွဲဝင်အဖြစ် တွေ့ရမယ့်ရွှေအိမ်စည်  

Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးရဲ့ Grand Final ပွဲကိုတော့ သြဂုတ်လ ၁၄ ရက်နေ့ညက တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြု လုပ်ခဲ့တာဖြစ်ပါတယ်။  ပြိုင်နေချိန်အတွင်းမှာလည်း သူ့အတွက် အများကြီး မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစား သွားမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က