အမှတ်တရတွေထဲက တစ်ခုပေါ့။

စံရတီမိုးမြင့်က သူငယ်ငယ်က ရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးကို ပရိသတ်တွေ သိအောင် ကြွားပြလိုက်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦး အဖြစ် ဆောင် ရွက်နေရတယ်လို့ သိရပါတယ်။

Photo: Sanyati Moe Myint Facebook

 

စံရတီမိုးမြင့်က သူငယ်ငယ်က ရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးကို ပရိသတ်တွေ သိအောင် ကြွားပြလိုက်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ချစ်စရာ ကလေးလေး က သူ့အဖေ ပုခုံးပေါ် တက်ပြီး လျှောက်သွားခွင့်ရလို့ လျှာလေး ထုတ်ပြီး ကြွားနေတဲ့ ပုံစံလေးဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးနဲ့ ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလို ရေးသားထားပါတယ်။

'' ပုံကပျက်ဆီးနေပြီ။ ဒါပေမယ့်ချစ်လို့။ အဖေ့ပုခုံးပေါ်မှာ ငယ်ငယ်တုန်းကအပြင်သွားရင် အဖေက ပခုံးပေါ်တင်ပြီးချီသွားနေကြ။ ပြန်မရ နိုင်တော့တဲ့အတိတ်ထဲကတစ်ခု'' ဆိုပြီးတော့ သူငယ်ငယ်တုန်းက ဖခင်ဖြစ်သူက ပုခုံးပေါ် ချီသွားတဲ့ ဓာတ်ပုံဟောင်းလေးကို တင်ရင်း စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Sanyati Moe Myint Facebook

ပရိသတ်တွေနဲ့ အလှူလုပ်မယ့် သရုပ်ဆောင်နေဒွေး  

စံရတီမိုးမြင့်ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ကျန်းမာရေးချုချာမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်နေရ သလို ခဏတာဖျားနာတာမျိုးမဟုတ်ဘဲ တစ်သက်လုံး ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုတစိုက်နေရမယ့်အပိုင်းမျိုးလေးတွေလည်း ရှိတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

 

စံရတီမိုးမြင့်ဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။

Photo: Sanyati Moe Myint Facebook

 

သူ့ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်က စပြီး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ မကြာခဏဆိုသလို ရိုက်ကူး ရေး တွေ လုပ်နေတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်ကို ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် စတင် သိရှိ လာတာဖြစ်ပါတယ်။ ခပ်စွာစွာ ကောင်မလေး ကာရိုက်တာတွေကလည်း သူနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။

Share

Loading Next Article...
က္က